Healthy Life Ad
Health Tips

ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် အားကောင်းစေမည့် ယောဂကျင့်စဉ်

၊ ကိုထက်

ဒီယောဂကျင့်စဉ်ကို ပုံမှန်ပြုလုပ်ပေးတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ခန္ဓာကိုယ်သွယ်လျ ကျန်းမာစေပါတယ်။

1e
(၁)ယောဂဖျာပေါ် မတ်တတ်ရပ်ပါ
မတ်မတ်ရပ်ကာ လက်နှစ်ဖက်ကို ဘေးဘက်သို့ ဖြေလျှော့ချထားပါ။

2e
(၂) လက်မြှောက်ရင်း အသက်ရှူသွင်းပါ
လက်ကို ဦးခေါင်းအထက်မြှင့်ပြီး အသက်ရှူသွင်းရင်း ခါးကိုနောက်ဘက် အနည်းငယ်ကော့လိုက်ပါ။

EE3
(၃) ရှေ့ကိုင်းပြီး အသက်ရှူထုတ်ပါ
ခန္ဓာကိုယ်ကို ရှေ့ဘက်ကိုင်းပြီး အသက်ရှူထုတ်ပေးပါ။

EE1
(၄) ဘယ်ခြေထောက် ဆန့်ထုတ်ပါ
အဲဒီအနေအထားမှာပဲ လက်နှစ်ဘက်ကို ယောဂဖျာပေါ် ထောက်ပြီး ဘယ်ခြေထောက်ကို နောက်ဘက်ဆန့်ထုတ်ရင်း အသက်ရှူသွင်းပါ။

EE2
(၅) ညာခြေထောက် ဆန့်ထုတ်ပါ
ညာခြေထောက်ကိုပါ နောက်ဘက် ဆန့်ထုတ်ရင်း အသက်ရှူထုတ်ပါ။

exercise6
(၆) ဒိုက်ထိုးပါ
ပြီးရင် အသက်ရှူသွင်းရင်း ဒိုက်ထိုးလိုက်ပါ။

exercise7
(၇) ရင်ကော့ပါ
ပခုံးတွေကို နောက်ဘက်ဆွဲမတ်ရင်း ရင်ကိုဖွင့်ကာ အသက်ရှူထုတ်လိုက်ပါ။
ပြီးရင် ခြေချောင်းလေးတွေကို ဆန့်ထုတ်ပြီး အသက်ရှူသွင်းပေးပါ။

exercise8
(၈) တြိဂံပုံစံနေပါ
မတ်မတ်ရပ်ပြီး ပုံမှာပြထားတဲ့အတိုင်း ခန္ဓာကိုယ်ကို တြိဂံပုံစံအတိုင်း နေပါ။ အဲဒီအချိန်မှာ အသက်ရှူထုတ် ပေးရပါမယ်။

exercise9
(၉) ဘယ်ခြေထောက်ကို မြှောက်ပါ
အဲဒီအနေအထားမှာပဲ ဘယ်ဘက်ခြေထောက်ကို မြှောက်ရင်း အသက်ရှူသွင်းပေးပါ။

EE1
(၁၀) ဘယ်ခြေထောက် ဆန့်ထုတ်ရင်း အသက်ရှူထုတ်ပါ
ပြီးရင် လက်နှစ်ဘက်ကို ယောဂဖျာပေါ် ထောက်ပြီး ညာခြေထောက်ကို ရင်ဘတ်ဆီကွေးကာ ဘယ်ခြေထောက်ကို နောက်ဘက်ဆန့်ထုတ်ရင်း အသက်ရှူထုတ်ပါ။

EE3
(၁၁) အသက်ရှူထုတ်ပါ
ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပြီး အသက်ရှူသွင်းပေးပါ။ ပြီးရင် ရှေ့ဘက်ကွေးကာ အသက်ရှူထုတ်လိုက်ပါ။

2e
(၁၂) လက်နှစ်ဖက်မြှောက်ပြီး အသက်ရှူသွင်းပါ
လက်နှစ်ဖက်ကို ဦးခေါင်းအထက်မြှင့်ပြီး အသက်ရှူသွင်းရင်း ခါးကို နောက်ဘက်အနည်းငယ် ကော့လိုက်ပါ။ ဒီကျင့်စဉ်တွေ အားလုံးပြီးသွားတဲ့အခါ မတ်မတ်ရပ်ပြီး လက်နှစ်ဖက်ကို ဘေးဘက်သို့ ဖြေလျှော့ချထားရမှာ ဖြစ်ပါတယ်။

(Ref ; HD)

Most Popular

Healthy Life Ad
To Top