Healthy Life Ad
Health Tips

သစ်သီးကို မဖြစ်မနေ စားသင့်သည့် နောက်ထပ်အကြောင်းပြချက်များ

၊ လရိပ်မေ ၊
“တစ်နေ့ ပန်းသီးတစ်လုံး စားပေးရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်”ဆိုတဲ့စကား သင်ကြားဖူးမှာပါ။ တကယ်တော့ သစ်သီးကို မဖြစ်မနေ စားသင့်တဲ့ တခြားအကြောင်းပြချက်တွေ ရှိနေပါတယ်။
a1
– စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီး စားတာကြောင့် ကင်ဆာနဲ့ အိုမင်းမှုကို သိသိသာသာ တွန်းလှန် ပေးနိုင်ပါတယ်။
a2
– ငှက်ပျောသီး
ငှက်ပျောသီးဟာ စွမ်းအင် ပေးနိုင်တဲ့အတွက် အားကစားသမားတွေအတွက် ကောင်းမွန်ပါတယ်။
a7
– ချယ်ရီသီး
ချယ်ရီသီးက အာရုံကြောစနစ်ကို တည်ငြိမ်စေပါတယ်။
a6
– စပျစ်သီး
စပျစ်သီးက သွေးကြောတွေကို ကျန်းမာ ပျော့ပျောင်းစေပါတယ်။
a5
– နာနတ်သီး
နာနတ်သီးက အဆစ်ရောင်နာကို တွန်းလှန်ပေး နိုင်ပါတယ်။
a11
– ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးက နှလုံးကို မထိခိုက်အောင် ကာကွယ် ပေးပါတယ်။
a4
– မက်မွန်သီး
မက်မွန်သီးမှာ ပိုတက်စီယမ်၊ ဖလိုရိုက်နဲ့ သံဓာတ်တို့ များစွာ ပါဝင်နေပါတယ်။
a12
– ပန်းသီး
ပန်းသီးဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ကူးစက်ပိုးတွေကို တွန်းလှန် ပေးနိုင်ပါတယ်။
a8
– ကီဝီသီး
ကီဝီသီးက အရိုးထုထည်ကို အားကောင်းစေပါတယ်။
a113
– သရက်သီး
သရက်သီးဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
a9
– ဖရဲသီး
ဖရဲသီးက နှလုံးခုန်နှုန်းကို ထိန်းချုပ် ပေးနိုင်ပါတယ်။
a3
– လိမ္မော်သီး
လိမ္မော်သီးဟာ အသားအရေနဲ့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top