၊ ကိုထက် ၊ အသက် ၂၇နှစ်အရွယ်ရှိ ကလေးလေးယောက် မိခင် ဂျန်နီဖာပမီလာဟာ သူမရဲ့ နောက်ဆုံးမွေးခဲ့တဲ့ ရင်ချင်းဆက်အမြွှာသမီးလေးနှစ်ယောက်ကို ခွဲစိတ်ပေးမယ့် ဆရာဝန်ကို လိုက်လံရှာဖွေနေတယ် လို့သိရပါတယ်။ ကလေးနှစ်ယောက်ဟာ မျက်နှာချင်းဆိုင် ရင်ချင်းဆက်နေတာဖြစ်ပြီး ဆေးရုံမှာ အောက်ဆီဂျင်ပေးထားရပါတယ်။ တစ်ကမ္ဘာလုံးမှာ ကိုယ်ဝန်ဆောင်နှစ်သောင်းအနက်...
၊ ကိုထက် ၊ ဝက်ခြံဖုပေါ် သွားတိုက်ဆေးတို့ပေးတာကြောင့် အရေပြားခြောက်သွေ့တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ ဝက်ခြံအဖုအပိမ့် ပိုဆိုးတာတွေကို ဖြစ်စေနိုင်တယ်လို့ အရေပြားအထူးကု ဆရာဝန်တွေက ဆိုလိုက်ပါတယ်။ အရေပြားက အဆီပြန်တဲ့အခါ ဆီကြည်ထွက်လာပြီး အရေပြားဆဲလ်သေနဲ့ပေါင်းကာ ချွေးပေါက်ပိတ်ဆို့ရာက ဝက်ခြံဖုထွက်လာပါတယ်။ P acne အမည်ရှိ...
၊ ကိုထက် ၊ နယူးယောက်မှာနေထိုင်တဲ့ အသက် ၂၇နှစ် အရွယ် ရှာလေရဲ့ အရေပြားတွေဟာ တစ်ဖြည်းဖြည်းမာကျောလာပြီး ကြွေထည်ကဲ့သို့ ဖြစ်လာနေပါတယ်။ ရှာလေဟာ အသက် ၉နှစ်သမီးအရွယ်ကတည်းက ရှားပါးတဲ့ကိုယ်ခံအားလွန်ကဲရောဂါအမျိုးအစားတစ်ခုဖြစ်ပွားနေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ ဒီရောဂါမျိုးဟာ လူ ၅၀ဝ၀ မှာ တစ်ယောက်ဖြစ်ပွားနိုင်ခြေရှိတယ်လို့လည်းသိရပါတယ်။...
၊ ကိုထက် ၊ ညဘက်မှာ မိဘတွေက သားသမီးတွေရဲ့ စမတ်ဖုန်းတွေကိုယူထားသင့်ပြီး ဈေးပေါတဲ့ နှိုးစက်နာရီတစ်လုံး ဝယ်ပေးထားသင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ညဉ့်နက်တဲ့အထိဖုန်းသုံးတာကြောင့် နောက်တစ်နေ့မှာ ပင်ပန်းနွမ်းနယ်မှုဖြစ်ရတယ်ဆိုတာကို ဆယ်ကျော်သက်တွေက နားလည်မှုမရှိကြဘူးလို့ ဘက်တ်တက္ကသိုလ်မှ ပါမောက္ခအဒမ်က ဆိုပါတယ်။ ဆယ်ကျော်သက်တွေရဲ့ အခန်းထဲမှာ...
၊ ကိုထက် ၊ နယူးယောက်မှာ နေထိုင်တဲ့ အယ်ရှလီဟာ အသက် ၃၂ရှိပြီဖြစ်ပြီး သူမရဲ့ အချိန်တော်တော်များများကို အကစင်မြင့်ထက်မှာ ကုန်ဆုံးစေခဲ့သူဖြစ်ပါတယ်။ အယ်ရှလီဟာ ၂၀၁၆ခန့်က အကလေ့ကျင့်ရင်း ဒူးတွေမခိုင်ပဲ ယိုင်လဲတာမျိုးဖြစ်လာခဲ့ပေမယ့် ဒါတွေဟာ သူမရဲ့မူမမှန်နဲ့ နှလုံးခုန်နှုန်းကြောင့်ဖြစ်နေတယ်လို့ မသိခဲ့ပါဘူး။ သူမဟာ...
၊ ကိုထက် ၊ သြစတေးလျနိုင်ငံရှိ အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ ခရစ်စတီဟာ ဘယ်လောက်စားစား ဗိုက်မပြည့်ဖူးလို့ပဲ ခံစားနေပါတယ်။ သူမဟာ အစာခြေဖျက်တာ မြန်တဲ့ရောဂါတစ်မျိုးရှိနေခဲ့တာဖြစ်ပါတယ်။ အစားအများအပြားစားခြင်းကြောင့် ပေါင်ချိန် ၂၇၀ ကျော်ထိ တက်လာခဲ့ပါတယ်။ ထို့နောက် သူမဟာ ကိုယ်အလေးချိန်ချဖို့ အခိုင်အမာဆုံးဖြတ်ချက်ချခဲ့ပြီး...
၊ ကိုထက် ၊ ဝေလပြည်နယ်တောင်ပိုင်းမှ အသက် ၁၁ နှစ်အရွယ် ကီရာဝဲလ်ဆိုတဲ့ ၁၁ နှစ်အရွယ်သမီးလေးက ၃၅နှစ်အရွယ် မိခင်ဖြစ်သူ ကုသလို့မရတော့တဲ့ သားအိမ်ခေါင်းကင်ဆာခံစားနေကြောင်း သိခဲ့ရပြီးချိန်မှာ သီချင်းတစ်ပုဒ်ရေးစပ်ခဲ့ပါတယ်။ မိခင်အတွက် သူရေးစပ်ထားတဲ့ သီချင်းကို ဆိုနစ်ဝမ်းစတူဒီယိုထဲမှာ အသံသွင်းသီချင်းဆိုခဲ့ပြီး သူ့သီချင်းထဲမှာ-“အခန်းထဲမှာ...
၊ ကိုထက် ၊ လွဲမှားမျိုးဗီဇရှိသူတွေ အရက်အလွန်အမင်းသောက်ရင် နှလုံးကြီးတဲ့ အန္တရာယ်ပိုမြင့်မားမှုရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အရက်သောက်ပြီး နှလုံးကြွက်သားရောဂါရှိသူ ၁၄၁ ဦးရဲ့ နှလုံးတွေက ကြီးမားနေတာကို တွေ့ရှိရပြီး သူတို့ရဲ့ ၁၃ ဒသမ၅ ရာခိုင်နှုန်းက လွဲမှားတဲ့ မျိုးဗီဇသယ်ဆောင်မှုရှိတာကို...
၊ ကိုထက် ၊ လမစေ့ဘဲ ကလေးမွေးဖွားတဲ့ အမျိုးသမီးတစ်ဦး အချင်းထဲမှာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမြင့်မားစွာ တွေ့ရှိရတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အချင်းထဲ ဘက်တီးရီးယားပိုးဝင်တာက ကိုယ်ဝန်ပတ် ၃၇ ပတ်မတိုင်ခင် စောပြီး ကလေးမွေးဖွားမှုကို ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ကျန်းမာတဲ့ အချင်းထဲမှာလည်း...
၊ ကိုထက် ၊ ဆော်ဒါမှုန့်ဖျော်ရည်က ကင်ဆာဆဲလ်တွေဆီ အလွယ်တကူ ဦးတည်ရောက်ရှိစေတဲ့နည်းနဲ့ ကင်ဆာကိုတွန်းလှန်ရာမှာ အကူအညီပေးတယ်လို့ လေ့လာမှုတစ်ခုအရ တွေ့ရှိခဲ့ရပါတယ်။ မုန့်ဖုတ်ဆော်ဒါလို့ခေါ်တဲ့ ဆော်ဒါမှုန့်ကို ရေနဲ့ ဖျော်သောက်တာကြောင့် ကင်ဆာအကျိတ်အတွင်း ရှိဆဲလ်တွေကို ပိုတက်ကြွစေပြီး ဒီနည်းက ကင်ဆာ ဆေးသွင်းကုသရာမှာ ကင်ဆာဆဲလ်တွေကို...