Q & A
နာမည်ကျော်အဆိုတော် ချမ်းချမ်း မေးချင်တဲ့ ကျန်းမာရေးဆိုင်ရာမေးခွန်း
ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) ဖြေကြားသည်။ မေး။ အရမ်းပင်ပန်းလာရင်၊ ခရီးပမ်းလာရင် ခေါင်းတစ်ခြမ်း အရမ်းကိုက်တယ်။ ပြီးတော့ အရမ်းခင်တဲ့သူတွေ တောင် မေ့တတ်တယ်။ တစ်ခုခုလုပ်ပြီးသွားရင် အဲဒီလိုလုပ်ပြီးသွားတာကို ပြန်မမှတ်မိတတ်ဘူး။ အဲဒီလို မေ့တတ်တာက ပင်ပန်းမှုနဲ့ဆိုင်သလား၊ မျိုးရိုးနဲ့ဆိုင်တာလား၊ ပင်ပန်းမှုကြောင့် တဒင်္ဂရောဂါလား...