၃၅ ရက်ကြာတိုင်းကြာတိုင်း အရေပြားက ဆဲလ်အသစ် အစားထိုးဖြစ်ပေါ်လာပါတယ်။ တစ်လကြာတိုင်း အသည်းက ဆဲလ်အသစ်အစားထိုး ဖြစ်ပေါ်လာပါတယ်။ သင့်ခန္ဓာကိုယ်က ဒီဆဲလ်သစ်တွေကို သင်စားသောက်လိုက်တဲ့ အစားအသောက်ကနေ ရယူတာဖြစ်ပါတယ်။ ဒါကြောင့် သင်စားသောက်သမျှအတိုင်း သင့်ပုံစံဖြစ်လာတာ မဆန်းပါဘူး။
သင့်အနေနဲ့ ညဘက်မှာ အိပ်ပျော်ဖို့ ဒါမှမဟုတ် ကောင်းကောင်းအနားရဖို့ အခက်အခဲရှိနေရင် ခပ်နွေးနွေးရေနဲ့ ရေချိုးလိုက်ပါ။ ခပ်နွေးနွေးရေနဲ့ ရေချိုးတာကြောင့် အာရုံကြောစနစ်ကို သက်သာတည်ငြိမ်စေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကို အပန်းပြေစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာလက္ခဏာတွေကို သက်သာစေကာ အသားအရေအဖုအပိမ့် အနာအဆာတွေကို သက်သာစေပါတယ်။
ကယ်လိုရီနဲ့ အဆီတွေမရအောင် လုပ်ဆောင်နိုင်မယ့် အလွယ်နည်းတွေရှိပါတယ်။ (၁) အဆီများတဲ့အသားအစား အဆီနည်းအသားကို အစားထိုးပြီးစားပါ။ ဥပမာပြောရရင် ကြက်သားစားရင် အရေခွံကိုခွာပြီး စားပါ။ (၂) ဆီနဲ့ကြော်ပြီးစားမယ့်အစား ကင်စားတာ၊ ပြုတ်စားတာ စတဲ့နည်းလမ်းတွေကို သုံးပါ။ (၃) အသားမှာမြင်ရတဲ့ အဆီတွေကို တတ်နိုင်သမျှဖယ်ထုတ်ပါ။...
———၊ ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်) ၊——— လူနာကို ပြုစုစောင့်ရှောက်နေရချိန်မှာ စိတ်ရောကိုယ်ပါ ကြံ့ကြံ့ခံနိုင်တဲ့ ဒူပေနာပေအခံနိုင်ဆုံး လူတွေတောင်မှ ဖိစီးမှုဖြစ်ကာ ပင်ပန်းနွမ်းနယ်ရတတ်ပါတယ်။ လူနာက အယ်လ်ဇိုင်းမားရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းစတဲ့ နာတာရှည်ဝေဒနာတစ်မျိုး ခံစားနေရတဲ့ မိဘ ဒါမှမဟုတ် အိမ်ထောင်ဖက်ဖြစ်ခဲ့ရင်၊ မသန်စွမ်းတဲ့ ဆွေမျိုးရင်းချာတစ်ဦးဖြစ်ခဲ့ရင်...
—၊ ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊— အစဉ်အလာအရ သက်ကြီးရွယ်အို Elderly ဆိုတာ အသက် ၆၅ နှစ်အထက်ရှိသူတွေကို ကန့်သတ်ခေါ်ဝေါ်ထားတာ ဖြစ်ပါတယ်။ ၆၅ နှစ်ကျော်ပေမယ့် လူငယ်တွေလို သွက်လက်ကျန်းမာနေသူတွေ အများအပြားရှိပါတယ်။ တချို ့နိုင်ငံ(ဂျပန်)မှာ...
ဘယ်နဲ့ညာ လက်မထိပ်နှစ်ဖက်ကို သုံးပြီး လူတစ်ယောက်ရဲ ့ နောက်ကျောတလျှောက်ကို အချိန် ၁၅ မိနစ်ကြာနှိပ်ပေးပါ။ အဲဒီလို နှိပ်ပေးတာကြောင့် စိုးရိမ်သောက၊ အိပ်မပျော်ခြင်း၊ စိတ်ဖိစီးမှုနဲ့ ကိုက်ခဲနာကျင်မှုတို့ကို သက်သာစေပါတယ်။ သွေးဖိအားကောင်းပြီး စိတ်ကျန်းမာရေး တိုးတက်စေတဲ့အတွက် ဒီနှိပ်နယ်နည်းကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးသင့်ပါတယ်။
———၊ ငွေကြယ်စင်ယံ ၊——— သင့်အနေနဲ့ ကိုယ်နေဟန်ထား မားမားမတ်မတ်နဲ့ စမတ်ကျကျနေတာက သင့်ကို ကြည့်ကောင်းစေရုံသာမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ကိုယ်နေဟန်ထားမှန်ကန်မှုမရှိရင် ခါးနာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲခြင်း စတဲ့ ဝေဒနာအများစုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခါးနာတယ်ဆိုတာ ကိုယ်နေဟန်ထားမကောင်းခြင်းကြောင့် ဖြစ်တတ်တဲ့...
—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ၊—– Q. ပိန်လွန်းတဲ့အတွက် ပြည့်ချင်ပါတယ်။ အစားအသောက်ကိုလည်း အများကြီးစားပါတယ်။ ဘယ်လောက်စာစား ဝမလာဘူး။ အဲဒါ ဘယ်လိုလုပ်သင့်ပါသလဲရှင်။ A. တချို့လူတွေက အရမ်းပိန်တယ်။ ဘယ်လောက်စာစား မဝဘူး။ အဲဒီလိုလူတွေကို အဓိကအချက်နှစ်ချက်...
———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——— သွေးခဲအန္တရာယ်၊ နှလုံးရောဂါဖြစ်တာ၊ အရေးကြောင်းဖြစ်တာနဲ့ ကင်ဆာစတဲ့ အဖြစ်များတဲ့ ရောဂါဝေဒနာတွေကို ကာကွယ်တွန်းလှန်နိုင်ဖို့ သင့်မီးဖိုချောင်ထဲက အစာတွေကို မေ့မထားသင့်ပါ။ ခရမ်းချဉ်သီး – သွေးခဲဖြစ်နှုန်းကို လျော့ကျစေနိုင် ခရမ်းချဉ်သီးမှာ အင်တီအောက်ဆီးဒင့် လိုင်ကိုပင်းဓာတ် ပါဝင်တဲ့အတွက်...
—–၊ ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) ၊—– Q. ရာသီဥတုနည်းနည်းအေးတာနဲ့ အသားခြောက်ပြီး အသားပပ်စပြုနေပါပြီ။ ဘယ်လိုသက်သာအောင် လုပ်သင့်ပါသလဲ။ A. အသားပပ်တဲ့သူတွေက ရေဓာတ်ဖြည့်ပေးတဲ့ အရေပြားထိန်း Moisturizer ကိုသုံးသင့်ပါတယ်။ ရေချိုးပြီး ငါးမိနစ်အတွင်း Moisturizer ကို လိမ်းသင့်ပါတယ်။...