Healthy Life Ad
Health Tips

ကလေးများတွင် ဖြစ်တတ်သည့် ကြီးထွားမှုကြောင့် နာကျင်ခြင်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကြီးထွားမှုကြောင့် နာကျင်ခြင်းဟာ ခြေထောက်နှစ်ဖက်စလုံးမှာ ဖြစ်တတ်ပြီး ညပိုင်းမှာ ခံစားရတတ်ပါတယ်။ များသောအားဖြင့် ကလေးငယ်ကို အိပ်မောကျနေရာကနေ လန့်နိုးလာစေတဲ့အထိ နာကျင်ရတတ်ပါတယ်။ ကြီးထွားမှုဟာ နာကျင်စေတယ်ဆိုတဲ့ အထောက်အထား မရှိတာကြောင့် ကြီးထွားမှုကြောင့် နာကျင်ခြင်း (Growing Pain)ဆိုတဲ့ စကားလုံးက မဆီလျော်ဘူးလို့တောင် ဆိုကြပါတယ်။ ဘယ်လိုအကြောင်းကြောင့် ကြီးထွားနေတဲ့အချိန်မှာ နာကျင်ရတယ်ဆိုတာကို ဆေးပညာရှင်တွေတောင် သေချာမသိသေးပါဘူး။ နာကျင်မှုကို ခံနိုင်ရည်အားနည်းတာကြောင့် ဖြစ်နိုင်တယ်လို့လည်း တချို ့က ဆိုကြပါတယ်။

alignnone size-medium wp-image-63596
ခံစားရတတ်သော လက္ခဏာများ

ကြီးထွားမှုကြောင့် နာကျင်ခြင်းဖြစ်ရင် ခြေထောက်ကိုက်ခြင်း၊ ပေါင်အရှေ ့ဘက်၊ ဒူးအနောက်ဘက်နဲ့ ခြေသလုံးကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း စတာတွေက အဖြစ်များပါတယ်။ ယေဘုယျအားဖြင့် ခြေထောက်နှစ်ဖက်စလုံးမှာ နာကျင်တတ်ပြီး တချို ့ကလေးတွေမှာဆိုရင် ကြီးထွားမှုကြောင့် နာကျင်နေစဉ်အတွင်း ဗိုက်အောင့်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ကို တွဲခံစားရတတ်ပါတယ်။ ကြီးထွားမှုကြောင့် နာကျင်တာက ညနေစောင်း အစောပိုင်းအချိန်နဲ့ နေ့ခင်းနှောင်းပိုင်းအချိန်တွေမှာ ခံစားရလေ့ရှိပြီး မနက်ခင်းအချိန်မှာ ပျောက်သွားတတ်ပါတယ်။ တစ်ခါတစ်ရံ ညဦးပိုင်းအချိန်မှာ ကလေးတွေဟာ နာကျင်မှုကြောင့် လန့်နိုးလာတတ်ပါတယ်။

alignnone size-medium wp-image-63597
ဆေးကုသမှု

ကြီးထွားမှုကြောင့် နာကျင်ခြင်းအတွက် ဆေးကုသမှုဆိုတာ မရှိပါဘူး။ သင့်ကလေးရဲ ့ နာကျင်မှုသက်သာအောင် နာကျင်နေတဲ့ ကြွက်သားတွေပေါ် မှာ နွေးထွေးတဲ့ အပူဝတ်ကပ်ပေးတာနဲ့ နှိပ်နယ်ပေးတာတွေကို ဆောင်ရွက်ပေးနိုင်ပါတယ်။ ကြီးထွားမှုကြောင့် နာကျင်မှုခံစားရတဲ့ ကလေးငယ်အများစုဟာ ဆယ်ကျော်သက်အရွယ်ရောက်လာတာနဲ့ နာကျင်မှု သက်သာသွားနိုင်ပါတယ်။ ကြီးထွားမှုကြောင့်ဖြစ်တဲ့ နာကျင်တာက အန္တရာယ်မရှိပါဘူး။

alignnone size-medium wp-image-63598
ဆေးကုသမှု ခံယူသင့်သောအချိန်

သင့်ကလေးရဲ ့ခြေထောက် နာကျင်ကိုက်ခဲမှုဟာ အမြဲဖြစ်နေရင်၊ မနက်အိပ်ရာထတဲ့အထိ မပျောက်ရင်၊ သင့်ကလေးရဲ ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်လောက်အောင် အဟန့်အတားဖြစ်နေရင်၊ အဆစ်ထဲအထိ နာကျင်နေရင်၊ ထိခိုက်ဒဏ်ရာရခြင်းနဲ့ ဆက်စပ်ပြီး နာကျင်မှုခံစားရရင်၊ နာကျင်တာနဲ့အတူ ရောင်ရမ်းခြင်း၊ နီမြန်းခြင်း၊ ရောင်တင်းခြင်း၊ ဖျားခြင်း၊ အစာစားချင်စိတ်မရှိခြင်းနဲ့ အားနည်းခြင်းတို့ပါ ခံစားနေရရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။

ကြီးထွားမှုကြောင့် နာကျင်ခြင်းဖြစ်စေသည့် အကြောင်းရင်းများ

ကလေးတစ်ယောက်ရဲ ့ ကြီးထွားဖွံ့ဖြိုးမှုဟာ သူ့ကို နာကျင်စေတယ်ဆိုတာ လေ့လာတွေ့ရှိချက်တော့ မရှိပါဘူး။ ဒါပေမဲ့ ပြေးခြင်း၊ အမြင့်တက်ခြင်းနဲ့ ခုန်ခြင်းတို့ဟာ ကလေးရဲ့ကြွက်သားနဲ့ အရိုးစနစ်ကို နာကျင်စေနိုင်ပါတယ်။ နေ့ဘက်မှာ အလွန်အကျွံအ သုံးပြုတာကြောင့် ညဘက်မှာ ကြွက်သားနာကျင်မှု ဖြစ်ရတာပဲ ဖြစ်ပါတယ်။

ကြီးထွားမှုကြောင့် နာကျင်ခြင်း ဖြစ်နိုင်ခြေများသူများ

ကြီးထွားမှုကြောင့် နာကျင်မှုဖြစ်တာက အသက်နှစ်နှစ်ကနေ ၁၂ နှစ်အတွင်း ကလေးတွေမှာ အဖြစ်များပြီး ယောကျာ်းလေးတွေထက် မိန်းကလေးတွေမှာ ပိုအဖြစ်များပါတယ်။ နေ့ခင်းဘက်မှာ ပြေးခြင်း၊ အမြင့်တက်ခြင်းနဲ့ ကြိုးခုန်ခြင်း စတဲ့ ကစားခုန်စားခြင်းတွေကို နေ့ခင်းဘက်မှာ ပြုလုပ်ဖန်များရင် ညဘက်မှာ ခြေထောက်နာကျင်ခြင်း ဖြစ်နိုင်ခြေများပါတယ်။

alignnone size-medium wp-image-63599
ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးခြင်း

သင့်ကလေးရဲ ့ ခြေထောက်နာကျင်မှုကို စိုးရိမ်တာကြောင့် သင့်အနေနဲ့ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ကြီးထွားမှုကြောင့် ခြေထောက်နာနေတယ်ဆိုရင် စစ်ဆေးမှုလုပ်လေ့သိပ်မရှိပေမယ့် တစ်ခါတရံမှာ တခြားအကြောင်းရင်းကြောင့် ခြေထောက်နာကျင်ရတာလားဆိုတာ သေချာအောင် ဓာတ်မှန်ရိုက်ခြင်းလို စမ်းသပ်မှုတချို့ကို ပြုလုပ်ခိုင်းမှာ ဖြစ်ပါတယ်။

ဆေးကုသမှုနှင့် ဆေးဝါးများ

ကြီးထွားမှုကြောင့် နာကျင်တာကို တိကျတဲ့ ဆေးကုသမှုမရှိပါ။ သင့်ကလေးရဲ ့ ခြေထောက်နာကျင်တဲ့ ဝေဒနာ သက်သာအောင် နှိပ်ပေးတာလိုမျိုး နည်းလမ်းတွေနဲ့ သက်သာသွားအောင် သင်ကူညီပေးနိုင်ပါတယ်။

ကြီးထွားမှုကြောင့်ဖြစ်သော နာကျင်မှု သက်သာစေရန်

သင့်ကလေးရဲ့ ခြေထောက်နာကျင်မှု သက်သာစေဖို့ သင့်အနေနဲ့ အောက်ပါနည်းလမ်းတွေအတိုင်း ကူညီပေးနိုင်ပါတယ်။

alignnone size-medium wp-image-63600
ခြေထောက်ကို နှိပ်ပေးပါ

ညင်ညင်သာသာ နှိပ်နယ်ပေးရုံနဲ့ ကလေးတွေရဲ ့ခြေထောက်နာကျင်မှု သက်သာသွားနိုင်ပါတယ်။ တချို့ကလေးတွေကျတော့ ပွေ့ဖက်ထားမှ သက်သာတတ်ပါတယ်။

အပူကပ်ပေးပါ

အပူဟာ ကြွက်သားနာကျင်မှုကို သက်သာစေပါတယ်။ အိပ်ရာမဝင်ခင် အပူကပ်ပေးတာ ဒါမှမဟုတ် သင့်ကလေးက ခြေထောက်နာတယ်လို့ ပြောတဲ့အချိန်မှာ အပူကပ်ပေးပါ။ ကလေးအိပ်သွားတာနဲ့ အပူပေးထားတာကို ဖယ်ရှားလိုက်ပါ။ အပူကပ်တယ်ဆိုတာ ရေနွေးအိတ်ကပ်ပေးတာလိုမျိုး ကလေးအနေနဲ့ ခံနိုင်ရည်ရှိလောက်တဲ့ အပူမျိုးကပ်ပေးရမှာပါ။ အိပ်ရာမဝင်ခင် ရေပူချိုးပေးတာကလည်း နာကျင်မှုကို သက်သာစေပါတယ်။

အကိုက်အခဲပျောက်ဆေး မှီဝဲပါ

ကလေးငယ်ကို ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးကို အစာနဲ့အတူ တိုက်ပေးပါ။

Most Popular

Healthy Life Ad
To Top