Healthy Life Ad
Health Tips

အပူလောင်ခြင်းအတွက် ရိုးစင်းသော အိမ်တွင်းကုထုံးများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အရေပြားအပူလောင်တယ်ဆိုတာ ပူတဲ့အရာတစ်ခုခုနဲ့ ထိတွေ့မိတာကြောင့်ဖြစ်ရတဲ့ အလွန်နာကျင်တဲ့ ခံစားမှုဖြစ်ပါတယ်။ အရေပြားဟာ ရေနွေးငွေ့၊ ဓာတုပစ္စည်း၊ မီးစတဲ့ ပူတဲ့အရာတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ ထိတွေ့မှုအနေအထားအလိုက် အပူလောင်တတ်ပါတယ်။

အပူလောင်မှုအဆင့်

အပူလောင်တာကြောင့်ဖြစ်တဲ့ အရေပြားထိခိုက်မှုအဆင့်တွေကို ခွဲခြားသတ်မှတ်ရာမှာ သုံးဆင့်ရှိပါတယ်။ ပထမအဆင့်က အရေပြားရဲ ့ အပေါ်ယံအလွှာပဲ ထိခိုက်မှုဖြစ်တာပါ။ ဒုတိယအဆင့်က အရေပြားအောက် အလွှာလောင်ကျွမ်း ထိခိုက်တာဖြစ်ပြီး တတိယအဆင့်ကတော့ အရေပြားအလွှာအားလုံး လောင်ကျွမ်းထိခိုက်တာပဲ ဖြစ်ပါတယ်။

alignnone size-medium wp-image-63446
အပူလောင်ရသည်မှာ . . .

အရေပြားအပူလောင်ရတဲ့ အဓိကအကြောင်းရင်းတွေကတော့-

• မီးနဲ့ထိတွေ့မှု၊

• ဓာတုပစ္စည်းကြောင့် လောင်ကျွမ်းမှု၊

• လျှပ်စစ်ကြောင့် လောင်ကျွမ်းမှု၊

• နေလောင်တာ၊

• ရေနွေးငွေ့လောင်တာ၊

• ဓာတ်ရောင်ခြည်သင့်တာတို့ ဖြစ်ကြပါတယ်။

အပူလောင်လျှင် ခံစားရသော ဝေဒနာ

• အရေပြား အပူလောင်တာကြောင့် ခေါင်းကိုက်တာ၊ ဖျားတာ၊ အားနည်းတာနဲ့ ဖျော့တော့အားနည်းတာတို့လည်း ဖြစ်တတ်ပါတယ်။

• ပထမအဆင့် အပူလောင်ရင် အရေပြားနီမြန်းတာ၊ ရောင်ရမ်းတာနဲ့ အရည်ကြည်ဖုပေါ်တာတို့ ဖြစ်တတ်ပါတယ်။

• ဒုတိယအဆင့် အပူလောင်ရင် အရေပြားရောင်ရမ်းတာ၊ အပေါ်ယံအရေပြားကွာတာ၊ အလွန်အမင်း နာကျင်တာနဲ့ အရည်ကြည်ဖုပေါက်တာတို့ ဖြစ်တတ်ပါတယ်။ ထိခိုက်မိတဲ့နေရာဟာ ပန်းရောင်အရင့်ဖြစ်ကာ စိုစွတ်နေတတ်ပါတယ်။

• တတိယအဆင့် အပူလောင်ရင် အရေပြားက အလွန်အမင်း ထုံကျင်ပြီး နာကျင်ကာ လောင်ကျွမ်းနေနိုင်ပါတယ်။

အပူလောင်ခြင်းအတွက် အိမ်တွင်းကုထုံး

(၁) အရင်ဆုံးလုပ်သင့်တာက အပူလောင်တဲ့ အရေပြားပေါ်မှာ ရေခဲကပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ရေခဲအဆင်သင့်မရရင် ရေခဲရေထဲစိမ်တာ၊ စီးကျနေတဲ့ ဘုံပိုင်ရေအောက်မှာ ထားတာတို့လုပ်ပါ။

(၂) အပူလောင်တဲ့ အရေပြားပေါ်မှာ ပျားရည်သုတ်လိမ်းပြီး ပတ်တီးအုပ်ပေးပါ။ သန့်စင်တဲ့ပျားရည်က အနာကျက်မြန်စေပါတယ်။

(၃) အပူလောင်တဲ့ အရေပြားနေရာပေါ်မှာ ဒိန်ချဉ်လိမ်းပေးပါ။ အချိန် ၁၅ မိနစ်ကြာမှ ရေနဲ့ဆေးကြောလိုက်ပါ။

(၄) ကြက်သွန်နီက အရေပြားအပူလောင်မှုကို သက်သာစေပါတယ်။ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး အပူလောင်တဲ့ အရေပြားပေါ်ကပ်ထားပေးပါ။

(၅) နွားနို့ထဲမှာ အပူလောင်တဲ့အရေပြားကို နှစ်ထားပေးရင် သက်သာစေပါတယ်။

alignnone size-medium wp-image-63447

(၆) ကြက်ဥ/ဘဲဥအကာကလည်း အရေပြားအပူလောင်တာကို သက်သာစေပါတယ်။ အပူလောင်တဲ့ အရေပြားပေါ်မှာ ကြက်ဥ/ဘဲဥ အကာလိမ်းပြီး မိနစ်အနည်းငယ်ကြာထားပါ။

(၇) မီးလောင်ထားတဲ့ အမာရွတ်သက်သာစေဖို့ ဗီတာမင်အီးအဆီလိမ်းပါ။

(၈) သင်္ဘောသီးအနှစ်ဟာ အရေပြားအပူလောင်မှုကို သက်သာစေပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းဟာ အရေပြားကို အနာကျက်စေပြီး ဆဲလ်သေတွေကို ကင်းစင်စေပါတယ်။

(၉) အပူလောင်တဲ့ အရေပြားပေါ်မှာ ရှားစောင်းလက်ပပ် ဒါမှမဟုတ် ခရမ်းချဉ်သီးအနှစ်လိမ်းပေးပါ။

(၁၀) သံလွင်ဆီထဲမှာ ဂွမ်းစနှစ်ပြီး အပူလောင်တဲ့ အရေပြားပေါ် ခပ်ထူထူသုတ်လိမ်းပေးပါ။

alignnone size-medium wp-image-63448

Most Popular

Healthy Life Ad
To Top