Healthy Life Ad
Life Style

စိတ်ဖိစီးမှုများချိန်တွင် ပြတတ်သည့် အရေပြားဝေဒနာများ

ဝက်ခြံ

စိတ်ဖိစီးမှုက မျက်နှာမှာ အဖုအပိမ့်တွေ ထွက်စေနိုင်ပါတယ်။

အင်ပြင်

အင်ပြင်ထရင် စိတ်ဖိစီးမှု ခံစားရတဲ့အခါ အရေပြားယားယံတာနဲ့ ပူစပ်ပူလောင်ဝေဒနာတို့ ဖြစ်တတ်ပါတယ်။

အနီကွက်ထခြင်း

စိတ်ဖိစီးမှုကြောင့် အရေပြားမှာအနီကွက်ထတာကို ဖြစ်စေသလို နီမြန်းတဲ့ အရေပြားကလည်း ယားယံမှု
ဖြစ်စေနိုင်ပါတယ်။

အနာကျက်နှေးခြင်း

ပြတ်ရှရာနဲ့ ခြစ်ရာတွေရှိချိန်မှာ စိတ်ဖိစီးမှုများရင် အနာကျက်နှေးစေနိုင်ပါတယ်။

ပါးစပ်အနာ

စိတ်ဖိစီးမှုဖြစ်ရင် ပါးစပ်အနာကို ပိုဆိုးစေနိုင်ပါတယ်။

အရေပြားယားယံပြီး

ပူစပ်ပူလောင်ဖြစ်ခြင်း စိတ်ဖိစီးမှုဖြစ်ရင် အရေပြားယားယံတာနဲ့ ပူစပ်ပူလောင် ဝေဒနာတို့ကို ဖြစ်စေနိုင်ပါတယ်။

အဆီပြန်ခြင်း

စိတ်ဖိစီးမှုများတာက ခန္ဓာကိုယ်ကနေ အဆီထွက်ရှိမှု တိုးစေလို့ပါ။

အသားအရေခြောက်ခြင်း

ပင်ကိုအသားအရေ ခြောက်သွေ့သူတွေမှာ စိတ်ဖိစီးမှုများရင် အရေပြားကနေ ရေဓာတ်ဆုံးရှုံးမှု ပိုဖြစ်စေလို့ အသားအရေ ပိုခြောက်တတ်ပါတယ်။

မှတ်ချက်။ ။ နဂိုကတည်းက နှင်းခူ၊ ဆိုးရီးယေးစစ် အရေပြားအနာတို့လို အရေပြားပြဿနာတွေရှိရင် စိတ်ဖိစီးမှုကြောင့် ပိုဆိုးတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top