Healthy Life Ad
Health Tips

သင့်ကလေး သွားကျန်းမာရေး အလေးပေး

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

သင့်ကလေးတွေကို သွားကျန်းမာရေး ဘယ်လိုစောင့်ရှောက်သင့်တယ်ဆိုတာ ငယ်စဉ်ကတည်းက သင်ပြထားဖို့လိုပါတယ်။ တချို ့ကလေးတွေဟာ အသက်ခုနစ်နှစ်-ရှစ်နှစ်အရွယ်အထိ သွားကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာ မသိတာမျိုးရှိပါတယ်။ ဒါကြောင့် သင့်ကလေးရဲ ့ သွားကျန်းမာရေး ကောင်းမွန်ပြီး သန်စွမ်းစေဖို့ ရိုးစင်းတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

နည်းလမ်း (၁) သင့်တော်သော သွားတိုက်တံရွေးချယ်ခြင်း

(၁) ကလေးတွေအတွက် နူးညံ့တဲ့သွားတိုက်တံကို ရွေးချယ်ပါ။ ကလေးတွေအတွက်သုံးတဲ့ သွားတိုက်တံအမျှင်တွေက အလွန်နူးညံ့ပြီး လုံးဝိုင်းနေဖို့လိုပါတယ်။

(၂) ကလေးရဲ ့သွားတိုက်တံမှာ ပဲစေ့အရွယ် သွားတိုက်ဆေးထည့်ပါ။ ကလေးက သွားတိုက်ပြီး ထွေးထုတ်နိုင်နေပြီဆိုရင်တောင် သွားတိုက်ဆေးကို နည်းနည်းပဲ ထည့်ပေးပါ။

(၃) ကလေးကို သွားတိုက်တဲ့အခါ အထက်အောက် ဒေါင်လိုက်တိုက်ဖို့ သင်ပေးပါ။ သွားမျက်နှာပြင်အားလုံး၊ ဘေးဘက်နဲ့ အနောက်ဘက်တွေပါ တိုက်ဖို့သင်ပေးပါ။

(၄) တစ်နေ့အနည်းဆုံး နှစ်ကြိမ်၊ တစ်ကြိမ်မှာ ၂-၃ မိနစ်သွားတိုက်ပါ။

(၅) ကလေးရဲ ့သွားမျက်နှာပြင်မှာ သွားချေးဖတ်တွေ ကပ်ငြိမှု ရှိ၊ မရှိ ပြန်လည်စစ်ဆေးပေးပါ။ သွားချေးအားလုံး မကင်းစင်ရင် သွားတိုက်တာကို လုံလောက်ပြီလို့ မဆိုနိုင်ပါဘူး။

(၆) ကလေးရဲ ့သွားတိုက်တံကို အနည်းဆုံး သုံးလတစ်ကြိမ် အသစ်လဲပေးပါ။ သွားတိုက်တံတွေဖွာနေရင် သွားဖုံးထိခိုက်စေနိုင်လို့ပါ။

နည်းလမ်း (၂) နေ့စဉ် သွားကြားထိုးကြိုး သုံးခြင်း

(၁) ကလေးကို နေ့စဉ်နေ့တိုင်း သွားကြားထိုးကြိုးသုံးပေးဖို့ သင်ပေးပါ။ အသက် ၇-၈ နှစ်အရွယ်ဆိုရင် သွားကြားထိုးကြိုးသုံးဖို့ လိုအပ်လာပါပြီ။

နည်းလမ်း (၃) ဖလိုရိုက်သုံးခြင်း

(၁) ကလေးအသက် နှစ်နှစ်အရွယ် ရောက်လာချိန်မှာ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို ရွေးချယ်ပါ။ ဖလိုရိုက်ဟာ သွားကြွေလွှာကို သန်စွမ်းစေလို့ သွားပိုးစားရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

နည်းလမ်း (၄) သွားဆရာဝန်ထံ ပုံမှန်သွားပြခြင်း

(၁) ကလေးကို တစ်နှစ် အနည်းဆုံး နှစ်ကြိမ် သွားဆရာဝန်ထံခေါ်ကာ သွားစစ်ဆေးမှုကို ပုံမှန်ပြုလုပ်ပေးပါ။

(၂) ကလေးအထူးကု သွားဆရာဝန်တွေမှာ ကလေးငယ်အတွက် သင့်တော်တဲ့ ကုလားထိုင်နဲ့ ကိရိယာတွေ ရှိပါတယ်။ အဲဒါတွေက ကလေးအတွက် အဆင်ပြေပြီး ရင်းနှီးလွယ်တာကြောင့် အဲဒီဆေးခန်းကို ခေါ်သွားပါ။

နည်းလမ်း (၅) သွားပိုးစားရောဂါ ကာကွယ်ခြင်း

(၁) ကလေးကို သကြားပါတဲ့ အချိုရည်တွေ မတိုက်ကျွေးပါနဲ့။ သကြားကဲတဲ့ အချိုစာတွေဟာ ကလေးကို သွားပိုးစားစေတဲ့ ဘက်တီးရီးယားတွေ ကပ်ငြိစေနိုင်ပါတယ်။

(၂) ကလေးကို အချိုရည်အစား ရေတိုက်ပါ။

(၃) သကြားပါတဲ့ သရေစာအစား ကြိတ်ဝါးစားသုံးနိုင်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ကျွေးပါ။

Most Popular

Healthy Life Ad
To Top