Healthy Life Ad
Health Tips

သင့်ဘဝသက်တမ်းကို တိုစေနိုင်လို့ သတိပြုဆင်ခြင်ရမယ့် အချက်များ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

သက်ရှည်ကျန်းမာတဲ့ ဘဝကို ထိခိုက်စေတဲ့ အချက်တွေရှိပါတယ်။ အဲဒီအချက်တွေက ဘဝသက်တမ်းကို ထိခိုက်အောင် လုပ်ဆောင်နေတဲ့အတွက် သတိထားပြီး ရှောင်ရှားဖို့ လိုအပ်ပါတယ်။

alignnone size-medium wp-image-63312
(၁) အချစ်စစ်ကို ရှာရခက်ခဲလွန်းနေလျှင်

ကိုယ့်အတွက် အကောင်းဆုံး ချစ်သူ ဒါမှမဟုတ် အစစ်မှန်ဆုံး အိမ်ထောင်ဖက် ရှာရခက်ခဲနေရင်၊ အဲဒီအတွက် စိတ်ပင်ပန်းနေရင် ဘဝသက်တမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဟားဗတ်ဆေးကျောင်းလေ့လာမှုအရ ဘယ်တော့မှ လက်မထပ်ဘဲ(ချစ်သူလည်းမရှိဘဲ)တစ်ဦးတည်း အထီးကျန်စွာ နေထိုင်သူတွေက ဘဝသက်တမ်းအတွင်း စောစောသေဆုံးနိုင်ခြေ ၃၂ ရာခိုင်နှုန်း မြင့်တက်မှုရှိတယ်လို့ သိရပါတယ်။

(၂) မိတ်ဆွေသူငယ်ချင်းများကို လျစ်လျူရှုထားလျှင်

လူမှုဆက်ဆံရေး ညံ့ဖျင်းလွန်းတဲ့သူတွေဟာ လူမှုဆက်ဆံရေးကောင်းသူတွေထက် စောစောသေဆုံးနိုင်ခြေ ပိုများတယ်လို့ ဘရိုင်ဟမ်တက္ကသိုလ်နဲ့ မြောက်ကယ်ရိုလီးနားတက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ အထီးကျန်ပြီး တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံမှု မပြုတတ်သူတွေဟာ တစ်နေ့မှာ စီးကရက် ၁၅ လိပ် သောက်သလိုမျိုး ဘဝသက်တမ်းကို ထိခိုက်စေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ မိတ်ဆွေသူငယ်ချင်း အများအပြားနဲ့ နေထိုင်တဲ့ အသက်ကြီးသူတွေဟာ စောစောသေဆုံးနိုင်ခြေ ၂၂ ရာခိုင်နှုန်း လျော့နည်းမှုရှိတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ အပေါင်းအသင်းတွေနဲ့ ပေါင်းဖော်နေထိုင်တာကြောင့် အသက်ကြီးသူတွေရဲ ့ ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၃) တီဗီရှေ့တွင် အချိန်ကြာကြာနေလျှင်

တစ်နေ့မှာ တီဗီကြည့်ချိန် နှစ်နာရီရှိတိုင်း အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေတို့ကို မြင့်တက်စေတယ်လို့ ဟားဗတ်လေ့လာသူတွေက ဆိုပါတယ်။ တီဗီကြည့်တာကြောင့်ဖြစ်တဲ့ ဆိုးကျိုးဟာ အထိုင်များတာကြောင့်ဖြစ်တဲ့ ဆိုးကျိုးနဲ့ ဆင်တူပါတယ်။ အသက် ၂၅ နှစ် ကျော်ချိန်မှာ တီဗီကြည့်ချိန် တစ်နာရီရှိတိုင်း ဘဝသက်တမ်း ၂၁ ဒသမ ၈ မိနစ် လျော့ကျမှုရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

alignnone size-medium wp-image-63313
(၄) အဆင်သင့်အစာများကို အစားများလျှင်

အဆင်သင့်အစာတွေကို အစားများတာကြောင့် ဘဝသက်တမ်းကို ၂၀ ရာခိုင်နှုန်းကျော် တိုတောင်းစေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ အဆင်သင့်အစာတွေဟာ အဝလွန်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်တာတို့နဲ့ ဆက်စပ်မှုရှိတာကြောင့် ဖြစ်ပါတယ်။

alignnone size-medium wp-image-63314
(၅) အလုပ်တစ်ခုကို ရှာဖွေနေရဆဲဖြစ်လျှင်

အလုပ်လက်မဲ့ဖြစ်တာကြောင့် လူတစ်ယောက်ရဲ ့ စောစောသေဆုံးနိုင်ခြေကို ၆၃ ရာခိုင်နှုန်း မြင့်တက်စေနိုင်တယ်လို့ ကနေဒီယန်းလေ့လာသူတွေက ဆိုပါတယ်။ တိုင်းပြည် ၁၅ ခုမှ လူဦးရေ သန်း ၂၀ ကို နှစ် ၄၀ ကြာ လေ့လာဆန်းစစ်မှုအရ အလုပ်မရှိတာနဲ့ ဆေးလိပ်သောက်တာတွေဟာ လူတွေကို စောစောသေဆုံးနှုန်း မြင့်မားစေတဲ့ အချက်တွေဖြစ်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အထူးသဖြင့် စီးပွားရေး ကျဆင်းချိန်အတွင်း အလုပ်ရပ်နားလိုက်ရတဲ့ အသက်ကြီးသူတွေဟာ ဘဝသက်တမ်း သုံးနှစ်ခန့် လျော့ကျမှုရှိတာကို လေ့လာတွေ့ရှိရပါတယ်။

(၆) နေ့တိုင်း အိမ်နှင့်အလုပ်ခွင် အချိန်ကြာကြာ အသွားအပြန်လုပ်ရလျှင်

အိမ်နဲ့ လုပ်ငန်းခွင်ကြား အချိန်တစ်နာရီခန့် အသွားအပြန် လုပ်ရတာကြောင့် စိတ်ဖိစီးမှုများပြီး အထိုင်များတာလို ဆိုးကျိုးတွေလည်း ခံစားရတတ်ပါတယ်။ အိမ်နဲ့ အလုပ်ခွင် ခရီးရှည်သွားရတဲ့ အမျိုးသမီးတွေရဲ ့ ဘဝသက်တမ်းဟာ သိသိသာသာ တိုတောင်းမှုရှိတယ်လို့ ဆွီဒင်တက္ကသိုလ် လေ့လာသူတွေက ဆိုပါတယ်။ အကြောင်းကတော့ အချိန်ကြာကြာ နေ့စဉ်သွားလာရတာဟာ အဝလွန်ရောဂါ၊ အိပ်မပျော်တာနဲ့ အိမ်ထောင်ကွဲခြင်း စတာတွေနဲ့ ဆက်စပ်မှုရှိတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

alignnone size-medium wp-image-63315
(၇) လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေလျှင်

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းကောင်းဆက်သွယ်မှုရှိသူတွေက အသက်ရှည်ရှည် နေရပါတယ်။ တယ်လ်အဲဗစ်တက္ကသိုလ် လေ့လာမှုအရ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တာကြောင့် စိတ်ချမ်းသာပျော်ရွှင်ပြီး ဘဝသက်တမ်းကို တိုးမြင့်စေတယ်လို့ သိရပါတယ်။

alignnone size-medium wp-image-63316
(၈) ဆန္ဒပြီးမြောက်မှု နည်းလျှင်

လေ့လာမှုအရ အိမ်ထောင်ရေးမှာ ဆန္ဒပြီးမြောက်မှုနည်းတဲ့ အမျိုးသားတွေဟာ မကြာခဏ ဆန္ဒပြီးမြောက်တဲ့ အမျိုးသားတွေထက် သေဆုံးနိုင် ခြေ ၅၀ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။

(၉) အိပ်ရေးမဝလျှင်/ အိပ်ချိန်များလွန်းလျှင်

တစ်ညမှာ အိပ်ချိန် ကိုးနာရီကျော် ဒါမှမဟုတ် ငါးနာရီအောက်ရှိတာက ဘဝသက်တမ်းကို သိသိသာသာ လျော့ကျစေနိုင်တယ်လို့ ဟားဗတ်ဆေးကျောင်း လေ့လာမှုအရ သိရပါတယ်။ လူအများစုဟာ အိပ်ချိန်များလွန်းတာထက် နည်းလွန်းနေတတ်ပြီး အိပ်ချိန်နည်းလွန်းတာကြောင့် ကြာလာရင် နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါတချို ့၊ မှတ်ဉာဏ်နဲ့ တွေးခေါ်မြော်မြင်မှုဆိုင်ရာ ပြဿနာ၊ ကိုယ်အလေးချိန် မြင့်တက်တာနဲ့ စောစောသေဆုံးတာတို့ကို ဖြစ်စေနိုင်ပါတယ်။ လူတိုင်းခန္ဓာကိုယ် လုပ်ငန်းဆောင်တာတွေ ပုံမှန်ကောင်းကောင်းလုပ်နိုင်ဖို့ တစ်နေ့ အိပ်ချိန်ရှစ်နာရီ လိုအပ်ပါတယ်။ အိပ်ချိန် ခုနစ်နာရီအောက် လျော့ကျတာကြောင့် ဘဝသက်တမ်းကို လျော့ကျစေပါတယ်။

(၁၀) သေဆုံးမည်ကို ကြောက်နေလျှင်

သေဆုံးမှာကို တွေးကြောက်နေတဲ့ ကြောက်စိတ်ဟာ ဘဝသက်တမ်းကို တိုတောင်းစေနိုင်ပါတယ်။ ၂၀၁၂ လေ့လာမှုတစ်ခုအရ သေမှာကို စိုးကြောက်နေတဲ့သူတွေဟာ ပူပင်သောကကြောင့် သေဆုံးမှုကို မြန်စေနိုင်တယ်လို့ သိရပါတယ်။ ကင်ဆာလူနာတွေမှာ သေဆုံးမှာကို စိုးကြောက်နေရင် နှလုံးသွေးကြောရောဂါ ဖြစ်နှုန်း ၃-၅ ဆ ပိုများစေတယ်လို့ အမေရိကန်လေ့လာမှုအရ သိရပါတယ်။ သေမှာကို ကြောက်စိတ်ပေါ်လာရင် လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့အညီ စားသောက်တာတို့ကို လိုက်နာလိုက်ပါ၊ ဘာသာရေး ပိုလုပ်ပေးပါ၊ စိတ်ခံစားချက်ကောင်းမွန်ပြီး ကြောက်စိတ်ပြေလျော့သွားစေပါလိမ့်မယ်။

(၁၁) အထိုင်များလွန်းလျှင်

တစ်နေ့မှာ သုံးနာရီကျော်ကြာ ထိုင်တာကြောင့် ဘဝသက်တမ်း နှစ်နှစ်ခန့် ယုတ်လျော့စေနိုင်ပါတယ်။ တစ်နေ့မှာ ၁၁ နာရီကျော်ကြာ ထိုင်ရင် နောင်သုံးနှစ်အတွင်း သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်း မြင့်တက်စေတယ်လို့ JAMA ဆေးပညာဂျာနယ်ရဲ ့ လေ့လာမှုအရ သိရပါတယ်။

Most Popular

Healthy Life Ad
To Top