Healthy Life Ad
Health Tips

ညည အိပ်ရေးဝ၀ အိပ်ပျော်စေဖို့ စားသောက်သင့်သည်များ

———၊ ငွေကြယ်စင်ယံ ၊———

သဘာဝအစားအသောက် အများစုကို ညဘက်မှာစားပေးတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျစေပြီး ပြည့်ပြည့်ဝ၀ အနားရစေပါတယ်။

သစ်ကြားသီး

သစ်ကြားသီးမှာ အိပ်ရေးဝစေမယ့် အမိုင်နိုအက်စစ် ထရစ်ပတိုဖန်များစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ဇီဝနရီ ဟန်ချက်ညီစေတဲ့ ဆီရိုတိုနင်နဲ့ မယ်လတိုနင်ဟော်မုန်းတွေကို အထွက်များစေပါတယ်။ တက်ဆက်တက္ကသိုလ်ရဲ့ လေ့လာမှုအရ သစ်ကြားသီးမှာ မယ်လတိုနင်အရင်းအမြစ် ပါဝင်တာကြောင့် ခပ်မြန်မြန်အိပ်မောကျစေကြောင်း သိရပါတယ်။

ဗာဒံစေ့

ဗာဒံစေ့မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေတဲ့ မဂ္ဂနီဆီယမ်သတ္တုဓာတ် အများအပြား ပါဝင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်အဆင့် နည်းလွန်းရင် အိပ်ပျော်ဖို့ ခက်ခဲပါတယ်။

ဒိန်ခဲနှင့် ခရက်ကာမုန့်

ညဘက်မှာ နွားနို့ပူပူတစ်ခွက်သောက်ရင် အိပ်ပျော်စေတယ်ဆိုတာ သင်ကြားဖူးမှာပါ။ တကယ်က နွားနို့အပြင် တခြားနို့ ထွက်ပစ္စည်းတွေကလည်း အိပ်မောကျစေပါတယ်။ ဒိန်ခဲ၊ ဒိန်ချဉ်၊ နွားနို့ စတာတွေထဲမှာပါတဲ့ ကယ်လ်စီယမ်ဟာ ဦးနှောက်ရဲ ့ထရစ်ပတိုဖန်အသုံးပြုမှုကို အားပေးတာကြောင့် အိပ်ရေးဝ၀အိပ်ပျော်စေတာ ဖြစ်ပါတယ်။

ဆလတ်ရွက်

ညစာအဖြစ် ဆလတ်ရွက်သုပ်စားတာကြောင့် လက်တူကာရီယမ်ဓာတ်ရရှိကာ စိတ်တည်ငြိမ်စေတဲ့ အာနိသင်ရရှိပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

တူနာငါး

တူနာငါး၊ ဟေလိဘတ်ငါးနဲ့ ဆယ်လမွန်ငါးတို့လို ဗီတာမင် B6 ပါဝင်မှုများတဲ့ ငါးတွေဟာ မယ်လတိုနင်နဲ့ ဆီရိုတိုနင်ထွက်ရှိစေတာကြောင့် အိပ်မောကျစေပါတယ်။

ချမိုမိုင်းလက်ဖက်ရည်

ချမိုမိုင်းလက်ဖက်ရည် တစ်ခွက်သောက်တာကြောင့် ကောင်းကောင်းအိပ်မောကျစေပါတယ်။ ဂလိုင်စင်းဓာတ်တိုးစေတဲ့ ချမိုမိုင်းလက်ဖက်ရည်ဟာ နာ့ဗ်ကြောနဲ့ ကြွက်သားကို ငြိမ်သက်စေပြီး စိတ်တည်ငြိမ်စေတဲ့ အစွမ်းရှိပါတယ်။

ပျားရည်

ပျားရည်ထဲမှာပါတဲ့ သဘာဝသကြားဓာတ်ဟာ အင်ဆူလင်ကို အနည်းငယ် မြင့်တက်စေပြီး ဦးနှောက်ထဲကို ထရစ်ပတိုဖန် အလွယ်တကူရောက်ရှိစေပါတယ်။ အိပ်ရာမဝင်ခင် ပျားရည်ထမင်းစားဇွန်းတစ်ဇွန်း စားတာကြောင့် အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။

ကုလားပဲ

ကုလားပဲမှာ ထရစ်ပတိုဖန် ပါဝင်တာကြောင့် နေ့ခင်းတစ်ရေးအိပ်လိုသူတွေစားရင် အလွယ်တကူ အိပ်မောကျစေပါတယ်။

ကိုက်လန်

ကိုက်လန်လို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ကယ်လ်စီယမ် ပါဝင်မှုများတာကြောင့် အိပ်မောကျစေတဲ့ မယ်လတိုနင်ထွက်ရှိမှု များစေပါတယ်။ ဟင်းနုနယ်ရွက်နဲ့ မုန်ညင်းစိမ်းတွေမှာလည်း အလားတူအိပ်မောကျစေတဲ့ အစွမ်းရှိပါတယ်။

ပုစွန်နှင့် ကဏန်း

ပုစွန်နဲ့ ကဏန်းမှာပါတဲ့ ထရစ်ပတိုဖန်ဟာ ညဘက် အလွယ်တကူ အိပ်မောကျစေပါတယ်။

Most Popular

Healthy Life Ad
To Top