———၊ ငွေကြယ်စင်ယံ ၊——— ကျန်းမာရေးကို အလေးထားဂရုစိုက်တာကြောင့် သက်ရှည်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒါကြောင့် သက်ရှည်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ရာ လူတိုင်း နေ့စဉ်လိုက်နာသင့်တဲ့ အလွယ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) နံနက်စောစော အိပ်ရာထပြီး လမ်းလျှောက်ပါ။ (၂) ဟင်းသီးဟင်းရွက်၊...
———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——— နာမကျန်းဖြစ်နေတဲ့အခါ အနားယူဖို့ လိုအပ်နေပါတယ်။ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေချိန်မှာ စိတ်ခံစားမှု ကောင်းမွန်ပါမှ အမြန်ဆုံး ပြန်လည်သက်သာလာမှာဖြစ်လို့ပါ။ (၁) သင်အနားယူမယ်ဆိုရင် တိတ်ဆိတ်ငြိမ်သက်ပြီး လေကောင်းလေသန့်ရရှိတဲ့ အခန်းထဲမှာ အိပ်ရာပေါ်လှဲလျောင်းရင်း အနားယူပေးပါ။ တီဗီကြည့်ရတာ သဘောကျရင် တီဗီရှိတဲ့အခန်းထဲမှာ...
မကောင်းတဲ့အတွေးဝင်လာပြီး စိတ်ညစ်၊ စိတ်ရှုပ်ရတဲ့အခါ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ (၁) သင့်အတွေးတွေကို စောင့်ကြည့်ပါ။ (၂) အတွေးက မကောင်းတဲ့အတွေးဖြစ်နေရင် လက်ခံလိုက်ပါ။ (၃) မကောင်းတဲ့အတွေးကို ပြောင်းလဲဖို့ကြိုးစားပါ၊ ဥပမာ- မုန်းတီးမှုကို ခွင့်လွှတ်မှုအဖြစ်၊ တစ်ပါးသူရဲ့ အောင်မြင်မှုကို ပျော်ရွှင်မှုအဖြစ် ကူးပြောင်းလိုက်ပါ။...
———၊ ဇွန် ၊——— အုန်းဆီဟာ သင်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းလှပရေးအတွက် အောက်ပါအတိုင်း အသုံးဝင်နေပါတယ်။ (၁) အုန်းဆီက ခြောက်သွေ့တဲ့ အ ရေပြားကို စိုပြည်စေပါတယ်။ (၂) ဆံကေသာအနှံ့လိမ်းပေးရင် ဆံပင်သားအဖျားနှစ်ခွဖြစ်တာကို သက်သာစေပြီး ဆံပင်သားခြောက်သွေ့နွမ်းနယ်မှုကို လျော့ပါးစေပါတယ်။ အုန်းဆီလိမ်းတာကြောင့် ဦးရေပြားကို...
———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊——— ပြုံးပြုံးလေးနေတာက သင့်ကို ပုံမှန်ထက် ပိုတောက်ပစေတဲ့အပြင် သင့်ခန္ဓာကိုယ်ကိုလည်း ကောင်းကောင်း အလုပ်လုပ်စေပါတယ်။ အပြုံးကြောင့် သင့်ကျန်းမာရေးကို ကောင်းမွန်စေသလို ဖိစီးမှုအဆင့်ကို လျော့ကျစေကာ ဆွဲဆောင်မှုရှိစေပါတယ်။ (၁) အပြုံးက သင့်ကိုဆွဲဆောင်မှုရှိစေပါတယ် လူတွေကို ပြုံးနေတဲ့ပုံဆွဲလိုက်တဲ့အခါ...
—–၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ၊—– Q. ကျွန်မအဘွားက အတွင်းတိမ်ခွဲစိတ်ပြီးတာ ၂ နှစ်ရှိပါပြီ။ မျက်စိကို ဘာတွေဂရုစိုက်ပေးဖို့ လိုပါသေးသလဲ။ A. အတွင်းတိမ်အပါအဝင် မျက်စိခွဲစိတ်ပြီးလို့ အချိန်တစ်လခွဲ- နှစ်လလောက်ပဲ အနေအထိုင် ဆင်ခြင်ရတာ ဖြစ်ပါတယ်။ ဒီကာလကျော်လွန်သွားပြီဆိုရင်တော့ ပုံမှန်အတိုင်း...
—–၊ ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—– Q. ကြို့ထိုးတာက ဘာကြောင့် ဖြစ်တတ်ပါသလဲ။ မကြာခဏ ကြို့ထိုးတာက ရောဂါဝေဒနာတွေနဲ့ ဆက်စပ်မှု ရှိတတ်ပါသလား။ ကြို့ထိုးတာ သက်သာအောင် ဘယ်လိုလုပ်လို့ ရပါသလဲ။ A. ကြို့ထိုးတယ်ဆိုတာက ရင်ဝမ်းတားကြွက်သားက...
———၊ ဇွန် ၊——— ဒီနေ့ခေတ်မှာ ကွန်ပျူတာ၊ ဖုန်းစကရင်တွေကို အကြည့်များကြပါတယ်။ ဒီလိုစကရင်တွေကို အကြည့်များတာကြောင့် မျက်စိညောင်းညာတဲ့ ဝေဒနာဖြစ်တတ်ပါတယ်။ မျက်စိညောင်းညာတဲ့ဒဏ်ဖြစ်မှု လျော့ပါးစေဖို့ ၂၀-၂၀-၂၀ ဆိုတဲ့ စည်းမျဉ်းကို လိုက်နာဖို့ မျက်စိအထူးကု ဆရာဝန်တွေက သတိပေးထားပါတယ်။ အဆင့် (၁)...
———၊ ငွေကြယ်စင်ယံ ၊——— (၁) ဒိန်ချဉ် ဒိန်ချဉ်မှာပါဝင်တဲ့ အကျိုးပြုဘက်တီးရီးယားတွေက လေထတာကို လျော့ကျစေပါတယ်။ (၂) ဟင်းခတ်အမွှေးအကြိုင် ကရဝေးရွက်နဲ့ ချင်း(ဂျင်း)တို့လို ဟင်းခတ်အမွှေးအကြိုင်တွေက ပဲနဲ့ ဂေါ်ဖီထုပ်လို အစာကြေခဲတဲ့ သကြားဓာတ်ကို ဖြိုခွဲပေးနိုင်ပါတယ်။ ဒါကြောင့် လေထတာနဲ့ လေပွတာကင်းစေဖို့...
—–၊ ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေ ရောဂါအထူးကုဆရာဝန်ကြီး) ၊—– Q. ကျွန်တော်ဝချင်ပါတယ်။ အအိပ်အစားမမှန်လို့များလား မသိဘူး။ ပိန်နေလို့ပါ။ ဘယ်လိုနေထိုင်ရင် ဝလာနိုင်ပါသလဲခင်ဗျ။ A. ဝချင်ရင် အစားအသောက်ကို ဝအောင်စားဖို့ လိုပါတယ်။ အဓိကကတော့ ထမင်းနဲ့ အဆီအအိမ့်စာတွေ များများစားရင်...