Healthy Life Ad
Health Tips

အူမကြီးကျန်းမာရေး ကောင်းစေရန်

———၊ ဇွန် ၊———

အူမကြီးဆိုတာ ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းတွေ စွန့်ထုတ်ဖို့ ကူညီတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ အူမကြီးဟာ ရေနဲ့ဆားတွေကို စုပ်ယူပြီး ဓာတ်ဆားဟန်ချက်ညီမျှအောင် ထိန်းချုပ်ပါတယ်။ နေ့စဉ် အဆင်သင့်စာ၊ ဆီကြော်စာ၊ ပြုပြင်ထားတဲ့အစာ စတာတွေကို အစားများရင် အူမကြီးထဲမှာ အဆိပ်တွေပြည့်နေနိုင်ပါတယ်။ အူမကြီးရဲ ့ လုပ်ငန်းဆောင်တာ ပုံမမှန်တော့တဲ့အခါ အဆိပ်တွေကြောင့် ပြင်းထန်တဲ့ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်လာစေနိုင်ပါတယ်။

အူမကြီး မကျန်းမာသော လက္ခဏာများ

• ဗိုက်အောင့်ခြင်း

• ဝမ်းချုပ်ခြင်း

• ခါးနာခြင်း

• စိတ်ဖိစီးမှုများခြင်းနှင့် နုံးချည့်ညောင်းညာခြင်း

• လေပွခြင်း

• အရေပြားပြဿနာများဖြစ်ခြင်း

အူမကြီးကျန်းမာတာကြောင့် တစ်ကိုယ်လုံး သန်စွမ်းကျန်းမာစေပါတယ်။ အူမကြီးကျန်းမာတဲ့သူတွေက ယေဘုယျအားဖြင့် အနည်းဆုံး တစ်ရက်တစ်ခါ ဝမ်းသွားလေ့ရှိပါတယ်။ မစင်အညစ်အကြေးတွေက အူမကြီးထဲ စုပုံမှုများလာလေလေ၊ နေထိုင်ရ မသက်မသာဖြစ်လာလေလေပါ။

အူမကြီးကျန်းမာစေမည့် နည်းခုနစ်သွယ်

(၁) တစ်နေ့တစ်ကြိမ်-နှစ်ကြိမ် ဝမ်းသွားတဲ့အလေ့အကျင့်ကို ထားရှိပါ။

(၂) ဝမ်းသွားချင်စိတ်ဖြစ်ပေါ်လာရင် အောင့်မထားပါနဲ့။ ချက်ချင်းသွားပါ။

(၃) ရေနဲ့ သစ်သီးဖျော်ရည် များများသောက်ပါ။ နေ့စဉ်နေ့တိုင်း ရေအလုံအလောက်သောက်တာကြောင့် အူမကြီးကို ကျန်းမာစေပါတယ်။

(၄) စားတဲ့အစာမှာ အမျှင်ဓာတ်များများ ပါဝင်တာကြောင့် အူမကြီးကို သန့်ရှင်းစင်ကြယ်စေပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး အူမကြီးကို ကျန်းမာစေပါတယ်။

(၆) ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ များများစား ပြီး အသားလျှော့စားတဲ့နည်းနဲ့ အူမကြီးကို သန့်စင်ပါစေ။

(၇) အထက်ပါနည်းတွေသုံးပေမယ့် ဝမ်းချုပ်နေရင် ဆေးဖက်ဝင်အပင် (ဥပမာ- ရှားစောင်း လက်ပပ်)အသင့်အတင့်စားပြီး ဝမ်းသွားအောင်ကြိုးစားပါ။

Most Popular

Healthy Life Ad
To Top