Healthy Life Ad
Life Style

လက်ကိုင်ဖုန်းကို သိမ်းမထားသင့်သည့် နေရာ ၁၀ ခု

———၊ ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်) ၊———

ဒီနေ့ခေတ်မှာ လူငယ်တော်တော်များများဟာ ဖုန်းမရှိရင်မနေနိုင်အောင် ဖြစ်လာကြပြီ။ ဖုန်းကို အိပ်ရာနိုးချိန်ကစလို့ အိမ်သာတက်ချိန်၊ တစ်ယောက်ယောက်ကို စောင့်ဆိုင်းချိန်၊ ဘတ်စကားစီးချိန်တွေပါမကျန် လက်ထဲမှာ တကိုင်ကိုင်ဖြစ်လာကြပြီ။ ဖုန်းစွဲလမ်းတဲ့ပြဿနာကြောင့် အလုပ်ထဲမှာ အဆင်မပြေတာရှိသလိုပဲ ဖုန်းကို သိမ်းမထားသင့်တဲ့နေရာမှာ သိမ်းထားမိတဲ့အတွက်လည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အဲဒီနေရာတွေကတော့-

alignnone size-medium wp-image-62878
(၁) ဘောင်းဘီနောက်အိတ်ကပ်

ဘောင်းဘီနောက်အိတ်ကပ်မှာ ထည့်တာက အလွန်မသက်မသာ ဖြစ်စေပါတယ်။ ဖုန်းတွေက လက်နဲ့ထိရင် ရွေ့တာဆိုတော့ လက်ချောင်းတွေထက်တောင်မှ ခလုတ်တွေ နှိပ်မိသလို ဖြစ်တတ်ပါတယ်။ ဘောင်းဘီနောက်အိတ်ကပ်ထဲမှာ ဖုန်းထည့်လို့ မကြာခဏ အစာအိမ်နာနေသလို၊ ခြေထောက်နာသလို ခံစားရတယ်မဟုတ်လား။ ဒါ့အပြင် ဖုန်းထည့်မိမှန်းမသိလို့ ဖင်ထိုင်မိရာက ဖုန်းကျကွဲတာ၊ ဖုန်းပြုတ်ကျတာလည်း ဖြစ်တတ်ပါသေးတယ်။

alignnone size-medium wp-image-62879
(၂) ဘောင်းဘီရှေ ့အိတ်ကပ်

အိတ်မကိုင်တဲ့ အမျိုးသားအများစုက ဘောင်းဘီရှေ ့အိတ်ကပ်ထဲ ဖုန်းထည့်တတ်ပါတယ်။ ဖုန်းကထွက်တဲ့ ဓာတ်ရောင်ခြည်ဖြာထွက်မှုက သုက်ကောင်တွေရဲ ့ အရည်အသွေးနဲ့ အရေအတွက်ကို ထိခိုက်စေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ ဘောင်းဘီထဲမှာ ထည့်ချိန်ကြာလေ၊ အန္တရာယ်ပိုများလေပါပဲ။

alignnone size-medium wp-image-62880
(၃) ဘရာစီယာထဲ

ဘရာစီယာထဲ ဖုန်းထည့်ထားတာက ရင်သားကင်ဆာအန္တရာယ် မြင့်တက်စေတယ်လို့ တချို့လေ့လာသူတွေက ဆိုထားပါတယ်။ သေချာသည်ဖြစ်စေ၊ မသေချာသည်ဖြစ်စေ မထည့်တာက ပိုကောင်းပါတယ်။

(၄) အရေပြားနဲ့ ကပ်လျက်

ဖုန်းကို ပါးပြင်မှာကပ်ပြီး အကြာကြီးမထားပါနဲ့။ ဖုန်းစကရင်ရှိ ဘက်တီးရီးယားတွေက မျက်နှာအရေပြားဆီ ပျံ ့နံ့ရောက်ရှိနိုင်ပါတယ်။ ဖုန်းပြောရင် နားကြပ်နဲ့ပြောတာ အကောင်းဆုံးပါ။

alignnone size-medium wp-image-62881
(၅) တင်ပါးထဲ

ပေါင်အနားမှာ ဖုန်းထည့်တာကြောင့် တင်ပဆုံရိုးတွေကို အားနည်းစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ သင့်အရိုးကို ဂရုစိုက်တဲ့အနေနဲ့ ဖုန်းကို အိတ်ထဲထည့်ထားပါ။

alignnone size-medium wp-image-62882
(၆) တစ်ညလုံး ဖုန်းအားသွင်းထားခြင်း

ဖုန်းကို တစ်ညလုံး အားသွင်းထားတာက လုံးဝမလုပ်သင့်တဲ့ အပြုအမူပါ။ အထူးသဖြင့် သင့်အနားမှာ အားသွင်းထားတာကလည်း မကောင်းပါဘူး။

alignnone size-medium wp-image-62883
(၇) အေးလွန်းသော နေရာများတွင် ထားခြင်း

ရာသီဥတုအေးလွန်းနေချိန်မှာ ကားထဲ ဒါမှမဟုတ် လမ်းပေါ်မှာ ဖုန်းကို အကြာကြီး မထားသင့်ပါဘူး။ နွေးထွေးတဲ့ နေရာမှာ ထည့်သိမ်းထားပေးပါ။

(၈) ပူလွန်းသောနေရာများတွင် ထားခြင်း

အပူချိန်မြင့်လွန်းတာကလည်း အီလက်ထရောနစ်ပစ္စည်းတွေအတွက် အန္တရာယ်ပါပဲ။ ကားထဲ ဒါမှမဟုတ် ကမ်းခြေမှာ ဖုန်းကို မထားသင့်ပါဘူး။ မီးဖိုနားမှာလည်း မထားသင့်ပါ။

(၉) ကလေးတွန်းလှည်းထဲ ထည့်ခြင်း

အမေတွေက ကလေးတွန်းလှည်းထဲမှာ ဖုန်းကိုထည့်ထားတတ်ပါတယ်။ ဒါက အန္တရာယ်မကင်းဘူးလို့ လေ့လာသူတချို ့က ဆိုပါတယ်။ လက်ကိုင်ဖုန်းရဲ ့ သက်ရောက်မှုက ကလေးတွေမှာ အာရုံစူးစိုက်နိုင်စွမ်းချို့တဲ့ပြီး အတက်ကြွလွန်ဝေဒနာ ဖြစ်စေနိုင်ပါသတဲ့။

alignnone size-medium wp-image-62884
(၁၀) ခေါင်းအုံးအောက်

ခေါင်းအုံးအောက်၊ ခေါင်းအုံးဘေးမှာ ဖုန်းထားတာက သာမန်ပဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့ ခေါင်းအုံးအောက်၊ ခေါင်းအုံးဘေးမှာ ဖုန်းထားမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ညဘက်မှာ ဖုန်းကထွက်တဲ့ အလင်းရောင်က လူတွေအိပ်မောကျစေတဲ့ မယ်လတိုနင်ထွက်ရှိမှုကို ထိခိုက်စေပါတယ်။ ဒါကြောင့် ကြာလာချိန်မှာ ခေါင်းကိုက်တာနဲ့ မူးဝေတာတို့ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဖုန်းပေါက်ကွဲတာလည်း ဖြစ်တတ်ပါသေးတယ်။ ခေါင်းအုံးအောက်နဲ့ ခေါင်းအုံးဘေးမှာ ဖုန်းမထားတာ အကောင်းဆုံးပါ။

Most Popular

Healthy Life Ad
To Top