Healthy Life Ad
Life Style

ခြားနားချက် …

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

နတ်သမီးနှစ်ပါးက မြို ့တစ်မြို့ကိုသွားလည်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့က ကြွယ်ဝခြင်းနဲ့ ပျော်ရွှင်ခြင်းပေးနိုင်တဲ့ မိသားစုကိုကောင်းချီးပေးဖို့ ဆုံးဖြတ်ပြီး ဖျော့တော့နွမ်းနယ်တဲ့အသွင် ဖန်ဆင်းလိုက်ကြတယ်။

သူတို့က အိမ်နှစ်အိမ်ရွေးချယ်ပြီး ပထမအိမ်က မြို့ရဲ ့အလယ်နေရာမှာရှိတယ်။ အဲဒီအိမ်ကြီးမှာ အခန်းတွေအများကြီးပါပြီး မိန်းကလေးတွေ ဟန်ဆောင်ထားတဲ့ နတ်သမီးလေးတွေက အိမ်ပိုင်ရှင်ကို အပြင်မှာအေးလွန်းလို့ တစ်ညတာ တည်းခိုပါရစေလို့ ခွင့်တောင်းခဲ့တယ်။ အိမ်ပိုင်ရှင်ကအလွန်ရိုင်းပျစွာ ငြင်းဆန်ပေမယ့် နတ်သမီးလေးတွေက အတင်းတောင်းပန်ခဲ့တဲ့အခါ အိမ်ရဲ ့နောက်ဖေးက အဖီလေးမှာ နေခွင့်ပေးခဲ့တယ်။ အဲဒီအခန်းကလည်း အလွန်အေးပြီး ကျဉ်းနေခဲ့တယ်။

နတ်သမီးလေးတွေလည်း အဲဒီအဖီလေးမှာတည်းရင်း ပြဲနေတဲ့နံရံကို မှော်အစွမ်းနဲ့ပြင်ဆင်ပြီး နေခဲ့တယ်။ နောက်တစ်နေ့မနက်မှာ အဲဒီအိမ်ကနေ နှုတ်ဆက်ပြီး ထွက်ခွာခဲ့ကြတယ်။

နောက်တစ်အိမ်ကျတော့ မြို ့ရဲ ့ထောင့်ကျတဲ့နေရာမှာ ရှိတဲ့အိမ်လေးကို ရွေးချယ်ခဲ့တယ်။ အိမ်ရှင်အမျိုးသမီးကို တစ်ညတာ တည်းခိုခွင့်ပြုဖို့ တောင်းဆိုတော့ အိမ်ရှင်ဇနီးမောင်နှံက လိုလိုလားလား ဖိတ်ခေါ်ခဲ့တယ်။ မိန်းကလေးတွေပုံစံက ပင်ပန်းနေပုံရလို့ အစာကျွေးပြီး အိပ်စရာနေရာပေးခဲ့တယ်။

နောက်တစ်နေ့ကျတော့ အိမ်ပိုင်ရှင်ဇနီးမောင်နှံရဲ ့နွားက သေဆုံးတယ်ဆိုတဲ့ သတင်းကြားခဲ့ရတယ်။ အိမ်ပိုင်ရှင်အမျိုးသမီးကငိုပြီး အိမ်ရှင်အမျိုးသားက ဒီနွားမရှိရင် သူတို့စားဝတ်နေရေး ခက်ခဲပြီဆိုကာ စိတ်ပူပန်နေခဲ့တယ်။ သူတို့က နွားနို့ရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေ ဖြစ်လို့ပါပဲ။

အဲဒီသတင်းကြားလိုက်ရတဲ့အခါ နတ်သမီးဟန်ဆောင်ထားတဲ့ မိန်းကလေးတွေက ရွှေဒင်္ဂါးအပြည့်ပါတဲ့ ရွှေအိုးတစ်အိုးကို အိမ်ရှင်လင်မယားအတွက် အခန်းထဲမှာ ထားခဲ့ကြတယ်။

နှုတ်ဆက်ထွက်ခွာပြီးနောက်ပိုင်းမှာ အိမ်ရှင်လင်မယားဟာ ရွှေအိုးကိုတွေ့လို့ ချမ်းသာကြွယ်ဝသွားကြပါတော့တယ်။

ဒီပုံပြင်လေးက စေတနာကောင်းရင် ကံကောင်းတယ်ဆိုတာကို ဖော်ညွှန်းပြသပေးလိုက်တာပဲ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top