Healthy Life Ad
Health Tips

တစ်နေ့ရှစ်နာရီခန့် အိပ်စက်ပေးရင် သင့်ခန္ဓာကိုယ်က ဘာတွေပြောင်းလဲသွားမှာလဲ . . .

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

တစ်နေ့မှာ အချိန်ရှစ်နာရီခန့် ပုံမှန်အိပ်စက်ပေးတာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အမူအကျင့်တစ်ရပ်ပဲ ဖြစ်တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ အိပ်ရေးပျက်ရင် စိတ်ပိုင်း၊ ခံစားမှုပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ အမေရိကန်မှာဆိုရင် လူ ၁၀ဝ မှာ ၄၀ ဦးကပဲ အိပ်ရေးဝနေတယ်လို့ လေ့လာသူတွေက တွေ့ရှိထားပါတယ်။ တစ်နေ့မှာ အချိန် ၈ နာရီလောက် အိပ်စက်အနားယူပေးရင် သင့်ခန္ဓာကိုယ်က ဘာတွေပြောင်းလဲသွားမှာလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

alignnone size-medium wp-image-62747
(၁) အသစ်တွေကို မြန်မြန်ဆန်ဆန် လေ့လာနိုင်ပါလိမ့်မယ်

အိပ်ချိန် အလုံအလောက်မရရင် သင်ခန်းစာအသစ်တွေမှာ အာရုံစိုက်နိုင်စွမ်းများပြီး အသစ်တွေကို မှတ်မိနိုင်စွမ်း မြင့်မားလာပါလိမ့်မယ်။ အိပ်စက်နေစဉ် သတင်းအချက်အလက်အသစ်တွေကို မှတ်မိနိုင်စွမ်းရှိတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိထားပါတယ်။ တစ်ညလုံး အိပ်ရေးဝ၀ အိပ်ထားရင် သင့်စိတ်နဲ့ခန္ဓာကိုယ်က မနက်ခင်းမှာ ပိုတက်ကြွနေပြီး အသစ်အဆန်းတွေကို သင်ယူလေ့လာနိုင်စွမ်း ပိုရှိစေပါတယ်။

alignnone size-medium wp-image-62748
(၂) ပိုပြီး သတိရှိနေပါလိမ့်မယ်

ပြည့်ပြည့်ဝ၀ အနားယူပြီးတဲ့အခါ အာရုံစိုက်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ စူးစိုက်နိုင်စွမ်းတို့က အမြင့်မားဆုံး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝ၀အိပ်ထားပြီးရင် ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်ပြီး ဆုံးဖြတ်ချက်ကို မြန်မြန်ချမှတ်နိုင်မှာပါ။

(၃) ကိုယ်အလေးချိန်ကို အလွယ်တကူ ထိန်းနိုင်ပါလိမ့်မယ်

အိပ်စက်နေစဉ် ခန္ဓာကိုယ်ကနေ လက်ပ်တင်ဟော်မုန်းတစ်မျိုးထုတ်ပြီး အဲဒီဟော်မုန်းက ဗိုက်ပြည့်စေတဲ့အတွက် အစာတွေကို များများမစားဖြစ်စေပါဘူး။ အပြည့်အဝအနားယူလို့ မရတဲ့အခါ ခန္ဓာကိုယ်ဟန်ချက်ညီမျှမှုပျက်ပြီး အလွန်အမင်း ဗိုက်ဆာလာတတ်ပါတယ်။

(၄) ကျန်းမာရေး ပိုကောင်းလာပါလိမ့်မယ်

အိပ်ရေးဝ၀ အိပ်စက်အနားယူတာက စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေရုံသာမက သွေးတိုးခြင်းနဲ့ သွေးတွင်းကိုလက်စထရောများခြင်း အန္တရာယ်တွေကိုပါ လျော့ကျစေတယ်လို့ သိပ္ပံပညာရှင်တွေက တွေ ့ရှိထားပါတယ်။ အိပ်ရေးပျက်တာက နှလုံးနဲ့ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

alignnone size-medium wp-image-62749
(၅) ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်

အိပ်စက်အနားယူတာက သွေးတွင်းသကြားဓာတ်အဆင့်ကို ဟန်ချက်ညီမျှစေပြီး အင်ဆူလင်ခုခံနိုင်စွမ်းရှိစေကာ အမျိုးအစား (၂) ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုအရ တွေ့ရပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့အဆင့်ရောက်ဖို့ အရေးကြီးပါတယ်။

alignnone size-medium wp-image-62750
(၆) အအေးမိဝေဒနာမှ မြန်မြန်သက်သာလာပါလိမ့်မယ်

နာမကျန်းဖြစ်နေချိန်မှာ အိပ်ငိုက်နေပါသလား။ အိပ်စက်တယ်ဆိုတာ ကျွန်မတို့ခန္ဓာကိုယ်က နာမကျန်းမှုကနေ ပြန်လည်ကောင်းမွန်လာဖို့ အားသွင်းနေတာ ဖြစ်ပါတယ်။ အိပ်စက်အနားယူပေးတာကြောင့် ကိုယ်ခံအားစနစ်က အကောင်းဆုံးဖြစ်ပြီး ဘက်တီးရီးယားပိုးတွေကို တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။

alignnone size-medium wp-image-62751
(၇) အသားအရေက ပိုကြည့်ကောင်းလာပါလိမ့်မယ်

အသားအရေဆိုတာ အထွေထွေကျန်းမာရေးရဲ ့ သင်္ကေတတစ်ခုဖြစ်ပြီး ကျန်းမာခြင်းရဲ ့ ပြယုဂ်ဆိုလည်း မမှားပါဘူး။ အသားအရေက ခန္ဓာကိုယ်မှာ အကြီးမားဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်တာကြောင့် ရာသီဥတု၊ ခရမ်းလွန်ရောင်ခြည်၊ ဖုန်မှုန့်၊ နေဒဏ် စတာတွေနဲ့ ထိတွေ့မှုများတဲ့အခါ အသားအရေ ထိခိုက်တတ်ပါတယ်။ အိပ်စက်အနားယူလိုက်တဲ့အခါ အသားအရေက သူ့အလိုလို ပြန်လည်ပြုပြင်ပေးပါတယ်။

(၈) ဘေးအန္တရာယ်ကင်းကင်း ကားမောင်းနိုင်လာပါလိမ့်မယ်

အိပ်ရေးပျက်နေရင် ကားမောင်းတဲ့အခါ အလွန်အမင်း ပင်ပန်းနေတတ်ပါတယ်။ အိပ်ရေးပျက်တဲ့ ကားမောင်းသမားတွေက အရက်သောက်ထားသလိုပဲ အန္တရာယ်ရှိပါတယ်။

alignnone size-medium wp-image-62752
(၉) ခန္ဓာကိုယ်ဟန်ချက်ကို ပိုထိန်းနိုင်လာပါလိမ့်မယ်

အိပ်ရေးဝ၀ အိပ်စက်အနားယူလိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ဟန်ချက်ညီမျှမှုက ပိုကောင်းလာပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ မတော်တဆထိခိုက်မှုတွေ မကျရောက်အောင် ကာကွယ်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top