Healthy Life Ad
Health Tips

ပန်းသေပန်းညှိုးရောဂါဖြစ်ခြင်းက အမျိုးသားများတွင် အလုပ်လုပ်နိုင်စွမ်းအား ကျဆင်းမှုနှင့် ဆက်စပ်

———၊ ကိုထက် ၊———

ပန်းသေပန်းညှိုးရောဂါဖြစ်တာက အမျိုးသားတွေရဲ ့ ဘဝအရည်အသွေးကို ဆိုးဆိုးရွားရွား ထိခိုက်ပြီး အလုပ်လုပ်နိုင်စွမ်းကို သိသိသာသာ ကျဆင်းစေတယ်လို့ ဆေးလက်တွေ့ဂျာနယ်က ပြုလုပ်တဲ့လေ့လာမှုအရ သိရပါတယ်။

ပန်းသေပန်းညှိုးရောဂါဆိုတာ လိင်ဆက်ဆံမှုအတွက် လုံလောက်တဲ့ လိင်တံထောင်မတ်နိုင်စွမ်းအား နည်းခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ လေ့လာသူတွေက ဘရာဇီးလ်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ယူကေနဲ့ အမေရိကန်စတဲ့ နိုင်ငံရှစ်နိုင်ငံက အသက် ၄၀ နဲ့ ၇၀ ကြား အမျိုးသား ၅၂၀ဝ၀ ကျော်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

လေ့လာမှုအရ ပန်းသေပန်းညှိုးဖြစ်တဲ့ အမျိုးသားတွေက ရောဂါမရှိသူ အမျိုးသားတွေနဲ့ ယှဉ်လိုက်တဲ့အခါ အလုပ်မှ အိမ်ပြန်ရနှုန်းက (၇ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ၃ ဒသမ၂ ရာခိုင်နှုန်း)၊ အလုပ်လုပ်ရင်း နာမကျန်းဖြစ်နှုန်းက (၂၂ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၁၀ ဒသမ ၁ ရာခိုင်နှုန်း)၊ အလုပ်တွင်ကျယ်နိုင်စွမ်း လျော့ကျနှုန်းက (၂၄ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ၁၁ ဒသမ ၂ ရာခိုင်နှုန်း)၊ တက်ကြွမှုလျော့နည်းခြင်းက (၂၈ ဒသမ ၆ ရာခိုင် နှုန်းနဲ့ ၁၄ ဒသမ ၅ ရာခိုင်နှုန်း) ရှိတယ်လို့သိရပါတယ်။

“လေ့လာမှုအရ ပန်းသေပန်းညှိုးရောဂါက အမျိုးသားတွေရဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့ အကြောင်းရင်းမရှိဘဲ အလုပ်မလုပ်ချင်စိတ်ကို ဖြစ်စေတယ်လို့ တွေ့ရပါတယ်”လို့ နယူးယော့ခ်လေ့လာသူက ဆိုပါတယ်။

ပန်းသေပန်းညှိုးရောဂါကို စောစောသိရှိ ကုသမှုခံယူတာက အလုပ်လုပ်နိုင်စွမ်း ထိခိုက်မှုမဖြစ်စေဖို့နဲ့ ဘဝအရည်အသွေး တိုးတက်ကောင်းမွန်စေဖို့ အထောက်အကူပြုတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။

(Ref;zeenews 3-9-19)

Most Popular

Healthy Life Ad
To Top