Healthy Life Ad
Life Style

မီးဖိုချောင်သုံးပစ္စည်းများဖြင့် အသားဖြူအောင် ပေါင်းတင်နည်း

———၊ လရိပ်မေ ၊———

အသားဖြူစင်ဝင်းပဖို့ရာအတွက် မီးဖိုချောင်ထဲက သဘာဝပစ္စည်းတွေသုံးပြီး မျက်နှာကို ပေါင်းတင်ပေးနိုင်ပါတယ်။

နည်းလမ်း (၁) နွားနို့၊ သံပုရာရည်ဖြင့် ပေါင်းတင်နည်း

ဂျုံမှုန့် ထမင်းစားဇွန်းတစ်ဇွန်း၊ နွားနို့ထမင်းစားဇွန်းနှစ်ဇွန်းနဲ့ သံပုရာရည် အစက်နှစ်စက်တို့ကိုရောပြီး မျက်နှာကိုလိမ်းပါ။ အချိန် ၁၅ မိနစ်ကြာမှ ရေနဲ့ ဆေးချလိုက်ပါ။ လေးပတ်ကြာတဲ့အထိ နေ့စဉ်ပေါင်းတင်ပေးပြီး နောက်ပိုင်းမှာ တစ်ပတ်တစ်ကြိမ် ပေါင်းတင်ပေးနိုင်ပါတယ်။

နည်းလမ်း (၂) ခရမ်းချဉ်သီး၊ သံပရာရည်ဖြင့် ပေါင်းတင်နည်း

ကြိတ်ချေထားတဲ့ ခရမ်းချဉ်သီးတစ်လုံးကို သံပရာရည် နှစ်စက်- သုံးစက် ရောထည့်ပြီးမွှေကာ မျက်နှာပေါ်လိမ်းပါ။ မိနစ် ၂၀ ကြာမှ ရေနဲ့ဆေးချလိုက်ပါ။ ဒီနည်းကို တစ်နေ့နှစ်ကြိမ်ပြုလုပ်ပြီး ၁၅-၂၀ ရက် ကြာတဲ့အခါ သိသာတဲ့အကျိုးကျေးဇူးကို တွေ့ရပါလိမ့်မယ်။

နည်းလမ်း (၃) ဂျုံမှုန့်နှင့် ခရမ်းချဉ်သီးဖြင့် ပေါင်းတင်နည်း

ဂျုံမှုန့်၊ ဒိန်ခဲနဲ့ ခရမ်းချဉ်သီးအရည်တို့ကိုရောပြီး မျက်နှာပေါ်လိမ်းပေးပါ။ မိနစ် ၂၀လောက်ကြာမှ ရေအေးနဲ့ဆေးချလိုက်ပါ။ အရေပြားပေါ်က နေလောင်ဒဏ်ရာတွေကို ကင်းစင်စေပြီး အသားအရေကို တောက်ပစေပါတယ်။

Most Popular

Healthy Life Ad
To Top