Healthy Life Ad
Health Tips

ကလလရည်ကြည် (Fertilized egg)

———၊ ဒေါက်တာတင့်ဆွေ ၊———

“ကလလရည်ကြည်”ဆိုတာ မွေးကာစသိုးငယ်ရဲ ့ အကြိမ်ကြိမ်ခါထားတဲ ဆီသုတ်ထားတဲ့ အမွှေးထိပ်ပမာဏလောက်ပဲရှိတယ်ဆိုတာ ဖြစ်နိုင်ပါသလား ဆရာ။

အရွယ်ရှိ အမျိုးသမီးတယောက်ဟာ ကျန်းမာနေရင် လစဉ်လတိုင်း Ovum မ-မျိုးဥတခု ထုတ်ပေးနေတယ်။ မျိုးဥကို Gamate, Egg cell, Egg စသဖြင့်ခေါ်တယ်။ Spermatozoa ခေါ်တဲ့ ကျား-သုက်ပိုးတွေနဲ့ တွေ့ဆုံ-ပေါင်းစပ်ရာကနေ သန္ဓေဆိုတာဖြစ်လာမယ်။ ဒီဖြစ်စဉ်ကို Fertilization လို့ခေါ်တယ်။

Sperm သုက်ပိုးတွေက အမျိုးသမီးရဲ ့မျိုးပွားစနစ်ထဲမှာ ၂-၃ ရက်အထိ အသက်ရှင်နေနိုင်တယ်။ ဒီအတောအတွင်းမှာ ရင့်မှည့်နေတဲ့ မ-မျိုးဥနဲ့တွေ့မှသာ ကိုယ်ဝန်ရစေမယ်။ အကြမ်းအားဖြင့် ၁၂-၂၄ နာရီအတွင်းဖြစ်ရမယ်။ မျိုးစပ်လိုက်ပြီဖြစ်တဲ့ Fertilized egg ကလလရည်ကြည်ဟာ ဆဲလ်ပွားခြင်းတွေ ချက်ချင်းဖြစ်လာတယ်။ Embryo သန္ဓေဖြစ်ဖို့ရာ ၅-၇ ရက်ကြာတယ်။ ဒီအဆင့်မှာ အချင်းမျဉ်းက တလက္မရဲ့ ၁၀ဝ ပုံ ၁ ပုံသာရှိတယ်။

အဲဒါက Implantation သားအိမ်အတွင်းနံရံမှာ လာတွယ်တာကို ကိုယ်ဝန်ရှိပြီလို့ ပြောတာဖြစ်တယ်။ ဒီရက်တွေအတွင်း အဲလိုမဖြစ်စေအောင်လုပ်တာကို Emergency contraception အရေးပေါ်တားနည်းလို့ခေါ်တယ်။ သားအိမ်အတွင်းနံရံမှာ လာတွယ်တာနဲ့ ဟော်မုန်းတမျိုးစထုတ်လာပြီ။ ဒီ Human chorionic gonadotrophin (hCG) ဟော်မုန်းသွေးထဲနဲ့ ဆီးထဲမှာပါ နေ-မနေစစ်တာကို Pregnancy test ကိုယ်ဝန်ရှိ-မရှိစစ်တယ်လို့ ခေါ်တယ်။

“မ-မျိုးဥဆိုတာ မိန်းကလေးမွေးမလာခင် ဗိုက်ထဲမှာကတည်းက ထုတ်နေပြီ။ Primordial egg cells ခေါ်တယ်။ မွေးကာစကလေးမမှာ မ-မျိုးဥ ၂ သန်းရှိနေတယ်။ ဖြစ်-ပျက်-သေ သဘောတရားကို အတိအကျလိုက်နာမယ်။ အပျိုဖြစ်ချိန်မှာ မ-မျိုးဥ ၄ သောင်းသာရှိနေမယ်။ ဒီအရွယ်ကစပြီး လစဉ်ရင့်မှည့်ဖြစ်စဉ်လာပြီ။ တစ်လမှာ တခုက အပြည့်အဝ ရင့်မှည့်တယ်။ နှစ်ခုရင့်မှည့်တာလဲ ဖြစ်နိုင်တယ်။”

Egg size မ-မျိုးဥ အရွယ်အစားဟာ ဖြစ်လာမယ့်သန္ဓေရဲ ့ အရွယ်အစားကို သက်ရောက်တယ်။ Gamete Size အရွယ်အစား သုတေသနတခုမှာ သက်ရှိအကောင် (၃) ခုရဲ ့ မ-မျိုးဥနဲ့ သုက်ပိုး ၅၀ ကို လေ့လာခဲ့တယ်။ အမ-မျိုးဥကို အဆ ၄၀ဝ၊ အဖို -သုက်ပိုးကို အဆ ၁၀ဝ၀ ချဲ ့ကြည်ရတဲ့ Differential microscope အနုကြည့်မှန်ဘီလူးတွေနဲ့ လေ့လာတယ်။ လူကိုတော့ လေ့လာတာမတွေ့မိသေးပါ။ အဖို-အမဆိုတာ သဘာဝလုံးဝမတူကြပါ။

• Egg cell (Ovum, Oocyte)ဆိုတာ လူ့(ဆဲလ်) တွေထဲမှာ အကြီးဆုံးဖြစ်တယ်။ 0.15 ကနေ 0.2 mm အထိရှိတယ်။ မျက်စိကောင်းရင် မြင်နိုင်တယ်။ လုံးဝန်းနေတယ်။ Cytoplasm (ဆိုက်တိုပလာဆမ်)အနှစ်များတယ်။

• Sperm cells ကျား-သုက်ပိုးဟာ လူ့(ဆဲလ်)တွေထဲမှာ အသေးဆုံးဖြစ်တယ်။ အဖြောင့်ဖြစ်တယ်။ ခေါင်း နဲ့ အမြီးပါတယ်။ Nucleus (နူကလိယပ်စ်)သာပါတယ်။

• မ-မျိုးဥဟာ ထွက်လာတာနဲ့ မလှုပ်နိုင်ဘဲ သူနေရတဲ့အရည်မှာ ပေါလောမျောနေတော့တယ်။ သုက်ပိုးက မြန်မြန်ဆန်ဆန်ကူးခပ်သွားလာတယ်။

• မ-မျိုးဥက အထဲမှာသွက်လက်ပြီး၊ အပြင်ရောက်ရင်မလှုပ်တော့ဘူး။ သုက်ပိုးက အထဲမှာမလှုပ်ဘဲ အပြင်ရာက်ရင် သွက်လက်တယ်။ တကယ့်လူဘဝနဲ့ ဆင်တယ်မဟုတ်ပါလား။

• မ-မျိုးဥဟာ Metabolically active ဇီဝဖြစ်စဉ်မှာ တက်ကြွမှုရှိတယ်။ ဓာတ်ပစ္စည်းတွေကို စုပ်ယူနိုင်တယ်။ ထုတ်ပေးနိုင်တယ်။ သူ့သဘာဝ-ဝန်းကျင်မှာ ၁၂-၂၄ နာရီသာ ရှင်နေနိုင်တယ်။ ပျက်စီးဖို့ အင်မတန်လွယ်တယ်။ ဒီအချက်လဲ လူ့ဘဝနဲ့တူတာပဲ။

• သုက်ရည်က ဘာကို မစုပ်ယူနိုင်၊ ထုတ်မပေးနိုင်ဘူး။ သားအိမ်ထဲမှာ ၃-၅ ရက်အထိ ရှင်နေနိုင်တယ်။ အပြင်မှာလဲ အပူချိန် (အအေးချိန်) ၆၀ ဒီဂရီ (စီ)မှာ သိမ်းထားလို့ရတယ်။

• “ယောကျာ်းကောင်း မောင်းမတထောင်” ဆိုတာ ဒီနေရာမှာပြောင်းပြန်။ မျိုးစပ်ဖို့ရာ မ-မျိုးဥတခုတည်းသာလိုပေမဲ့၊ ကျား-သုက်ပိုး သန်းနဲ့ချီပြီးလိုတယ်။ “ခြေတလှမ်း ကုဋေတသန်း”ဆိုတဲ့ စကားမှန်လှတယ်။

• ယောကျာ်းတယောက်မှာ တခါသုက်လွှတ်တာမှာ သုက်ပိုးအရေအတွက် သန်းပေါင်း ၂၀-၄၀ ထက်နည်းရင် Barren အမြုံဖြစ်တယ်။ တကယ်လိုမှာကတော့ တခုတည်းသာ ဖြစ်ပါတယ်။ ချန်ပီယံရှေ ့ဆုံးက ပန်းဝင်တယ်ဆိုတာလဲ မှန်တာပဲ။

• အပူ-အအေး ကြိုက်တာမှာလဲ မတူကြဘူး။ မ-မျိုးဥက ပူနွေးတာကြိုက်ပြီး၊ ကျားသုက်ပိုးက အေးတာကြိုက်တယ်။

• မ-မျိုးဥဆိုတာ မိန်းကလေးမွေးမလာခင် ဗိုက်ထဲမှာကတည်းက ထုတ်နေပြီ။ Primordial egg cells ခေါ်တယ်။ မွေးကာစကလေးမမှာ မ-မျိုးဥ ၂ သန်းရှိနေတယ်။ ဖြစ်-ပျက်-သေ သဘောတရားကို အတိအကျ လိုက်နာမယ်။ အပျိုဖြစ်ချိန်မှာ မ-မျိုးဥ ၄ သောင်းသာရှိနေမယ်။ ဒီအရွယ်ကစပြီး လစဉ် ရင့်မှည့်ဖြစ်စဉ်လာပြီ။ တစ်လမှာ တခုက အပြည့်အဝရင့်မှည့်တယ်။ နှစ်ခု ရင့်မှည့်တာလဲ ဖြစ်နိုင်တယ်။ ကျန်တာတွေ သေဆုံးသွားတယ်။ တွက်ကြည့်ရင် တစ်နှစ်မှာ ၁၃ ခု၊ အပျိုဖြစ်တာကနေ သွေးဆုံးချိန်အထိ၊ အနှစ် ၃၀ ဆိုရင် ရင့်မှည့်တဲ့ မ-မျိုးဥပေါင်း ၄၀ဝ ရှိမယ်။

• ယောကျာ်းတွေမှာကြတော့ ပဌမဆုံးသုက်ပိုးဆိုတာ လူပျိုဖြစ်မှဖြစ်လာတယ်။ ဒိနောက်တော့ စက္ကန့်တိုင်းမှာ ရာနဲ့ချီပြီး ထုတ်နေတော့တာပဲ။ တရက်ဆို သန်းနဲ့ချီတယ်။ အမြဲမပြတ် အသစ်တွေဖြစ်နေတယ်။

• မ-မျိုးဥဆိုရင် အိုဟောင်းရင့်မှည်မှကောင်းပြီး၊ သုက်ပိုးဆိုတာ သစ်လွင်လတ်ဆတ်နေတယ်။ မ-မျိုးဥဟာ သေဆုံးခြင်းဆီ ဦးတည်နေတယ်။ နောက်ဆုံးရပ်တန့်သွားတယ်။ ကျား-သုက်ပိုးက ဘယ်တော့မှ မရပ်ဘူး။

• ချုပ်လိုက်ရင် Egg cell မ-မျိုးဥနဲ့ Sperm ကျား-သုက်ပိုးဟာ Appearance အသွင်သဏ္ဌာန်ရော Processes ဖြစ်စဉ်ပါ Mutually antagonistic အပြန်အလှန်ဆန့်ကျင်ပြီး၊ Opposite ပြောင်းပြန်ဖြစ်ကြတယ်။

Most Popular

Healthy Life Ad
To Top