Healthy Life Ad
Q & A

Vitamin B2 သောက်ခြင်း၏ ကောင်းကျိုးများ

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. Vitamin B2 သောက်ပါက မည်သည့်ကျန်းမာရေးကို မည်သို့အကျိုးရှိသည်ကို သိလိုပါသည်။

A. ဗီတာမင် B2 အကြောင်း မပြောခင် ဗီတာမင်ဓာတ်တွေအကြောင်းကို အရင်ပြောချင်ပါတယ်။ ဗီတာမင်ဆိုတာ သြဂဲနစ်ဒြပ်ပေါင်းတစ်မျိုးဖြစ်တယ်။ ခန္ဓာကိုယ်က မတည်ဆောက်နိုင်တဲ့အတွက် ပြင်ပကနေ ရယူရတယ်။ ဘယ်ကနေ အဓိက ရယူသလဲဆိုတော့ အစားအသောက်ကနေ အဓိကရယူပါတယ်။ ဗီတာမင်ဒီဆို နေရောင်ခြည်ကရတဲ့ဓာတ်ကို အရေပြားက တည်ဆောက်ယူရတယ်။ ဒါကြောင့် ဗီတာမင်ဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းဖြစ်တယ်။ ခန္ဓာကိုယ်က မတည်ဆောက်နိုင်ရင် ပြင်ပကနေ ရယူရပါတယ်။ B2 ဆိုတာ ဗီတာမင်ဘီအုပ်စုထဲမှာပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒီဓာတ်တွေကလည်း နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေကနေ အကုန်လုံး အဓိကပါဝင်ပါတယ်။ ဘယ်လိုလူတွေမှာ ဗီတာမင်ချို ့တဲ့မလဲဆိုတော့ အစားအသောက်ကို မျှတလုံလောက်တဲ့ အာဟာရ(အသား၊ ငါး၊ အသီးအရွက်၊ အသီးအနှံ၊ ဆန်၊ ဂျုံ စတဲ့ ကာဗိုဟိုက်ဒရိတ်)တွေကို မျှမျှတတ မစားရင် ချို ့တဲ့နိုင်ပါတယ်။ ထမင်းရည်ကိုငှဲ့ပြီး ချက်စားတယ်၊ ထမင်းရည်ကို ပြန်မသောက်ဘူး . .နှစ်ရှည်လများဆိုရင် ဗီတာမင်ဘီဓာတ် ချို ့တဲ့တတ်တယ်။ ကိုယ်ဝန်ဆောင်တွေ၊ ကြီးထွားဖွံ့ဖြိုးဆဲ ကလေးတွေမှာ ဗီတာမင်ဘီဓာတ်တွေ ပိုလိုအပ်ပါတယ်။ ဒီလိုလူတွေနဲ့ အစားအသောက်ရှောင်တဲ့သူတွေမှာ ဗီတာမင်ဘီချို ့တဲ့တာ တွေ့ရတတ်ပါတယ်။ ဗီတာမင်ရဲ ့သဘောက ချို ့တဲ့သူတွေမှာ ဖြည့်စွက်ပေးရင် ချို ့တဲ့မှုကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ချို ့တဲ့မှုမရှိသူတွေမှာပေးရင် ဘာမှအကျိုးထူးမှာ မဟုတ်ပါဘူး။ B2 ကလည်း မျှတလုံလောက်စွာ စားသောက်နေသူတွေအတွက် အထွေအထူးလိုအပ်မှာ မဟုတ်ပါဘူး။ B2 က အရေပြားတည်ဆောက်မှုမှာ ပါဝင်တဲ့အတွက် အရေပြားဆိုင်ရာလက္ခဏာတွေ၊ လျှာမှာအနာတွေဖြစ်လို့ ဆရာဝန်ညွှန်ကြားချက်နဲ့သောက်ရင် အကျိုးရှိပါတယ်။ မချို ့တဲ့သူတွေမှာသောက်ရင် ဘာမှအကျိုးမရှိပါဘူး။

Most Popular

Healthy Life Ad
To Top