Healthy Life Ad
Life Style

ဆံပင်သန်စွမ်းစေမည့် အာဟာရ

———၊ လရိပ်မေ ၊———

(၁) ငါးကြေးဆီ

ရောင်ရမ်းမှုလျော့ကျစေဖို့ တစ်နေ့တာအတွင်း ငါးကြီးဆီတစ်တောင့် – နှစ်တောင့်ကို မှီဝဲပါ။ မက်ကရယ်ငါး၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ ကြက်ဥအနှစ် စတာတွေမှာ ငါးကြီးဆီပါဝင်ပါတယ်။

(၂) ဗီတာမင်ဘီအုပ်စု

ဗီတာမင်ဘီအုပ်စုပါဆေးကို တစ်နေ့တစ်ပြား မှီဝဲပေးပါ။ ကြက်ဥ၊ အမဲသား၊ ကြက်သား၊ ထောပတ်သီး၊ ပဲသီး၊ အခွံမာအစေ့အဆန်နဲ့ အာလူးတွေက ဗီတာမင်ဘီချို့တဲ့မှုမဖြစ်အောင် ရှောင်လွှဲနိုင်ပြီး ဆံပင်သန်စွမ်းစေပါတယ်။

(၃) သံဓာတ်

သံဓာတ်ပါတဲ့ မာလ်တီဗီတာမင်အားဆေးကို တစ်နေ့တစ်လုံး မှီဝဲပေးပါ။ ဟင်းနုနယ်ရွက်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ ကြက်ဥအနှစ်၊ အမဲသား၊ ပဲကြီးစေ့ စတာတွေမှာ သံဓာတ်ပါဝင်မှုများပါတယ်။

(၄) ဗီတာမင်စီ

ဗီတာမင်စီ ၅၀ဝ-၁၀ဝ၀ မီလီဂရမ်ပါတဲ့ဆေးကို တစ်နေ့နှစ်ကြိမ် မှီဝဲပေးပါ။ လိမ္မော်သီး၊ ငရုတ်ပွသီး၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီသီး၊ ဂရိတ်ဖရုနဲ့ ကီဝီသီးတို့မှာ ဗီတာမင်စီပါဝင်မှု များပါတယ်။

(၅) ဗီတာမင်ဒီ

တစ်နေ့မှာ ဗီတာမင်ဒီ ၅၀ဝ၀ အိုင်ယူ မှီဝဲပါ။ ဒါမှမဟုတ် နေခြည်နုနုကို ၁၀ -၁၅ မိနစ်ခန့်ခံယူပါ။ မက်ကရယ်ငါး၊ ဆယ်လ်မွန်ငါး၊ မှို စတာတွေမှာ ဗီတာမင်ဒီ ပါဝင်မှုများပါတယ်။

Most Popular

Healthy Life Ad
To Top