Healthy Life Ad
Life Style

ကလိထိုးတဲ့အခါ ဘာကြောင့် လူတွေရယ်မောကြတာလဲ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

တကယ်ဆိုရင် ကလိထိုးခံရတာက လူအများစုအတွက် အလွန်စိတ်မသက်မသာဖြစ်ရတဲ့ အခြေအနေတစ်ရပ်ပါ။ ဒါပေမဲ့ အဲဒီအခြေအနေမှာ ရယ်ချင်ကြပါတယ်။ ဟာသဇာတ်ကားကြည့်ရသလို ရယ်ဖို့ကောင်းတဲ့ အခြေအနေ မဟုတ်ဘဲနဲ့ မသက်မသာ ရယ်မိတတ်ကြပါတယ်။

ကလိထိုးလိုက်တဲ့အခါ အရေပြားရဲ ့အပေါ်ဆုံးအလွှာ (Epidermis) ရှိ အာရုံကြောတွေကို လှုံ့ဆော်လိုက်တဲ့အတွက် အဲဒီအာရုံကြောတွေက အာရုံကြောစနစ်ကတစ်ဆင့် ဦးနှောက်ဆီကို အချက်ပြသင်္ကေတတစ်ခု ပေးပို့လိုက်ပါတယ်။ ကလိထိုးတဲ့အခါ ဦးနှောက်အစိတ်အပိုင်း နှစ်ခုအနက် တစ်ခုဖြစ်တဲ့ Somatosensory Cortes က ထိတွေ့မှုကိုသိပြီး တခြားအပိုင်းဖြစ်တဲ့ Anterior Cingulated Cortex က သာယာတဲ့ခံစားချက် ရစေပါတယ်။ တစ်ပြိုင်တည်းမှာပဲ ဦးနှောက်အစိတ်အပိုင်း ဟိုက်ပိုသားလမတ်စ်က နာကျင်မှုဖြစ်စေတဲ့ ခံစားချက်ရလာပါတော့တယ်။ ဒါကြောင့် ကလိထိုးခံရတဲ့အခါ လူတွေက အနှိပ်စက်ခံရသလို စိတ်မသက်မသာဖြစ်ရတဲ့အတွက် ခန္ဓာကိုယ်တောင့်သွားပြီး ကာကွယ်မှုတွေ လုပ်လာကြတာ ဖြစ်ပါတယ်။

ဒါကြောင့် မထိတထိတို့တာမဟုတ်ဘဲ အလွန်အမင်း ကလိထိုးတဲ့အခါ ချိုင်း(ဂျိုင်း)နဲ့ ဝမ်းဗိုက်လို ထိလွယ်ခိုက်လွယ်တဲ့ အရေပြားတွေက ဦးနှောက်ဆီကို အနှိပ်စက်ခံရကြောင်း အချက်ပြသင်္ကေတ ပေးပို့တဲ့အတွက် ရယ်ချင်ကြတာပါ။ ဒါပေမဲ့ ကျွန်မတို့တွေ ကိုယ့်ဘာသာ ကလိထိုးတဲ့အခါမှာတော့ ဦးနှောက်က ကိုယ့်ဘာသာလုပ်နေမှန်း သိတာကြောင့် မရယ်ချင်ကြတာပဲ ဖြစ်ပါတယ်။

(မှတ်ချက်။ ။ ကလေးတွေကို အလွန်အမင်း ကလိထိုးခြင်း မပြုလုပ်သင့်ပါ)

(Ref;Mental)

Most Popular

Healthy Life Ad
To Top