Healthy Life Ad
Life Style

အသက် ၂၁ နှစ်အရွယ် လူငယ်များအတွက် အကြံပြုချက် ၁၀

———၊ ငွေကြယ်စင်ယံ ၊———

(၁) အမှားတွေကို မကြောက်ပါနဲ့၊ အမှားကနေ သင်ခန်းစာယူပါ။

(၂) ကိုယ့်ခံစားချက်ကို သိနားလည်ပါ၊ ကိုယ့်ခံစားချက်ကို ဖွင့်ဟပြဖို့ ဘယ်တော့မှမကြောက်ပါနဲ့။

(၃) ပြောဖို့ထက် များများနားထောင်ပေးပါ၊ မေးခွန်းကောင်းတွေ မေးမြန်းပါ။

(၄) ဆင်ခြေပေးနေမယ့်အစား ကိုယ့်မှာရှိတာလေးနဲ့ ကြိုးစားလုပ်ကိုင်ကြည့်ပါ။

(၅) ကိုယ်ပျော်မွေ့တဲ့အလုပ်ကို ရှာဖွေပြီး အဲဒါကို အောင်မြင်လာဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်လုပ်ဆောင်ပါ။

(၆) ရုပ်ဝတ္ထုပစ္စည်းတွေထက် အတွေ့အကြုံရအောင် ကြိုးစားရှာဖွေပါ။

(၇) ကိုယ်က ကိုယ်ပဲဆိုတဲ့အသိနဲ့ တခြားသူတွေနဲ့ မယှဉ်ပါနဲ့။

(၈) မအောင်မြင်မှုနဲ့ အလွဲအမှားတွေကို ပြန်လည်သုံးသပ်ဖို့ အချိန်ယူပါ။

(၉) ကိုယ့်အနားမှာ ရှိတဲ့သူတွေ စိတ်ခံစားချက်ကောင်းနေဖို့ အရိုးရှင်းဆုံးနည်းလမ်း၊ မေတ္တာဖြန့်ဝေတဲ့ နည်းလမ်းနဲ့နေထိုင်ပါ။

(၁၀) ကိုယ့်ကိုယ်ကိုယ် ပိုတော်လာအောင် ရင်းနှီးမြှုပ်နှံပါ။ သင်ယူလေ့လာမှုကို ဘယ်တော့မှ ရပ်မပစ်လိုက်ပါနဲ့။

Most Popular

Healthy Life Ad
To Top