Healthy Life Ad
Life Style

မနက်တိုင်း တရုတ်နံနံဖျော်ရည် သောက်တဲ့အခါ သင့်ခန္ဓာကိုယ်ပြောင်းလဲစေမယ့် နည်း ၆ သွယ်

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

တရုတ်နံနံမှာ အမျှင်ဓာတ်ပါဝင်မှု အလွန်များတာကြောင့် ဗိုက်ပြည့်စေပါတယ်။ တရုတ်နံနံပင်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ပုံမှန်စားပေးသင့်ပါတယ်။ တရုတ်နံနံဖျော်ရည်မှာ သကြားနဲ့ ကယ်လိုရီပါဝင်မှု အလွန်နည်းပြီး တစ်ဖန်ခွက်စာမှာ အမျှင်ဓာတ်ပါဝင်မှု များပါတယ်။ တရုတ်နံနံပင်ကို ရေနည်းနည်းနဲ့ကြိတ်ပြီး ဖျော်သောက်ရမှာပါ။

alignnone size-medium wp-image-61954
(၁) အမြင်အာရုံဆိုင်ရာ ဝေဒနာတွေကို ကာကွယ်ပေးနိုင်ပါတယ်

တရုတ်နံနံပင်မှာ ဗီတာမင်အေပါဝင်မှု အလွန်မြင့်မားတာကြောင့် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ မျက်စိကို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ဒဏ်မကျရောက်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အတွင်းတိမ်ရောဂါလို အသက်ကြီးတာနဲ့ဆိုင်တဲ့ အမြင်ပိုင်းဆိုင်ရာ ပြဿနာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

alignnone size-medium wp-image-61955
(၂) ကင်ဆာအန္တရာယ်ကို လျော့ကျစေပါတယ်

တရုတ်နံနံပင်မှာ လူတီအိုလင်ပါဝင်ပြီး ဒီဓာတ်က ကင်ဆာဆဲလ်တွေကို အားနည်းသွားစေပါတယ်။ တရုတ်နံနံကို ရှေးကတည်းက ကင်ဆာတားပစ္စည်းအဖြစ် တရုတ်လူမျိုးတွေက သုံးခဲ့ကြပါတယ်။

alignnone size-medium wp-image-61956
(၃) အက်စစ်ကဲတဲ့ အစားအသောက်တွေကို ဓာတ်ပြယ်စေပါတယ်

တရုတ်နံနံပင်မှာ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဆိုဒီယမ်ပါဝင်မှုများပြီး အယ်လ်ကာလီအစွမ်းရှိပါတယ်။ တရုတ်နံနံဖျော်ရည်သောက်ရင် ကိုယ်တွင်းစံဓာတ် ဟန်ချက်ညီစေပါတယ်။ အက်စစ်ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် အရိုးထိခိုက်ခြင်း၊ ဆီးကျောက်တည်ခြင်းနဲ့ အသည်း၊ နှလုံးကျန်းမာရေး ပြဿနာဖြစ်ခြင်းတွေလို ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ နေ့စဉ် ဒီအစာအများကြီး စားတာကြောင့် အက်ဆစ်ဓာတ်လွန်ကဲစေတယ်ဆိုရင် တရုတ်နံနံဖျော်ရည် သောက်ပေးလိုက်တဲ့အခါ ကိုယ်တွင်းစံဓာတ် ဟန်ချက်ညီစေလို့ပါ။

(၄) အရည်ဟန်ချက်ညီမျှမှုကို ထိန်းညှိပေးပါတယ်

တရုတ်နံနံပင်မှာ ပိုတက်စီယမ်ပါဝင်မှုများပြီး ဒီဓာတ်က ခန္ဓာကိုယ်တွင်းရှိ ဖြစ်စဉ်အများစုမှာ သိသာတဲ့ အခန်းကနေ ပါဝင်နေပါတယ်။ ပိုတက်စီယမ်က ကိုယ်ခန္ဓာတွင်း လုပ်ငန်းဆောင်တာ ကောင်းကောင်းလုပ်နိုင်ဖို့ တတိယအရေးပါဆုံး သတ္တဓာတ်ဖြစ်ပါတယ်။ ဒါက ဆဲလ်တွင်းရေဓာတ်ကို ဟန်ချက်ညီမျှစေပါတယ်။

alignnone size-medium wp-image-61957
(၅) အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်

အမျိုးအစား (၂) ဆီးချိုရောဂါက အခုခေတ်မှာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်လာပါတယ်။ ၂၀၃၀ မှာ ကမ္ဘာတစ်ဝန်းလုံးက လူဦးရေ သန်း ၄၀ဝ ကျော် ဆီးချိုရောဂါ ခံစားလာမယ်လို့ ခန့်မှန်းထားပါတယ်။ တရုတ်နံနံပင်မှာ ဗီတာမင် ကေ အများဆုံးပါဝင်ပြီး အင်ဆူလင်တုန့်ပြန်နိုင်စွမ်းကို ကောင်းမွန်စေလို့ပါ။

(၆) ဖောလိတ်ဓာတ်ပါဝင်မှု များပါတယ်

ဖောလိတ်ဆိုတာ ဗီတာမင်ဘီအုပ်စုထဲက ပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ရိုးတွင်းခြင်ဆီထဲက သွေးနီဥနဲ့ သွေးဖြူဥအတွက် မရှိမဖြစ်ဓာတ်တစ်မျိုးပါ။ ကာဗိုဟိုက်ဒရိတ်တွေကို စွမ်းအင်အဖြစ် ပြောင်းပေးပြီး ပရိုတင်းဓာတ်ဖြိုခွဲခြင်းနဲ့ ဒီအင်န်အေထုတ်လုပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးပါတယ်။ တရုတ်နံနံပင်တစ်ခွက်စာမှာ ဖောလိတ်ဓာတ် ၁၄၅ မိုက်ခရိုဂရမ်ပါဝင်တာကြောင့် ဒါက အမျိုးသားနဲ့ အမျိုးသမီးအတွက် လိုအပ်တဲ့ပမာဏရဲ့ ၃၆ ရာခိုင်နှုန်းကျော်၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်လိုအပ်တဲ့ ပမာဏရဲ့ ၂၉ ရာခိုင်နှုန်းကျော် ရှိပါတယ်။

အကြံပြုချက်

အိမ်မှာ တရုတ်နံနံပင်ကို စိုက်တာက လူအများထင်တာထက်ပိုလွယ်ပါတယ်။ ရေမှန်မှန်လောင်းပေးပြီး နေ့တိုင်း တရုတ်နံနံကိုခူးပြီး ဖျော်ရည်တစ်ခွက် ဖျော်သောက်ပေးပါ။

alignnone size-medium wp-image-61958

Most Popular

Healthy Life Ad
To Top