Healthy Life Ad
Life Style

သဘာဝအလင်းရောင်ရပြီး လေဝင်လေထွက်ကောင်းသော ရုံးခန်းက အလုပ်လုပ်သူတို့၏ ကျန်းမာရေးကို ကောင်းမွန်စေနိုင်

———-၊ ကိုထက် ၊———

သစ်ပင်များ၊ မြင်ကွင်းကောင်းများနှင့် သဘာဝနေ့အလင်းရောင်တို့ရှိပြီး လေဝင်လေထွက်ကောင်းသော ရုံးခန်းကြောင့် အလုပ်လုပ်သူတို့၏ ကျန်းမာရေးကောင်းမွန်ကာ အလုပ်တွင်ကျယ်နိုင်စွမ်း ၁၁ ရာခိုင်နှုန်းနှင့် အထက်မြင့်တက်မှုရှိကြောင်း လေ့လာသူတို့က ဆိုသည်။

ရုံးခန်းတွင်း လေဝင်လေထွက် ကောင်းမွန်ခြင်းသည် ဝန်ထမ်းတို့၏ အလုပ်လုပ်နိုင်စွမ်းအားကို သိသိသာသာ တိုးတက်ကောင်းမွန်စေနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ကမ္ဘာ့စိမ်းလန်းသော အဆောက်အအုံကောင်စီအရ သိရသည်။

ရုံးခန်းအလင်းရောင်၊ ဆူညံသံနှင့် အခန်းအနေအထားနှင့် စိမ်းလန်းသော မြင်ကွင်း အစရှိသည်တို့သည် အလုပ်လုပ်သူတို့၏ ကျန်းမာရေးနှင့် အလုပ်လုပ်နိုင်စွမ်းအားတို့အပေါ် သက်ရောက်မှုရှိကြောင်း မှတ်တမ်းအရသိရသည်။

ရုံးခန်းထဲတွင် သဘာဝနေ့အလင်းရောင် ရရှိခြင်းဖြင့် အလုပ်လုပ်သူတို့၏ ကျန်းမာရေးကို ပိုကောင်းစေပြီး အလုပ်တွင်ကျယ်ကာ စွမ်းအင်အသုံးပြုမှုကို လျော့ကျစေကြောင်း လေ့လာသူတို့က ဆိုသည်။

“ရုံးခန်းအပြင်အဆင် ကောင်းမွန်တာနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကောင်းမွန်မှု၊ အလုပ်တွင်ကျယ်မှုအကြား ဆက်စပ်မှုရှိနေပါတယ်။ ဒါကြောင့် စိမ်းလန်းတဲ့ လုပ်ငန်းခွင်အနေအထားကို တည်ဆောက်သင့်ပါတယ်”ဟု ကမ္ဘာ့စိမ်းလန်းသော အဆောက်အအုံကောင်စီ အမှူဆောင်အရာရှိချုပ် ဟင်နလေကဆိုသည်။

ရုံးခန်းတစ်ဝိုက် စိမ်းလန်းသော နေရာတွင် အလုပ်လုပ်ရသူတို့သည် အလုပ်တွင်ကျယ်မှု ၁၅ ရာခိုင်နှုန်း မြင့်တက်မှုရှိကြောင်း လေ့လာတွေ့ရှိရသည်။

(Ref;DM)

Most Popular

Healthy Life Ad
To Top