———၊ လရိပ်မေ ၊———
သင်အလှပြင်ရာမှာ သုံးနိုင်ဖို့ သင့်မိတ်ကပ်ပစ္စည်းတွေ ထည့်တဲ့အိတ်ထဲမှာ အောက်ပါအသုံးအဆောင်လေးမျိုးတော့ ရှိသင့်ပါတယ်။
(၁) အဆီစုပ်စက္ကူ
ချွေးထွက်များတဲ့အခါ၊ အဆီပြန်တဲ့အခါတွေမှာ မျက်နှာပြင်ပေါ်က အဆီတွေကို သုတ်နိုင်အောင် အဆီစုပ်စက္ကူကို ဆောင်ထားသင့်ပါတယ်။
(၂) မျက်လုံးအောက်တွင်လိမ်းသော ကွန်ဆဲလ်လာ
မိတ်ကပ်လိမ်းတဲ့အခါ မျက်ဝန်းတွေ ကြည်လင်တောက်ပပြီး မျက်ကွင်းညိုခြင်းကင်းစေဖို့ မျက်လုံးအောက်မှာ လိမ်းရတဲ့ ကွန်ဆဲလ်လာ (Undereye Concealer)ကို လိမ်းသင့်ပါတယ်။
(၃) ပါးနီအစို
ခြယ်သထားတဲ့ ပါးနီအရောင်က ပျက်ပြယ်လေ့ရှိတာကြောင့် နှုတ်ခမ်းဆိုးဆေးအဆီလို ပါးနီအဆီကို လိမ်းသင့်ပါတယ်။
(၄) မျက်ဝန်းဆွဲခဲတံ
ညဘက်မှာပါ မျက်ဝန်းတွေ ဆွဲဆောင်အားကောင်းနေအောင် မျက်ဝန်းဆွဲခဲတံကို Blendable eye pencil အမျိုးအစားသုံးပြီး အိုင်းလိုင်နာနဲ့ ထပ်ဖြည့်ပေးပါ။
