Healthy Life Ad
Health Tips

မျက်စိကျန်းမာစေမည့် အစာ

မျက်စိကျန်းမာရေးစင်တာရဲ့လေ့လာမှုတစ်ရပ်အရ တစ်ပတ်မှာ ငါးကို နှစ်ကြိမ်စားတဲ့သူတွေဟာ အသက်ကြီးတာကြောင့် မက်ကူလာယိုယွင်းပျက်စီးတဲ့ အန္တရာယ်ကို ၅၀ ရာခိုင်နှုန်းနီးပါး လျော့ကျစေကြောင်း သိရပါတယ်။ ဥအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ရေကညွတ် စတဲ့ အစားအစာတွေမှာလည်း အင်တီအောက်ဆီးဒင့် လူတင်နဲ့ ဇီဇန်သင်းတို့ ပါဝင်နေတာကြောင့် မျက်စိကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ဗီတာမင် စီ၊ ဗီတာမင် အီး၊ သွပ်ဓာတ်(ဇင့်)နဲ့ ဘီတာကယ်ရိုတင်းတို့ဟာ မျက်စိကျန်းမာရေးကို ကောင်းမွန်စေတာကြောင့် အဲဒီအာဟာရဓာတ်တွေကို စားပေးလိုက်ရင် မျက်စိကိုလည်း ကျန်းမာစေပါတယ်။

Most Popular

Healthy Life Ad
To Top