Healthy Life Ad
Life Style

ခံတွင်းအနံ့ဆိုးကင်းပြီး အနံ့အသက်ကောင်းစေဖို့ . . .

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

အထူးသဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) ကို အချိန်ပြည့်တပ်နေရတဲ့ ဒီအချိန်မျိုးမှာ ခံတွင်းအနံ့အသက် မကောင်းတာမျိုးမဖြစ်အောင် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) အစာစားပြီးတိုင်း ခံတွင်းကို ရေနဲ့ပလုတ်ကျင်းပေးတဲ့နည်းက ခံတွင်းအနံ့ဆိုးမထွက်အောင် ကာကွယ်ပေးနိုင်တဲ့ အလွယ်ဆုံးနည်း ဖြစ်ပါတယ်။

♦ သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို နေ့စဉ်လုပ်ဆောင်ပေးသင့်ပါတယ်။

♦ တစ်နေ့တာလုံး စားချင်သမျှစားပြီး ညအိပ်ရာဝင်ချိန်မှာ သွားမတိုက်ရင် သွားဖုံးနဲ့ သွားမှာ ကပ်နေတဲ့ စားကြွင်းစားကျန်တွေက ပိုးတွေပေါက်ပွားစေနိုင်ပါတယ်။ ဒါကြောင့် သွားနဲ့ သွားဖုံးတွေ စင်ကြယ်နေအောင် သွားတိုက်ပေးသင့်ပါတယ်။

♦ သွားတိုက်တံကိုသုံးပြီး သွားနဲ့ခံတွင်းကို သန့်စင်ပေးပါ။

♦ နေ့စဉ် ညအိပ်ရာမဝင်ခင်နဲ့ နံနက်အိပ်ရာထ နံနက်စာစားပြီးချိန် နှစ်ကြိမ် သွားတိုက်ပေးပါ။

♦ သွားကြိုသွားကြားမှာ ကပ်ညိနေတတ်တဲ့ စားကြွင်းစားကျန်တွေ ကင်းဝေးအောင် သွားကြားပွတ်ကြိုးကို သုံးပေးပါ။

♦ သွားကြားပွတ်ကြိုးကို မသုံးဖြစ်ရင် ဒါမှမဟုတ် သုံးဖို့အဆင်မပြေရင် သွားကြားထိုးတံ အနုစားကို သုံးပေးပါ။

♦ သင့်တော်ရာ ခံတွင်းသန့်ဆေးရည်ကို ငုံပေးပါ။

♦ သွားနဲ့ခံတွင်းဆရာဝန်ထံ မှန်မှန်စစ်ဆေးပြသမှု ခံယူပါ။

♦ ခံတွင်းအနံ့ဆိုးတာနဲ့ ဆရာဝန်ထံ သွားပြသင့်ပါတယ်။ ခြောက်လတစ်ကြိမ် ပုံမှန်စစ်သင့်ပါတယ်။ အထွေထွေရောဂါတွေကို သက်ဆိုင်ရာဆရာဝန်ထံ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

♦ လျှာကိုစစ်ဆေးပါ။ လျှာအညှိတက်နေရင် လျှာပွတ်တံကို သုံးပါ။

(၂) အစားအစာကြောင့် ခံတွင်းအနံ့ဆိုး မထွက်အောင် ကြွပ်ဆတ်တဲ့ အသီးအနှံတွေဖြစ်တဲ့ ပန်းသီး၊ သစ်တော်သီး၊ မာလကာသီး၊ ကျွဲကောသီး၊ ရှောက်ချို၊ လိမ္မော်သီး စတဲ့ အသီးတွေကို စားပေးပါ။ အနံ့ပြင်းတဲ့ အစာတွေကို စားမိရင် စားပြီးပြီးချင်း ပလုတ်ကျင်းပြီး သွားတိုက်ပေးပါ။

(၃) သက်ဆိုင်ရာ သွားနှင့်ခံတွင်းကုဆရာဝန်နဲ့ ရောဂါစစ်တာ၊ ကုသတာတွေ ပြုလုပ်ပါ။ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပါ။

Most Popular

Healthy Life Ad
To Top