Healthy Life Ad
Q & A

ကိုဗစ်ဖြစ်ပြီးသူတွေက ပိုးပြန်ဝင်နိုင်ခြေ (Reinfection) ဘယ်လောက်ရှိပါသလဲ

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။ ၊—–

Q. ကိုဗစ်ဖြစ်ပြီးသူတွေက ပိုးပြန်ဝင်နိုင်ခြေ (Reinfection) ဘယ်လောက်ရှိပါသလဲ ဆရာ။

A. ကိုဗစ်ဖြစ်ပြီးသူတွေမှာ ယေဘုယျအားဖြင့် သူရဲ ့ကိုယ်ခံအားစနစ်က ငါးလအထိ ခံနိုင်တယ်ဆိုပြီး လေ့လာမှုတစ်ခုက ဆိုထားပါတယ်။ ဒီငါးလအတွင်း ကိုဗစ်ပိုးဝင်လာခဲ့ရင် သူ့မှာ လက္ခဏာမပေါ်ဘဲနဲ့ ခန္ဓာကိုယ်ကနေ ပြန်တိုက်ထုတ်နိုင်တယ်ဆိုတဲ့ သဘောပေါ့။ ဥရောပမှာ ကိုဗစ်ဖြစ်ပြီး ပိုးပြန်ဝင်တဲ့သူရှိတယ်လို့ ပြောပေမယ့် ဘယ်လောက်ရာနှုန်းဖြစ်နိုင်ခြေ ရှိတယ်ဆိုပြီး ပြောဖို့ခက်ပါတယ်။ တစ်နှစ်တာအတွင်း ကိုဗစ်ဖြစ်ပြီးသူတွေ ပြန်ဖြစ်နိုင်ခြေကတော့ တော်တော်နည်းပါသေးတယ်။ အမေရိကန် CDC မှာ ပြောထားတာက ကိုဗစ်ဖြစ်ပြီး ပြန်ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲ၊ ဘယ်လောက်ကြာရင် ပြန်ဖြစ်နိုင်ခြေရှိလဲဆိုတာတွေကို လေ့လာနေဆဲပဲ ရှိသေးတယ်တဲ့။ ပထမတစ်ခေါက် ပိုးဝင်ပြီး နောက်တစ်ကြိမ် ပိုးပြန်ဝင်ရင် ပြင်းထန်မှုဘယ်လောက်ရှိသလဲဆိုတာလည်း မသိသေးဘူး။ တချို ့လူနာတွေမှာ ပိုးဝင်ပြီးနောက် ၃ လအကြာမှာ ပြန်စစ်တဲ့အခါ ပိုးရှိနေသေးတယ်လို့ ပြတဲ့အတွက် ပထမတစ်ခေါက် ဝင်ရောက်ထားတဲ့ ပိုးကပဲ ကျန်နေသေးတာလား၊ ဒုတိယတစ်ကြိမ် ပြန်ဝင်တာလားတောင် မခွဲနိုင်သေးဘူး။ ဒါကြောင့် ကိုဗစ်ဖြစ်ပြီးသူတွေ ပိုးပြန်ဝင်နိုင်ခြေ ဘယ်လောက်ရှိလဲဆိုတာကတော့ လေ့လာဆဲပဲ ရှိပါသေးတယ်။

Most Popular

Healthy Life Ad
To Top