Healthy Life Ad
Life Style

မျက်နှာတစ်ဖက်ခြမ်းက အခြားတစ်ဖက်ထက်ပိုပြီး ဘာကြောင့်ဆွဲဆောင်မှုရှိသလဲဆိုသည်ကို လေ့လာမှုတစ်ခုက ဖော်ပြ

———၊ ကိုထက် ၊———

မဲလ်ဘုန်းရှိ လာထရော့ဘ်တက္ကသိုလ်မှ စိတ်ပညာရှင် ပါမောက္ခတစ်ဦးက ဆဲလ်ဖီဓာတ်ပုံရိုက်သူအ များစုဟာ သူတို့ဘယ်ဘက်မျက်နှာအခြမ်းကို ပုံတင်ပြသရတာ သဘောကျကြောင်း တွေ ့ရှိထားပါတယ်။ သူက အင်စတာဂရမ်ရှိ ဆဲလ်ဖီပုံ ၂၀ဝဝ ကျော်ကို ဆန်းစစ်ခဲ့ပြီး လူတွေရဲ ့မျက်နှာတစ်ဖက်ခြမ်းက တခြားတစ်ခြမ်းထက် ဘာကြောင့် ပိုပြီးကြည့်ကောင်းတယ်ဆိုတာ သိနားလည်ခဲ့တယ်လို့ ဆိုပါတယ်။

အနုပညာရှင်တွေကလည်း လူတွေရဲ ့ ဘယ်ဘက်အခြမ်းကို ပြသတဲ့ ပန်းချီပုံတွေ အဆွဲများတယ်လို့ သူကဆိုပါတယ်။ နောက်တစ်ခုက လူတွေရဲ ့ ဘယ်ဘက်ပါးပြင်က ခံစားချက်တွေကို ပိုပြီးဖော်ပြနိုင်တယ်လို့ သူကဆိုထားပါတယ်။

မျက်နှာရဲ ့ ဘယ်ဘက်အခြမ်းက စိတ်ခံစားမှုကို ပိုမိုပြသနိုင်တယ်လို့ လေ့လာမှုက လက်ခံထားပါတယ်။ အကြောင်းကတော့ ဦးနှောက်ထဲက ဖြစ်ပေါ် လာတဲ့ ခံစားချက်လမ်းကြောင်းကို ပိုဖော်ပြနိုင်တာကြောင့် ဖြစ်ပါသတဲ့။ ဦးနှောက်ရဲ ့ ညာဘက်အခြမ်းက ခန္ဓာကိုယ်ဘယ်ဘက်အခြမ်းရှိ ကြွက်သားတွေကို ထိန်းချုပ်ထားပြီး စိတ်ခံစားမှုအပိုင်းမှာ ပိုလွှမ်းမိုးမှုရှိတာကြောင့် လူတွေရဲ ့ ဘယ်ပါးပြင်ဘက်အခြမ်းက စိတ်ခံစားမှုအသက်ဝင်တဲ့ ဓာတ်ပုံကို ဖြစ်စေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားတာပါ။

(Ref;brightside)

Most Popular

Healthy Life Ad
To Top