Healthy Life Ad
Q & A

ဆိုးဆေးနှင့် အသည်း

—–၊ ပါမောက္ခဦးခင်မောင်ဝင်း (အသည်းအထူးကု ဆရာဝန်ကြီး)နှင့် တွေ ့ဆုံဆွေးနွေးခြင်း ၊—–

Q. ဆိုးဆေးပါတဲ့ အစားအသောက်တွေစားရင် အသည်းကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ဆိုကြပါတယ်။ မှန်ပါသလားဆရာ။

A. ဆိုးဆေးမှာနှစ်မျိုးရှိပါတယ်။ Edible dye ဆိုတဲ့ စားလို့ရတဲ့ဆိုးဆေးနဲ့ Chemical dye ဆိုတဲ့ ဓာတုဗေဒဆိုးဆေးဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီတော့ စားလို့ရတဲ့ဆိုးဆေးက ဓာတုဗေဒဆိုးဆေးထက် ၁၀ ဆ-အဆ ၂၀လောက် ဈေးပိုကြီးတယ်။ အဲဒီတော့ လွယ်လွယ်ကူကူ ပေါပေါရတဲ့ ဓာတုဗေဒဆိုးဆေးတွေနဲ့ ကိတ်မုန့်လုပ်လိုက်မယ်၊ သံဗူးရည်တို့လို နီရဲတောက်နေတဲ့ အရည်တေ ွကြောက်ဖို့ကောင်းတယ်။ နီရဲနေတဲ့ ငရုတ်ဆီတချို ့လည်းပါတယ်။ အဲဒီဆိုးဆေးတွေကို စားလိုက်ရင် အူမကြီးကတစ်ဆင့် အသည်းထဲကို ဝင်သွားပြီး အသည်းကို ထိခိုက်နိုင်ပါတယ်။

Q. ဆိုးဆေးတွေကို မသိဘဲ စားမိတဲ့အခါ အသည်းမထိခိုက်စေဖို့ ဘယ်လိုပြန်လည် ကုစားလို့ ရနိုင်ပါသလဲ ဆရာ။

A. ပြန်ကုစားလို့တော့ မရဘူး။ ဆိုးဆေးက ဝင်သွားရင် အသည်းကိုထိခိုက်မှာပဲ။ အစကတည်းက ဒီလို ဓာတုပစ္စည်းဆိုးဆေးပါတဲ့ အစားအသောက်တွေကို မစားသောက်မိအောင် ဆင်ခြင်ဖို့ပဲ လိုပါတယ်။ Edible dye ဆိုတဲ့ စားလို့ရတဲ့ ဆိုးဆေးနဲ့ Chemical dye ဆိုတဲ့ ဓာတုဗေဒဆိုးဆေးဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီတော့ စားလို့ရတဲ့ဆိုးဆေးက ဓာတုဗေဒဆိုးဆေးထက် ၁၀ ဆ-အဆ ၂၀လောက် ဈေးပိုကြီးတယ်။ အဲဒီတော့ လွယ်လွယ်ကူကူ ပေါပေါရတဲ့ ဓာတုဗေဒဆိုးဆေးတွေနဲ့ ကိတ်မုန့်လုပ်လိုက်မယ်၊ သံဗူးရည်တို့လို နီရဲတောက်နေတဲ့ အရည်တွေ ကြောက်ဖို့ကောင်းတယ်။

Most Popular

Healthy Life Ad
To Top