Healthy Life Ad
Health Tips

သင့်နှုတ်ခမ်းက ပြောပြနေသော သင့်ကျန်းမာရေး

———၊ ဇွန် ၊———

သင့်နှုတ်ခမ်းတွေကို အနီးကပ်စစ်ဆေးကြည့်လိုက်ရင် သင်ဘာတွေကို ကောင်းကောင်းစားတယ်၊ ဘာဓာတ်တွေ မှီဝဲဖို့လိုတယ်ဆိုတာ သိရှိနိုင်ပါတယ်။

သင့်နှုတ်ခမ်းက အနီရောင်ရင့်နေလျှင် – ဆံချည်မျှင်သွေးကြောများ ကျယ်ပြန့်နေသော လက္ခဏာပါ

တိရစ္ဆာန်ထွက်အစာတွေကို ရှောင်ပါ။ ဆားများတဲ့အစာတွေနဲ့ အဆင်သင့်အစာတွေကို သတိထားပါ။

သင့်နှုတ်ခမ်းက ဖြူဖျော့နေလျှင် – သွေးလှည့်ပတ်မှုမကောင်းတဲ့ လက္ခဏာပါ

နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ သကြားမှီဝဲမှုကို လျှော့ချပါ။ ဓာတ်မတည့်မှုမဖြစ်အောင် ဆင်ခြင်ပါ။

သင့်နှုတ်ခမ်းက မည်းနေလျှင်၊ အညိုရောင်သမ်းနေလျှင် – အူလမ်းကြောင်းနဲ့ အစာအိမ်မှာ အဆီအက်စစ်နဲ့ ဆားစုပုံနေသော လက္ခဏာပါ

ပြည့်ဝဆီတွေကို ဖြတ်လိုက်ပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ မှိုကိုစားပါ။

သင့်နှုတ်ခမ်းက အဝါရောင်သမ်းနေလျှင် – သည်းခြေရည် အထွက်များစေပြီး အသည်းအလွန်အမင်း အလုပ်လုပ်တဲ့ လက္ခဏာပါ

ဆီကြော်စာအပါအဝင် အဆီလျှော့စားပါ။ ဥအမျိုးမျိုးကို လျှော့စားပါ။

သင့်အပေါ်နှုတ်ခမ်း ရောင်နေလျှင် – သင့်အစာအိမ် ကောင်းကောင်းအလုပ်မလုပ်တဲ့ လက္ခဏာပါ

အစာတစ်မျိုးတည်းကို အများကြီးမစားပါနဲ့။ အစာကို မျှမျှတတ စားပေးပါ။

သင့်အောက်နှုတ်ခမ်း ရောင်နေလျှင် – အူမကြီးအားနည်းနေတဲ့ လက္ခဏာပါ

အမျှင်ဓာတ်များများစားပါ။ အချိုစာ၊ ဂျုံဖြူ၊ အဆီများတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ဖြတ်ထားပါ။

(Ref;naturalhealth)

Most Popular

Healthy Life Ad
To Top