Healthy Life Ad
Health Tips

သင့်ကလေး စိတ်ဓာတ်ကျနေသလား

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကလေး၏စိတ်အခြေအနေကို သိနားလည်အောင် ကြိုးစားပါ

ကလေးဟာ စိတ်ဓာတ်ကျနေသလားဆိုတာ အရင်ဆုံးသိနားလည်အောင် ကြိုးစားသင့်ပါတယ်။ ကလေးရဲ ့ဦးနှောက်ထဲမှာ ဓာတ်ပစ္စည်းတွေမညီမျှတာကြောင့် ဒါမှမဟုတ် ပူဆွေးသောကကြုံရတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေကြောင့် ကလေးတွေမှာ စိတ်ဓာတ်ကျဝေဒနာ ဖြစ်တတ်ပါတယ်။

ကလေး၏အပြုအမူကို ဆန်းစစ်ပါ

လူကြီးတွေ စိတ်ဓာတ်ကျတဲ့အခါ အိပ်ရာထဲမှာလဲလျောင်းပြီး နားနေတာ၊ သေချင်တဲ့စကားပြောတာ၊ အရင်က ပျော်ရွှင်ကြည်နူးခဲ့တဲ့ အရာတွေမှာ စိတ်ပါဝင်စားမှုမရှိတာတို့ ဖြစ်တတ်သလို ကလေးဟာ စိတ်ဓာတ်ကျလာပြီဆိုရင် ကျောင်းမတက်ချင်တာ၊ စိတ်တိုလွယ်တာ၊ ဂျီကျတာ၊ နေရထိုင်ရခက်ခဲတာ စတဲ့ အပြုအမူတွေ ဖြစ်တတ်ပါတယ်။

အနုပညာကုထုံးသုံးပါ

တေးဂီတပညာရှင်၊ စာရေးဆရာနဲ့ အနုပညာရှင်အများစုဟာ ငယ်စဉ်က စိတ်ဓာတ်ကျတဲ့ဝေဒနာကို တွန်းလှန်နိုင်ဖို့ သူတို့ခံစားချက်ကို အနုပညာအပေါ် သွန်းလောင်းရင်း အနုပညာကို ဖန်တီးနိုင်စွမ်း ရှိလာကြသူတွေ ဖြစ်လာတာပါ။ ဒါကြောင့် သင့်ကလေးကို ပန်းချီ၊ တေးဂီတကိရိယာနဲ့ စာရေးဖို့စာအုပ် စတာတွေကို ပေးထားပြီး သူဖန်တီးချင်တဲ့အနုပညာကို ဖန်တီးခွင့်ပေးထားပါ။ သင့်ကလေးနဲ့ အတူထိုင်ပြီး သူဖန်တီးတဲ့ အနုပညာဖန်တီးမှုကို အားပေးပါ။ ဒီနည်းလမ်းဟာ စိတ်ကျဝေဒနာကို သက်သာရာရစေတဲ့ နည်းဖြစ်ပါတယ်။

ခုန်ပေါက်ကစားခိုင်းပါ

ကလေးငယ်ဟာ လှုပ်ရှားမှုလုပ်တာကြောင့် စိတ်ခံစားမှုကောင်းမွန်စေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိမှုများစေပြီး စိတ်ကျဝေဒနာကို သက်သာလျော့ပါးစေပါတယ်။ ကလေးငယ်ဟာ အိပ်ရာထဲလှဲပြီး စိတ်ဓာတ်ကျနေရင် အပြင်ကိုခေါ်ပြီး လမ်းလျှောက်ခိုင်းတာ၊ ကစားကွင်းဆီ ခေါ်သွားတာတို့ ပြုလုပ်ပေးပါ။ ကခုန်တာ၊ ယောဂကျင့်တာ၊ အားကစားခန်းမမှာ လေ့ကျင့်ခန်းလုပ်တာ၊ တင်းနစ်ရိုက်တာ၊ တောင်တက်တာ စတဲ့ နည်းတွေဟာ စိတ်ဓာတ်ကျဝေဒနာကို သက်သာစေတဲ့ နည်းတွေဖြစ်ပါတယ်။

တတ်ကျွမ်းနားလည်သူနှင့် တိုင်ပင်ပါ

သင့်ကလေးဟာ စိတ်ဓာတ်ကျနေတယ်ဆိုရင် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သင့်ကလေးကို ဆေးဝါးကုသမှု ပေးတဲ့အခါ ကလေးရဲ ့စိတ်ခံစားမှုကို ကောင်းမွန်မြင့်မားစေရုံသာမက အနာဂတ်ဘဝတက်လမ်းကိုလည်း အဆင်ပြေချောမွေ ့စေပါတယ်။

Most Popular

Healthy Life Ad
To Top