Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်မိခင်က ရင်သွေးကို ချောချောမောမောမွေးဖွားနိုင်ဖို့ အရေးကြီးသလား

—–၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ၊—–

Q. ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က ရင်သွေးကို ချောချောမောမော မွေးဖွားနိုင်ဖို့က အရေးကြီးပါသလား။ အဲဒါနဲ့ပတ်သက်ပြီး ဆရာ့အတွေ့အကြုံလေးရှိရင်လည်း သိပါရစေ။

A. ကလေးတစ်ယောက် တဖြည်းဖြည်း ကြီးပြင်းလာပြီး အချိန်တန်အရွယ်ရောက်လာတဲ့အခါ ဘဝအဖော်ဆိုတာ လိုအပ်လာပါတယ်။ ကိုယ်နဲ့တစ်သက်လုံး အတူနေမယ့် ဘဝခရီးဖော်ဆိုတာကို တွေ့ရှိသွားတဲ့အခါ သူတို့နှစ်ယောက် ပူးပေါင်းပြီး သီရိဂေဟာလို့ခေါ်တဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်ခဲ့ကြတယ်။ အဲဒီအခါ ကမ္ဘာလောကကြီးအတွက် လူသားမျိုးနွယ်ဆက်တွေကို မွေးထုတ်လေ့ရှိကြတယ်။ အဲဒီမှာ နေ့စဉ်နဲ့အမျှ ကျွန်တော်တွေ့နေရတဲ့ လူနာနှစ်မျိုးရှိပါတယ်။ တစ်မျိုးက သားသားမီးမီးလေးတွေကို ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်လောင်းလေးတွေဖြစ်ပြီး တခြားတစ်ဝက်က အိမ်ထောင်ရေးတစ်ခု တည်ထောင်ပေမယ့် ဆည်းလည်းသံလေးတွေ လိုချင်ပေမယ့် အခြေအနေနဲ့ ချိန်အခါအရ မကြုံကြိုက်တော့ သူတို့လိုချင်တဲ့ ရင်သွေးလေးက သူတို့ဗိုက်ထဲကို ရောက်မလာဘူး။ အဲဒီလို လူနာတွေကလည်း သားသားမီးမီးလေးတွေ လိုချင်လွန်းလို့ လာရောက်တိုင်ပင်ကြတယ်။ ဒီလိုလူတွေအတွက် လူ့ဘဝက ရခဲတယ်ဆိုတာ တကယ်မှန်ပါတယ်။ အိမ်ထောင်သက်တွေ ကြာလာပေမယ့် သားသမီးမရနိုင်တဲ့ သူတွေလည်းရှိတယ်။

“တကယ်လို့ ဗိုက်ထဲကို သားသားမီးမီးလေးတစ်ယောက် ရောက်လာပြီဆိုရင်လည်း ချောချောမောမော၊ အောင်အောင်မြင်မြင်၊ ကျန်းကျန်းမာမာ မွေးဖွားနိုင်ဖို့ကလည်း မလွယ်လှပါဘူး။ ဗိုက်ထဲမှာ ကိုးလလွယ်၊ ဆယ်လမွေးဖွားနိုင်ဖို့ ကလေးလေးတစ်ယောက် ကြီးပြင်းအောင် စောင့်ရှောက်ရတဲ့အပြင် ကလေးလေးကို အနာခံပြီး မွေးဖွားရတယ်။ မနေ့ညက မွေးလူနာအမျိုးသမီးဟာ” …

တကယ်လို့ ဗိုက်ထဲကို သားသားမီးမီးလေးတစ်ယောက် ရောက်လာပြီဆိုရင်လည်း ချောချောမောမော၊ အောင်အောင်မြင်မြင်၊ ကျန်းကျန်းမာမာ မွေးဖွားနိုင်ဖို့ကလည်း မလွယ်လှပါဘူး။ ဗိုက်ထဲမှာ ကိုးလလွယ်၊ ဆယ်လမွေးဖွားနိုင်ဖို့ ကလေးလေးတစ်ယောက် ကြီးပြင်းအောင် စောင့်ရှောက်ရတဲ့အပြင် ကလေးလေးကို အနာခံပြီး မွေးဖွားရတယ်။ မနေ့ညက မွေးလူနာအမျိုးသမီးဟာ ကလေးလေးလိုချင်လွန်းလို့ မကြာခဏ ပျက်ကျလိုက်၊ ပြန်ကြိုးစားလိုက်နဲ့ နောက်ဆုံး လေးခါမြောက် ပျက်ကျပြီးချိန်မှာ ကလေး လေးတစ်ယောက်ကို သန္ဓေတည်ပြီး ငါးလကျော်- ခြောက်လထဲ အရောက်မှာ လိပ်ခေါင်းရောဂါ ခံစားရတယ်။ အဲဒီတော့ ကလေးထိခိုက်မှာကို စိုးရိမ်လို့ လိပ်ခေါင်းရောဂါကို ကြိတ်မှိတ်ခံစားတယ်။ နောက်ဆုံး လမ်းတောင်လျှောက်လို့ မရတဲ့အတွက် ခွဲစိတ်ဆရာဝန်နဲ့ သွားပြခဲ့တယ်။ ခွဲစိတ်ဆရာဝန်က ‘လိပ်ခေါင်းက မခွဲလို့မရတော့ဘူး၊ ပိုးတွေလည်းဝင်နေပြီ’လို့ ပြောတော့ ‘ခွဲလိုက်ရင် ကျွန်မကလေးလေး ထိခိုက်သွားမလား’လို့ ကိုယ်ဝန်ဆောင်မိခင်က မေးတယ်။ အဲဒီမှာ ခွဲစိတ်ဆရာဝန်က ကျွန်တော့်ဆီလွှဲလိုက်တယ်။ လူနာကလည်း ကလေးလေးကို လိုချင်လွန်းလို့ မရမက ယူထားရတာ၊ ဒါပေမဲ့ သူရဲ ့လိပ်ခေါင်းကလည်း မခွဲလို့မရဘူး၊ မခွဲရင် ပိုးတွေကပျံ ့ပြီး ပိုဆိုးကုန်မယ် . . အဲဒီအခါကျတော့လည်း ကလေးကို ထိခိုက်နိုင်တယ်။ အဲဒါကြောင့် ကလေးလေးထိခိုက်မှုမရှိအောင် ဆေးတွေပေးရတယ်။ အဲဒီလိုနဲ့ လိပ်ခေါင်းခွဲစိတ်ပြီး မနေ့ညက ကျွန်တော့်ဆီရောက်လာတယ်။ ဗိုက်ထဲမှာ လေတွေပွနေတယ်၊ ခွဲထားတဲ့ဒဏ်ရာက ကောင်းပေမယ့် ဘာကြောင့်မှန်းမသိဘဲ လေတွေပွနေတယ်လို့ပြောတယ်၊ ဒါနဲ့ ကလေးမထိခိုက်စေမယ့် လေဆေးပေးရတယ်။ အဲဒီလိုနဲ့ အိမ်ပြန်ပြီး ခြောက်ထပ်အမြင့်ကို တက်သွားတယ်။ အဲဒီမှာ ဘယ်လိုဖြစ်မှန်းမသိဘူးဆိုပြီး ဆေးရုံကို ပြန်ပြေးလာတယ်။ ဆေးရုံရှေ ့လည်းရောက်ရော အော်ဟစ်နေတာနဲ့ တက္ကစီပေါ်ကိုကြည့်လိုက်တော့ ကလေးလေးက ခေါင်းလေးထွက်နေပြီ၊ ကလေးလေးက တကယ့်ကို သေးသေးလေး၊ ဆရာလည်း ကလေးလေးကိုယူပြီး ချက်ကြိုးဖြတ်လိုက်တယ်။ အမေက ကလေးလေးကိုကြည့်ပြီး ငိုပါလေရဲ ့။ ကလေးလေးကို ရန်ကင်းဆေးရုံကို အမြန်ဆုံးပို့လိုက်ရတယ်။ ဒါပေမဲ့ ဆရာတို့က သိနေပါပြီ၊ ကလေးက ငါးလပဲရှိသေးတယ်၊ သားယောကျာ်းလေး လှုပ်နေပြီ. . ဒါပေမဲ့ ငါးလဆိုတဲ့ မွေးကင်းစကလေးလေးက အသက်ရှင်ဖို့ အလွန်ခက်ခဲပါတယ်။ ကလေးအမေကို “အရမ်းကြီး မမျှော်လင့်ထားဖို့”ဆရာတို့ အားပေးရတယ်။ အဲဒီကလေးလေးကို ကိုင်လိုက်ရတဲ့ ခံစားချက်ကြောင့် ဆရာဆိုရင် တစ်ညလုံး တော်တော်နဲ့ အိပ်လို့မပျော်ဘူး။ ကလေးလိုချင်လွန်းလို့ ကြိုးစားပမ်းစား စောင့်ရှောက်ပါရဲ ့နဲ့ ကလေးလေးက ပေါင်မပြည့်၊ လမစေ့ဘဲ မွေးဖွားလာခဲ့တယ်။ ဒီအဖြစ်အပျက်လေးကို ကြည့်လိုက်ရင် သားသမီးရတနာလေးကို ချောချောမောမော မွေးဖွားနိုင်တာက ဘဝရဲ ့ကံကောင်းခြင်း လက်ဆောင်လို့ ပြောလို့ရပါတယ်။ ဘယ်လောက်ပဲ လိုချင်ပါစေ၊ သားသမီးလေးကို မရနိုင်တဲ့ မိခင်တွေ အများကြီးရှိပါတယ်။ အောင်အောင်မြင်မြင်နဲ့ မိခင်ဘဝ ပိုင်ဆိုင်လာသူတွေကို အဖိုးတန်တဲ့ အမျိုးသမီးတွေလို့ ပြောလို့ရပါတယ်။ ဒါကြောင့် မိခင်ဘဝလေးမှာ ကျန်းမာဖို့၊ အသိရှိဖို့၊ လှပတဲ့ ကလေးတစ်ယောက် မွေးဖွားနိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။

Most Popular

Healthy Life Ad
To Top