Healthy Life Ad
Health Tips

မျက်နှာမဲတာ ဘာလုပ်နိုင်သလဲ (Skin Pigmentation)

———၊ ဒေါက်တာတင့်ဆွေ ၊———

အရေပြားမှာ နဂိုထက် ပိုညိုနေ-မဲနေ-ရဲနေတာ (Skin Pigmentation) မျိုးကို ဆေးစာနဲ့ Hyperpigmentation ခေါ်တယ်။ အရောင်ပိုနုနေရင် Hypopigmentation ခေါ်တယ်။

အရေပြားက (ဆဲလ်)တိုင်းမှာ Melanin (မယ်လနင်)ခေါ်တဲ့ အရောင်ဆိုးဆေးရှိတယ်။ အဲဒီ(ဆဲလ်)တွေ မကောင်းရင် (မယ်လနင်) မထုတ်နိုင်တာမို့ အရောင်ပြောင်းမယ်။ ရောဂါပိုးဝင်တာ၊ မီးလောင်တာ၊ အပူလောင်တာတွေကြောင့်လဲ အရောင်နုစေမယ်။ (မယ်လနင်) သိပ်များပြန်ရင်လဲ အရောင်ရင့်စေတယ်။ တချို ့မှာ ကွက်ဖြစ်တယ်။ တချို ့ကြ တကိုယ်လုံးဖြစ်တယ်။ Vitiligo ခရုသင်းဆိုတာလဲ အဲဒီရောင်ချယ်တွေ မရှိတော့လို့ ဖြစ်ရတယ်။ Albinism လူတကိုယ်လုံး ဗိုလ်တွေလို ဖွေးဖြူနေတာက မျိုးဗီဇကြောင့် ဖြစ်ရတယ်။

၁။ Chemical Peels ခွဲစိတ်ကုသနည်း

ကိုယ်အပေါ်ပိုင်းမှာ ဖြစ်တာကို ကုနည်းအဖြစ်သုံးတယ်။ ဆေးရည်လိမ်းပေးပြီးရင် အပူဖူးလို ဖြစ်လာမယ်။ နောက်ကွာကျသွားမယ်။ အသစ်ဖြစ်လာမဲ့ အရေပြားက စောစောကဟာထက် ပိုကောင်းမှာကို မျှော်လင့်တယ်။ ဆေးရည်ကို အမျိုးမျိုး ဖော်စပ်ကြတယ်။ နေလောင်လို့၊ အသက်ရလာလို့ ဖြစ်တဲ့ အရေးကြောင်းထင်တာကိုလည်း ဒီနည်းသုံးတယ်။ တော်တော်တန်တန် အမာရွတ်တို့၊ ဝက်ခြံအမာရွတ်တို့ကိုလည်း လုပ်ပေးတယ်။ Sun spots နေလောင်အစက်၊ Age spots အသက်ကြီးအစက်၊ Liver spots အသဲအစက်တွေကိုလည်း လုပ်ကြတယ်။ Chemical peeling နည်းနဲ့ Laser resurfacing, Derma-brasion or Soft tissue fillers နည်းတွေတွဲသုံးတာမျိုးလည်း လုပ်တယ်။ မခွဲခင်မှာ အရေပြားကို ပိုးသန့်ပေးမယ်။ နောက် Alpha hydroxy acid(Glycolic acid, Salicylicacid, Lactic acid) Trichloroacetic acid; Carbolic acid (Phenol) တွေသုံးတယ်။ အမှန်က သတိကြီးကြီးနဲ့ အနာသစ်လုပ်ယူတာပါပဲ။

“အရေပြားက(ဆဲလ်)တိုင်းမှာ Melanin (မယ်လနင်)ခေါ်တဲ့ အရောင်ဆိုးဆေးရှိတယ်။ အဲဒီ (ဆဲလ်)တွေ မကောင်းရင် (မယ်လနင်)မထုတ်နိုင်တာမို့ အရောင်ပြောင်းမယ်။ ရောဂါပိုးဝင်တာ၊ မီးလောင်တာ၊ အပူလောင်တာတွေကြောင့်လည်း အရောင်နုစေမယ်။ (မယ်လနင်)သိပ်များပြန်ရင်လည်း” . . .

၂။ Ermabrasion နည်း

ဖြစ်တဲ့နေရာကို အေးခဲလိုက်ပြီး ထုတ်သင့်တာကို ထုတ်ယူပြစ်တယ်။

၃။ Laser Surgery လေဆာနဲ့ခွဲစိတ်နည်း

တင်းတိပ်ဟာ ယောကျာ်းတွေမှာဖြစ်ရင် စိတ်ဖိအားများတာနဲ့ ဆီးချိုရှိနေရင် ကုသပါ။ နေလောင်တာလဲ သတိထားပါ။ တင်းတိပ်မဟုတ်ပေမဲ့ ခပ်ဆင်ဆင်ဖြစ်တာတွေကိုလဲ ဆေးနည်းတွေက အကျိုးရှိစေနိုင်ပါတယ်။

လိမ်းဆေးတွေထဲမှာ Hydroquinone (HQ) ၂-၄% ကို အများသဘောတူထားတယ်။ (Al­p­haquin HP, Alustra, Eldopaque, Eldo­paque Forte, Eldoquin, EldoquinForte, Esoterica, Esoterica Sensitive Skin, Gly­quin, Gly­quin-XM, Lustra, Mela­nex, Melanol, Melpa­­que HP, Me­lquin HP, Melquin-3, Nuquin HP, Solaquin, Solaquin Forte, Viquin Forte) နာမယ်တွေနဲ့လာတယ်။

Tretinoin (Avita, Retin-A) 0.025%, 0.05% 0.1% cream; 0.01%, 0.025%, 0.1% gel; 0.05% solution ခရင်မ်၊ ဂျဲလ်၊ အရည်။

(FDA) ကနေ လက်ခံတားတာက Triple Com­bination Cream (Hydroquinone 4%, Tretinoin 0.05%, and fluocinolone acet-onide 0.01%) ၃ မျိုးတွဲလိမ်းဆေး တနေ့ ၂ ကြိမ် လိမ်းရတယ်။

နေကာမျက်မှန်တိုင်း အသုံးမကျပါ။ UV-A and visible radiation 320-700 nm ကို မကာကွယ်နိုင်ရင် မရပါ။

Cryotherapy, Medium-depth chemical peels, Fraxel Laser treatment တွေနဲ့ကုတာ ဘာဖြစ်လာမလဲ အမှန်းရမလွယ်လှပါ။ ဆရာဝန်တော်ဖို့လိုတယ်။ လူနာလဲ ကံကောင်းဖို့လိုတယ်။

အရင်ရေးတာအပြင် နောက်နည်းတွေ ရေးပါမယ်။

Bleaching cream (Hydroquinone with Tretinoin cream)(ခရင်မ်)လိမ်းဆေး၊

Laser treatment လေဆာနည်း၊

Sunscreen lotions (SPF-30) လိမ်းဆေး၊

Mild soap or mild cleanser ဆပ်ပြာကအစ အပြင်းစားတွေ မသုံးပါနဲ့။ (ကလေးအတွက်တွေက မပြင်းပါ)

Fruit cream (Lactic acid, Glycolic acid) ပါတဲ့ အသီးကထုတ်တဲ့ လိမ်းဆေး၊

Castor oil ကြက်ဆူဆီကို ရေမချိုးခင် နာရီဝက်ကြိုတင်လိမ်းပါ။

အရင်သုံးဖူးတဲ့ Creams, Lotions, Facial cleanser တွေက မသင့်ဘူးထင်ရင် မသုံးပါနဲ့တော့။

Multani meetti with rose water (ရွှံ့ဝါ) ခေါ်တာကို ပန်း(နှင်းဆီ)ရေနဲ့ ရောလိမ်းပေးပါ။

Aloe Vera ရှားစောင်းလက်ပပ်၊

မျက်နှာကို ရေရိုးရိုး၊ ဒါမှမဟုတ် နှင်းဆီရေနဲ့ သစ်ပေးပါ။

Raw papaya juice or Ripe papaya pulp သင်္ဘောသီးစိမ်း၊ သင်္ဘောသီးမှည့်အရည် လိမ်းပေးပါ။

Lime သံပုရာ-ရှောက်သီးအဝိုင်းလှီးပြီး ကပ်ပေးပါ။

ရေများများ သောက်ပေးပါ။ ချွေးထဲ၊ ဆီးထဲက နေမကောင်းတာတွေ ပိုထွက်သွားစေမယ်။

Most Popular

Healthy Life Ad
To Top