Healthy Life Ad
Health Tips

တိုးညှင်းတဲ့အသံမျိုးနဲ့ လေချွန်ကြရအောင် . . .

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

လေချွန်သံတိုးတိုးလေးထွက်အောင် နှုတ်ခမ်းအစုံကိုစုပြီး လေကိုအားနဲ့မှုတ်ထုတ်ကြည့်လိုက်ပါ။ လေချွန်တာက သီချင်းဆိုတာနဲ့မတူဘဲ အချိန်မရွေးလုပ်နိုင်ပါတယ်။ ဒါပေမဲ့ လည်ချောင်းနာနေချိန်နဲ့ အသံဝင်ချိန်မှာတော့ မလုပ်သင့်ဘူးပေါ့။ လေချွန်တာကြောင့် ချိုမြိန်တဲ့ အသံထွက်စေရုံသာမက စိတ်ဖိစီးမှုလျော့ကျစေကာ အိုမင်းတဲ့ လက္ခဏာတွေကို လျော့ပါးစေပါတယ်။

(၁) စိတ်ဖိစီးမှုကို ဖယ်ရှားပေးတယ်

အလုပ်တွေပင်ပန်းပြီး စိတ်ရှုပ်နေချိန်မှာ လေချွန်လိုက်ရင် စိတ်ဖိစီးမှုကို ထိထိရောက်ရောက် ပြေလျော့စေပါတယ်။ ဒါ့အပြင် စိတ်တည်ငြိမ်စေပြီး တစ်ခုခုကို လုပ်ဆောင်ဖို့ စိတ်အာရုံစူးစိုက်မှု ရရှိစေပါတယ်။

(၂) စိုးရိမ်သောကကို လျော့ကျစေတယ်

စက္ကူအိတ်ထဲကို နှာခေါင်းနဲ့ အသက်ရှူသွင်းလိုက်/ ရှူထုတ်လိုက် လုပ်ပေးတာက စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ နည်းလမ်းတစ်ခုပါ။ လေချွန်တာက အသက်ရှူတာကို ထိန်းညှိပေးပြီး စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာလက္ခဏာတွေကို ကင်းဝေးစေပါတယ်။

(၃) တစ်ယောက်ယောက်ကို စိတ်ခံစားမှု ကောင်းလာအောင် စွမ်းဆောင်ပေးတယ်

စိတ်ဓာတ်ကျသလို ခံစားရတဲ့ အချိန်တိုင်း လေချွန်ကြည့်လိုက်ပါ။ လေ့လာမှုအမျိုးမျိုးအရ လေချွန်တာက ကိုယ်တိုင်ရဲ ့ စိတ်ခံစားမှုကို မြင့်တက်စေရုံသာမက ကိုယ့်အနီးပတ်ဝန်းကျင်က လူကိုလည်း စိတ်ခံစားမှု မြင့်တက်စေတယ်လို့ သိရပါတယ်။

(၄) အဆုတ်ရဲ ့ စွမ်းဆောင်ရည်ကို အားကောင်းစေတယ်

ပုံမှန်အခြေအနေမှာ လေချွန်တာက အသက်ရှူသွင်းအားကို အားကောင်းစေပြီး အဆုတ်နဲ့ ရင်ဝမ်းတားကြွက်သားတွေကို သန်စွမ်းစေပါတယ်။ ရလဒ်အနေနဲ့ ကိုယ်တွင်းဆဲလ်၊ တစ်သျှူးနဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုချင်းစီမှာ အောက်ဆီဂျင်အလုံအလောက် ရရှိစေပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ရာမှာ မပျင်းတော့ဘူး

အကျိုးရှိတဲ့ လေ့ကျင့်ခန်းတစ်ခုက အနည်းဆုံး မိနစ် ၂၀ ခန့် လမ်းလျှောက်ပေးတာပါ။ လမ်းလျှောက်ဖို့ ပျင်းနေရင် လေချွန်ရင်း လမ်းလျှောက်ကြည့်ပါ။ ပျင်းရိငြီးငွေ ့မှုမရှိတော့ဘဲ ပျော်ရွှင်တက်ကြွနေပါလိမ့်မယ်။

(၆) နုပျိုကြည့်ကောင်းစေတယ်

လေချွန်တာကြောင့် နှုတ်ခမ်းတွေကို စုဆုံရကာ နှုတ်ခမ်းတဝိုက် ပါးပြင်ကြွက်သားတွေကို သန်စွမ်းစေတဲ့အတွက် မျက်နှာအရေပြားတွဲကျတာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လေချွန်တဲ့အတွက် စိတ်ဖိစီးမှု၊ စိုးရိမ်သောကတို့ လျော့ကျစေတာကြောင့် နုပျိုတဲ့အသွင်ကို ရရှိစေပါတယ်။

Most Popular

Healthy Life Ad
To Top