Healthy Life Ad
Life Style

လေ့ကျင့်ခန်းမလုပ်ခင် စားပါ သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီးမှ စားပါ

နှလုံးသွေးလှည့်ပတ်မှု ကောင်းစေသော လေ့ကျင့်ခန်းများ

ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ကခုန်ခြင်း၊ လက်ဝှေ့ထိုးခြင်း ချွေးထွက်တဲ့ လေ့ကျင့်ခန်းမစတင်ခင် အစာကြေလွယ်တဲ့ သရေစာတွေ စားပေးပါ၊ ရေဓာတ်ဖြည့်ပေးပါ။

လေ့ကျင့်ခန်းမလုပ်မီ အနည်းဆုံး မိနစ် ၃၀ အလို

သစ်တော်သီးတစ်လုံး ပျားရည်ဆမ်း – ကာဗိုဟိုက်ဒရိန် ၄၁ ဂရမ်၊ ပရိုတင်း ၁ ဂရမ်၊ အဆီမပါ၊ ၁၅၃ ကယ်လိုရီ

လေ့ကျင့်ခန်းလုပ်ပြီး မိနစ် ၃၀ အတွင်း

အဆီနည်းချောကလက် ဒိန်ချဉ်ခွက်ရဲ ့ လေးပုံသုံးပုံနဲ့ ငှက်ပျောသီးတစ်လုံး – ကာဗိုဟိုက်ဒရိတ် ၃၅ ဂရမ်၊ ပရိုတင်း ၇ ဂရမ်၊ အဆီ ၂ ဂရမ်၊ ၁၇၈ ကယ်လိုရီ

ကိရိယာလွတ်လေ့ကျင့်ခန်းများ

လက်ထောက်မှောက်လေ့ကျင့်ခန်း၊ အိပ်ထမတင်လေ့ကျင့်ခန်း စသဖြင့်။ ရိုးစင်းတဲ့ ကာဗိုဟိုက်ဒရိတ်အစာတွေက သင့်ကို အားဖြည့်ပေးပါတယ်။ ပရိုတင်းဓာတ်တွေက သင့်ကြွက်သားတွေအတွက် ကောင်းစေပါတယ်။

လေ့ကျင့်ခန်းမလုပ်မီ အနည်းဆုံး မိနစ် ၃၀ အလို

ကောက်နှံတစ်ခုလုံးနဲ့လုပ်ထားတဲ့ ပေါင်မုန့် တစ်ချပ်နဲ့ စတော်ဘယ်ရီယို ထမင်းစားဇွန်းတစ်ဇွန်းနဲ့ တစ်ဝက် – ကာဗိုဟိုက်ဒရိန် ၃၅ ဂရမ်၊ ပရိုတင်း ဝ ဂရမ်၊ အဆီ ၂ ဂရမ်၊ ၁၆၂ ကယ်လိုရီ

လေ့ကျင့်ခန်းလုပ်ပြီး မိနစ် ၃၀ အတွင်

ထောပတ်သီး ထမင်းစားဇွန်းနှစ်ဇွန်း၊ ပေါင်မုန့်တစ်ချပ်၊ ဒိန်ခဲ ထမင်းစားဇွန်းသုံးဇွန်း – ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်၊ ပရိုတင်း ၆ ဂရမ်၊ အဆီ ၁၀ ဂရမ်၊ ၁၇၁ ကယ်လိုရီ

ကျစ်လစ်တင်းရင်းစေသော လေ့ကျင့်ခန်းများ

ယောဂလေ့ကျင့်ခန်း၊ ဘဲလေးအကလေ့ကျင့်ခန်း ကောင်းမွန်မျှတတဲ့ သရေစာတွေ (ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့အဆီ)က တစ်နေ့တာလုံး စွမ်းအင်ဖြည့်ပေးပါတယ်။

လေ့ကျင့်ခန်းမလုပ်မီ အနည်းဆုံး မိနစ် ၃၀ အလို

လိမ္မော်သီးတစ်လုံး၊ Pistachios အခွံမာစေ့လက်တစ်ဆုပ်စာ – ကာဗိုဟိုက်ဒရိန် ၁၅ ဂရမ်၊ ပရိုတင်း ၁၇ ဂရမ်၊ အဆီ ၈ ဂရမ်၊ ၁၈၉ ကယ်လိုရီ

လေ့ကျင့်ခန်းလုပ်ပြီး မိနစ် ၃၀ အတွင်း

မုန်လာဥနီ အလတ်စားတစ်လုံး၊ ဒိန်ခဲအကြမ်းပန်းကန်လုံး ခွက်ရဲ ့သုံးပုံတစ်ပုံ – ကာဗိုဟိုက်ဒရိတ် ၂၂ ဂရမ်၊ ပရိုတင်း ၅ ဂရမ်၊ အဆီ ၇ ဂရမ်၊ ၁၆၉ ကယ်လိုရီ

ဝိတ်ကျစေသော လေ့ကျင့်ခန်းများ

အလေးမလေ့ကျင့်ခန်း၊ ဘောက်ဆင်ထိုးလေ့ကျင့်ခန်း ပရိုတင်းဓာတ်တွေက သင့်ကြွက်သားတွေကို ကြီးထွားသန်စွမ်းစေပြီး ပြန်လည်ကောင်းမွန်လာစေပါတယ်။

လေ့ကျင့်ခန်းမလုပ်မီ အနည်းဆုံး မိနစ် ၃၀ အလို

ပဲပြုတ်တစ်ခွက် – ကာဗိုဟိုက်ဒရိန် ၁၅ ဂရမ်၊ ပရိုတင်း ၁၇ ဂရမ်၊ အဆီ ၈ ဂရမ်၊ ၁၈၉ ကယ်လိုရီ

လေ့ကျင့်ခန်းလုပ်ပြီး မိနစ် ၃၀ အတွင်း

အဆီမပါတဲ့ ဒိန်ချဉ်အကြမ်းပန်းကန်လုံး တစ်ခွက်၊ စတော်ဘယ်ရီသီး အကြမ်းပန်းကန်လုံးရဲ ့ လေးပုံတစ်ပုံ။ – ကာဗိုဟိုက်ဒရိတ် ၁၃ ဂရမ်၊ ပရိုတင်း ၂၆ ဂရမ်၊ အဆီ ဝ ဂရမ်၊ ၁၆၃ ကယ်လိုရီ

Most Popular

Healthy Life Ad
To Top