မျက်နှာစိုစိုပြည်ပြည်လေးဖြစ်ပြီး ကြည်လင်ဝင်းပနေစေဖို့ လိုအပ်တဲ့အရာတွေကတော့ ငှက်ပျောသီး၊ ပျားရည်နဲ့ ဒိန်ချဉ်တို့ပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ငှက်ပျောသီးတစ်လုံးရဲ ့ တစ်ဝက်(ကြိတ်ချေထားပါ)
ပျားရည်စစ်စစ် လက်ဖက်စားဇွန်း ၃ ဇွန်း
ဒိန်ချဉ် လက်ဖက်စားဇွန်း ၃ ဇွန်း
ပြုလုပ်နည်း
(၁) ပါဝင်ပစ္စည်းတွေကို ရောမွှေလိုက်ပါ။
(၂) မျက်နှာမှာ သုတ်လိမ်းပါ။
(၃) အချိန် ၁၅ မိနစ်ကြာထားပေးပါ။
(၄) ရေအေးနဲ့ ဆေးကြောလိုက်ပါ။