Healthy Life Ad
Health Tips

နှမ်းစေ့၏ ကျန်းမာရေးကောင်းကျိုး ၈ သွယ်

နှမ်းစေ့မှာ မဂ္ဂနိစ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ ဇင့်(သွပ်)ဓာတ်၊ ကြေးနီ၊ ဆီလီနီယမ်နဲ့ ဗီတာမင်ဘီဝမ်းတို့ ပါဝင်မှုများပါတယ်။

ကောင်းကျိုး (၁) အသားအရေအတွက် ကောင်းကျိုးရှိပါတယ်

နှမ်းစေ့မှာပါတဲ့ ဇင့်(သွပ်)ဓာတ်က အရေပြားတင်းရင်းမှုအတွက် အရေးကြီးတဲ့ သတ္တုဓာတ်ပါ။

ကောင်းကျိုး (၂) သွေးတိုးကျစေပါတယ်

နှမ်းစေ့မှာ မဂ္ဂနီဆီယမ်ပါဝင်မှု များပါတယ်။ ဒီသတ္တုဓာတ်က သွေးတိုးကျစေပါတယ်။

ကောင်းကျိုး (၃) အစာခြေလမ်းကြောင်း ကျန်းမာရေးကို ကောင်းစေပါတယ်

နှမ်းစေ့မှာ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် အစာခြေလမ်းကြောင်းစနစ်နဲ့ အူမကြီးကို ကျန်းမာစေပါတယ်။

ကောင်းကျိုး (၄) ခံတွင်းသန့်ရှင်းရေးကို ကောင်းမွန်စေပါတယ်

နှမ်းစေ့စားတာကြောင့် သွားပိုးစားတာကို ကာကွယ်ပေးပြီး သွားဖုံးသွေးယိုတာ၊ ခံတွင်းအနံ့ဆိုးထွက်တာနဲ့ လည်ချောင်းခြောက်တာတို့မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကောင်းကျိုး (၅) ဦးရေပြားနဲ့ ဆံပင်သားကျန်းမာစေပါတယ်

နှမ်းစေ့မှာ မရှိမဖြစ်အာဟာရဓာတ် ပါတာကြောင့် ဦးရေပြားနဲ့ ဆံပင်သားကို ကျန်းမာစေပါတယ်။

ကောင်းကျိုး (၆) သွေးအားနည်းရောဂါကို သက်သာစေပါတယ်

နှမ်းစေ့မှာ သံဓာတ်ပါဝင်မှုများတဲ့အတွက် အားနည်းတဲ့သူတွေနဲ့ သွေးအားနည်းသူတွေစားဖို့ အထူးသင့်တော်ပါတယ်။

ကောင်းကျိုး (၇) ကင်ဆာကာကွယ်ပါတယ်

အခွံမာအစေ့အဆန်အားလုံးအနက် နှမ်းစေ့မှာ ဖိုင်တိုစတီရောပမာဏ အများဆုံးပါဝင်တာကြောင့် ကင်ဆာကို ကာကွယ်ပေးပါတယ်။

ကောင်းကျိုး (၈) အသည်းကို ကာကွယ်ပေးပါတယ်

နှမ်းစေ့စားတာကြောင့် အသည်းမှာ အရက်ကြောင့်ထိခိုက်တဲ့ဒဏ်ကို သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top