Healthy Life Ad
Health Tips

လိင်အင်္ဂါကြွက်နို့အကြောင့် မကောင်းသော အမှန်တရားများ

———၊ လရိပ်မေ ၊———

လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာက အဖြစ်များပါတယ်။ လိင်အင်္ဂါကြွက်နို့ပေါက်တဲ့အခါ ကုသမှုအပိုင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေရှိပါတယ်။

လိင်အင်္ဂါကြွက်နို့ ဘာကြောင့်ဖြစ်ရသလဲ

ကြွက်နို့ဗိုင်းရပ်စ်ပိုး(HPV)ဟာ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေနိုင်ပါတယ်။ ဒီတူညီတဲ့ ဗိုင်းရပ်စ်ပိုးဟာ သားအိမ်ခေါင်းကင်ဆာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကြွက်နို့ဗိုင်းရပ်စ်ပိုးမှာ မတူညီတဲ့ အမျိုးအစားခွဲတွေ ရှိပါတယ်။ လိင်အင်္ဂါကြွက်နို့ရဲ ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ ကြွက်နို့ဗိုင်းရပ်စ်ပိုး အမျိုးကွဲ ၆ နဲ့ ၁၁ ကြောင့် ဖြစ်စေနိုင်ပြီး မဖြစ်အောင် ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရပါတယ်။

လိင်အင်္ဂါကြွက်နို့က ဘယ်လိုပုံစံလဲ

မျိုးပွားအင်္ဂါတစ်ဝိုက်မှာတွေ့ရတဲ့ လိင်အင်္ဂါကြွက်နို့ဟာ ခန္ဓာကိုယ်ရဲ ့ တခြားနေရာတွေမှာ တွေ့ရတဲ့ ကြွက်နို့နဲ့အတူတူပါပဲ။ အများအားဖြင့် ကြွက်နို့က ပြဿနာမပေးတတ်ပါဘူး။ အရွယ်အစားနဲ့ဖြစ်တဲ့ နေရာပေါ်မူတည်ပြီး နာကျင်တာနဲ့ ယားယံတာပဲ ဖြစ်စေနိုင်ပါတယ်။

လိင်အင်္ဂါကြွက်နို့အား ကုသမှု

တစ်ခါတစ်ရံမှာ ခန္ဓာကိုယ်ခုခံစွမ်းအားစနစ်ဟာ ကြွက်နို့ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်နိုင်ပေမယ့် အများအားဖြင့် ကုသမှုခံယူရလေ့ ရှိပါတယ်။ အိမ်မှာ ကြွက်နို့ပျောက်စေတဲ့ လိမ်းဆေးတွေကို လိမ်းပေးနိုင်ပါတယ်။ မပျောက်ဘဲ ကြာကြာပေါက်နေတဲ့ ကြွက်နို့အတွက် ဆရာဝန်တွေက အေးခဲတဲ့ကုထုံး(Cryotherapy)နဲ့ ခွဲစိတ်ကုသမှုနည်းတွေကိုသုံးပြီး ကုသမှုပေးလေ့ ရှိပါတယ်။ တချို ့အခြေအနေမှာ လိမ်းဆေးပေးတာမျိုးလည်း ရှိပါတယ်။

သတိရသင့်သော အချက်များ

• လိင်ဆက်ဆံမှုရှိတဲ့သူ၊ အထူးသဖြင့် ဆက်ဆံဖော်များတဲ့သူတွေက ဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန်ဆိုသလို ကြွက်နို့ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး လိင်အင်္ဂါကြွက်နို့ ဖြစ်တတ်ပါတယ်။

• လိင်အင်္ဂါကြွက်နို့ကုသမှုဟာ ကြွက်နို့ကို ဖယ်ရှားနိုင်ပေမယ့် ကြွက်နို့ဗိုင်းရပ်စ်ပိုးကိုတော့ မဖယ်ရှားနိုင်ပါဘူး။

• ကွန်ဒုံးသုံးတာက အပြည့်အဝကာကွယ်မှု မပေးနိုင်ပေမယ့် ကြွက်နို့ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တဲ့အန္တရာယ်ကို လျော့ကျစေပါတယ်။

• ကြွက်နို့ကုသနေချိန်မှာ Sex ကို ရှောင်ပါ။

• ကြွက်နို့ဟာ မကြာခဏ ပြန်ဖြစ်တတ်ပါတယ်။ ကုသမှုခံယူပြီး ပထမဆုံးသုံးလအတွင်းမှာ ကြွက်နို့က ဖြစ်တတ်ပါတယ်။

• လိင်အင်္ဂါမှာ ကြွက်နို့မပေါက်အောင် ကွန်ဒုံးသုံးပြီး ကာကွယ်ပါ။

Most Popular

Healthy Life Ad
To Top