Healthy Life Ad
Health Tips

အိမ်ထောင်သည်များ အသက်အရွယ်မရွေး ကျန်းမာနေစေမည့် စမတ်ကျကျနည်းလမ်း ၉ သွယ်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ပေါင်းသင်းခဲ့တဲ့ နှစ်ကာလတွေ ဘယ်လောက်ပဲ ကြာခဲ့၊ ကြာခဲ့ တစ်ဦးနဲ့တစ်ဦး အချစ်မပြယ်ဘဲ ကိုယ်ကျန်းမာ စိတ်ချမ်းသာနေစေမယ့် စမတ်ကျကျ နည်းလမ်းတွေရှိပါတယ်။

(၁) ခါးအတိုင်းအတာကို စောင့်ကြည့်ပါ

အိမ်ထောင်သည်အများစုဟာ ခါးတုတ်ပြီး ဗိုက်ပူလာတတ်ပါတယ်။ ဒါကြောင့် အထွေထွေကျန်းမာရေး ထိခိုက်စေနိုင်သလို ဆွဲဆောင်မှုလည်း လျော့ကျတတ်ပါတယ်။ နယူးအင်္ဂလန်ဂျာနယ်ရဲ့ လေ့လာမှုတစ်ရပ်အရ သင်အဝလွန်ရင် သင့်အိမ်ထောင်ဖက် အဝလွန်နိုင်ခြေ ၃၇ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ အဝလွန်တာကြောင့် နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါတို့လို နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေ မြင့်မားတာကြောင့် အဝမလွန်အောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာသင့်ပါတယ်။

(၂) ငွေရေးကြေးရေးအတွက် အစီအစဉ်ဆွဲထားပါ

အိမ်ထောင်သည် ၄၀ ရာခိုင်နှုန်းနီးပါးဟာ ငွေရေးကြေးရေးသုံးစွဲမှုထက် ဖြုန်းတီးမှုကို လုပ်လေ့ရှိကြကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ ဒါကြောင့် ငွေကြေးကိစ္စဟာ ဇနီးမောင်နှံတွေ ရန်ဖြစ်ကြတဲ့ နံပါတ်တစ်အကြောင်းရင်း ဖြစ်နေပါတယ်။ ဒါကြောင့် မိသားစုဝင်ငွေ၊ ထွက်ငွေတွေကို စာရင်းပြုစုကာ စိစစ်သုံးစွဲတတ်တဲ့ အလေ့အထကို လိုက်နာသင့်ပါတယ်။

alignnone size-medium wp-image-60892
(၃) မိသားစုစည်းမျဉ်း၊ စည်းကမ်းများကို ချမှတ်ပါ

ဇနီးမောင်နှံတွေက ပေါင်းသင်းပြီးအချိန် ၁၀ နှစ် ၁၅ နှစ်ကြာတဲ့အထိ မိသားစုစည်းမျဉ်းကို ဘယ်လိုချမှတ်သင့်တယ်ဆိုတာ အငြင်းပွားနေဆဲ ဖြစ်တတ်ပါတယ်။ မတူညီတဲ့ မိသားစုနှစ်ခုက ပေါက်ဖွားလာသူနှစ်ဦး ပေါင်းဖက်ကြတာဖြစ်လို့ သဘောထားတွေက ကွဲလွဲနေတတ်ပါတယ်။ အိမ်သန့်ရှင်းရေး၊ ကလေးစောင့်ရှောက်မှု၊ ဟင်းလျာချက်ပြုတ်ပြင်ဆင်မှု စတဲ့ အချက်တွေမှာလည်း သဘောထားကွဲလွဲနေနိုင်တာကြောင့် ကလေးကို ဘယ်သူက ဘယ်အချိန်မှာ ထိန်းမယ်၊ အိမ်အလုပ်ကို တာဝန်ခွဲဝေလုပ်ဆောင်မယ် စသဖြင့် စည်းမျဉ်းချမှတ်ထားသင့်ပါတယ်။

alignnone size-medium wp-image-60893
(၄) Sex ကိစ္စကို မေ့မထားသင့်ပါ

လက်ထပ်ထားတဲ့ စုံတွဲတွေက ပျမ်းမျှအားဖြင့် တစ်နှစ်မှာ Sex ကိစ္စ ၅၈ ကြိမ်ရှိပြီး တစ်ပတ်တစ်ကြိမ်ထက် အနည်းငယ်ပိုတယ်လို့ သိရပါတယ်။ ရှစ်နှစ်ကြာလေ့လာခဲ့တဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ လက်ထပ်ထားတဲ့ စုံတွဲပေါင်း ၉၀ ရာခိုင်နှုန်းဟာ သားဦးကလေးမွေးပြီးချိန်မှာ Sex ကိစ္စမှာ စိတ်ပါဝင်စားမှု လျော့ကျသွားလေ့ရှိကြောင်း သိရပါတယ်။ တကယ်တော့ သင်တို့စုံတွဲအနေနဲ့ တစ်ပတ်မှာ Sex ငါးကြိမ်ရှိတာပဲဖြစ်ဖြစ်၊ တစ်နှစ်မှာ Sex ငါးကြိမ်ရှိတာပဲဖြစ်ဖြစ် သင်တို့နှစ်ဦးစလုံး ပျော်ရွှင်ကျေနပ်နေဖို့ပဲ အရေးကြီးပါတယ်။၂၀ဝ၈ ခုနှစ် လေ့လာမှုတစ်ရပ်အရ အိမ်ထောင်သည်တွေမှာ လက်ချင်းဆုပ်ကိုင်တာကနေ Sex ကိစ္စအထိ ထိတွေ့မှုကြောင့် စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းထွက်နှုန်း လျော့ကျတာကို တွေ့ရှိရကြောင်း သိရပါတယ်။

alignnone size-medium wp-image-60894
(၅) အဆင်ပြေအောင် နေထိုင်ပါ

အသက် ၂၀-၃၀ အရွယ်မှာ တစ်ကိုယ်တည်းနေထိုင်ရာမှ အိမ်ထောင်ပြုလိုက်တဲ့အခါ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဈေးဝယ်ထွက်တာ၊ အိမ်သန့်ရှင်းရေးလုပ်ရတာ၊ ဟင်းလျာချက်ပြုတ်ပြင်ဆင်ရတာ စတဲ့ တောက်တိုမယ်ရအလုပ်တွေကို ချောမွေ့နေအောင် လုပ်ဆောင်ရပါတယ်။ အဲဒီအခါ ပင်ပန်းနွမ်းနယ်မှုနဲ့ အဆင်မပြေမှုတွေကြောင့် တစ်ဦးနဲ့တစ်ဦး အငြင်းပွားရန်ဖြစ်ရတာတွေ ရှိတတ်ပါတယ်။ အကြံပေးသူ ဒေါက်တာဂိုးစတိန်းက “အိမ်ထောင်ရေးမှာ သူ့ပိုက်ဆံ၊ ကိုယ့်ပိုက်ဆံမခွဲခြားသင့်သလို သူ့တာဝန်၊ ကိုယ့်တာဝန် မခွဲခြားဘဲ အတူတူ ကူညီလုပ်ဆောင်သင့်ပါတယ်”လို့ ဆိုပါတယ်။

(၆) အသက်ကြီးလာချိန်မှာ တက်တက်ကြွကြွ နေထိုင်ပါ

ကလေးတွေရလာပြီး အသက်ကြီးလာတဲ့အထိ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ စုံတွဲတွေက အိမ်ထောင်ရေးမှာ ပိုမိုစိတ်ကျေနပ်မှုရရှိတယ်လို့ ကျွမ်းကျင်သူတချို ့က ဆိုပါတယ်။ မိသားစုလိုက်ကစားရတဲ့ တောင်တက်တာ၊ ပြေးတာ၊ လမ်းလျှောက်တာ၊ ရေကူးတာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးပါ။ အသင့်အတင့် လေ့ကျင့်ခန်းလုပ်တာက နှလုံးရောဂါနဲ့ တခြားကျန်းမာရေးပြဿနာတွေ မရအောင် ကာကွယ်ပေးနိုင်ပါတယ်။

alignnone size-medium wp-image-60895
(၇) ရင်းနှီးသော အိမ်ထောင်သည်များနှင့် စကားစမြည်ပြောဆိုပါ

သင်တို့စုံတွဲကြားမှာ အဆင်မပြေတဲ့ အဖုအထစ်တွေရှိနေလို့ပဲဖြစ်ဖြစ် ရင်းနှီးတဲ့ အိမ်ထောင်သည်တွေကို ရင်ဖွင့်ပြောဆိုလိုက်ပါ။ သူတို့ကလည်း သူတို့ကြားက အဆင်မပြေတဲ့ အခက်အခဲတွေကို ပြန်လည်ပြောပြပါလိမ့်မယ်။ အဲဒီအခါ ဘယ်အိမ်ထောင်ရေးပဲဖြစ်ဖြစ် အသေးအမွှားပြဿနာတော့ ရှိတတ်တယ်ဆိုတာ နားလည်ပြီး စိတ်ပေါ့ပါးသွားမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top