Healthy Life Ad
Life Style

တမူထူးခြား အိမ်တွင်းအလှအပနည်းများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

လွယ်လည်းလွယ်ပြီး တကယ်လည်းလှစေမယ့် အိမ်တွင်းအလှအပရေးရာ နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်နော် . . .

(၁) လည်ပင်းကို အစိုဓာတ်ထိန်းပါ

ညဘက်မှာ လည်ပတ်ပဝါပတ်ပြီး အိပ်တတ်ရင် လည်ပင်းကိုပါ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပြီး ပဝါပတ်ပေးပါ။ အသားအရေကို ပိုမိုတင်းရင်း လှပစေပါတယ်။

(၂) နှုတ်ခမ်းသားကို ကာကွယ်ပါ

နှုတ်ခမ်းဆိုးဆေး Lip Gloss ဟာ အဆီတစ်မျိုးဖြစ်တာကြောင့် ခရမ်းလွန်ရောင်ခြည်ကို ဆွဲဆောင်နေပါတယ်။ ဒါကြောင့် အလွယ်တကူ နေလောင်စေနိုင်တာကြောင့် နှုတ်ခမ်းသားကို အရင်ဆုံး နေကာခရင်မ်လိမ်းပြီး ကာကွယ်ဖို့ မမေ့ပါနဲ့။

(၃) ဖောင်ဒေးရှင်းခရင်မ်ကို ရေမြှုပ်ဖြင့်လိမ်းပါ

ဖောင်ဒေးရှင်းခရင်မ်လိမ်းတဲ့အခါ တို့ဖတ်ပဝါနဲ့ သုတ်လိမ်းတာမျိုး မလုပ်ပါနဲ့။ ရေမြှုပ် ဒါမှမဟုတ် ဘရပ်ရှ်သုံးပြီး ဖောင်ဒေးရှင်းခရင်မ် လိမ်းသင့်ပါတယ်။

(၄) မျက်စိကို လက်ဖြင့် မပွတ်သပ်သင့်ပါ

မျက်စိကို လက်နဲ့ပွတ်သပ်ဖန် များလေလေ၊ မျက်ဝန်းတစ်ဝိုက်အရေပြား ပိုမိုအရောင်ရင့်နိုင်ခြေ များလေလေ ဖြစ်တတ်ပါတယ်။ မျက်စိကို လက်နဲ့ပွတ်သပ်တာကြောင့် မျက်ဝန်းတစ်ဝိုက် အရေပြားကို ရောင်ရမ်းစေပြီး ရောင်ခြယ်ပစ္စည်းအထွက်များကာ မျက်ကွင်းညိုစေနိုင်ပါတယ်။

(၅) ခြောက်သွေ့သော အသားအရေကို ကြက်ဆူဆီဖြင့် တွန်းလှန်ပါ

အသားအရေခြောက်သွေ့တာနဲ့ နှင်းခူလိုဖြစ်တာတွေ သက်သာစေဖို့ ကြက်ဆူဆီ ဒါမှမဟုတ် သံလွင်ဆီခတ်ထားတဲ့ ရေကိုချိုးပါ။

(၆) ဆံပင်နှင့် လက်သည်း၊ ခြေသည်းကို အစိုဓာတ်ထိန်းပါ

ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားကို ရွှေဖရုံစေ့ဆီ သုတ်လိမ်းပေးရင် အစိုဓာတ်ထိန်းပေး နိုင်ပါတယ်။

(၇) သဘာဝကျပါစေ

သဘာဝကျကျ ကြည့်ကောင်းစေဖို့ ဖောင်ဒေးရှင်းခရင်မ်ကို ခပ်ပါးပါးပဲ လိမ်းပါ။ အရင်ဆုံး ရေမြှုပ်ကို ရေဆွတ်ပြီးမှ ဖောင်ဒေးရှင်းခရင်မ်ကို တို့လိမ်းရင် ဖောင်ဒေးရှင်းကို ခပ်ပါးပါးပဲ ထင်စေပါတယ်။

(၈) နှုတ်ခမ်းဆိုးဆေးအခြောက်ကို ရှောင်ပါ

အိုင်းရှဲဒိုး၊ ပါးနီ စတာတွေကို ခြယ်သတဲ့အခါ နှုတ်ခမ်းဆိုးဆေးအဆီနဲ့ပဲ လိုက်ဖက်ပါတယ်။ ခြောက်သွေ့တဲ့ နှုတ်ခမ်းဆိုးဆေးကို ရှောင်ပါ။

(၉) ဘရိတ်ဓားရှရာမဖြစ်စေရန် ရှောင်ပါ

အမွှေးမရိတ်ခင် ဘရိတ်ဓားရှရာမဖြစ်စေဖို့ သတိထားပါ။ အရေပြားအရောင် ရင့်လေလေ၊ ဓားရှပြီး နာကျင်နိုင်ခြေ များလေလေ ဖြစ်ပါတယ်။ ဒါကြောင့် အရင်ဆုံး အမွှေးရိတ်တိုင်း နာကျင်ကာ ပူစပ်ပူလောင် ဖြစ်နေတယ်ဆိုရင် အကောင်းဆုံး အမွှေးဖယ်ရှားနည်းအတွက် အရေပြားဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၁၀) ရေခဲကပ်ပါ

မိတ်ကပ်မလိမ်းခင် နံနက်တိုင်း မျက်နှာကို ရေခဲကပ်ပေးတာနဲ့ ညအိပ်ရာမဝင်ခင် ရေခဲကပ်ပေးတာကြောင့် အသားအရေ ဖောင်းအစ်တာကို သက်သာစေပြီး အသားအရေ တင်းရင်းလှပစေပါတယ်။

(၁၁) သံလွင်ဆီ သုံးပါ

သံလွင်ဆီကို အစိုဓာတ်ထိန်းခရင်မ်အဖြစ် တစ်ကိုယ်လုံးမှာ လိမ်းနိုင်ပါတယ်။ ကလေးတွေရဲ ့ အသားအရေ စိုပြည်နူးညံ့ဖို့အတွက် အကောင်းဆုံးအဆီပါ။

(၁၂) ဗက်ဆလင်းနှင့် ကြက်ဥအကာကို သုံးပါ

အိပ်ရာမဝင်ခင် မျက်ဝန်းအောက်မှာ ဗက်ဆလင်းအလှဆီလိမ်းပါ။ ပေါင်းတင်ပစ္စည်းအဖြစ် ကြက်ဥအကာကို အသုံးပြုပါ။ အသားအရေကို တင်းရင်းလှပစေပါတယ်။

(၁၃) ခေါင်းအုံးစွပ်လဲပါ

တစ်ပတ်တစ်ကြိမ် ခေါင်းအုံးစွပ်လဲတာဟာ ဆံပင်ကထွက်တဲ့ အဆီတွေကို ကင်းစေပါတယ်။ ဆံပင်ကထွက်တဲ့အဆီတွေဟာ မျက်နှာပေါ် ကပ်ငြိရင် ဝက်ခြံအဖုအပိမ့်တွေကို ဖြစ်စေနိုင်တာကြောင့်ပါ။

(၁၄) ချွေးပေါက်သန့်စင်ရန် ကြက်သီးနွေးရေနှင့် ပက်ဖျန်းပါ

မျက်နှာကို ကြက်သီးနွေးရေနဲ့ အကြိမ် ၂၀ လောက် ပက်ဖျန်းပြီးရင် အေးမြသန့်စင်တဲ့ ဘုံပိုင်ရေနဲ့ ဆယ်ကြိမ်လောက် ပက်ဖျန်းပေးပါ။ ဒီနည်းလမ်းဟာ အသားအရေကို နူးညံ့ပျော့ပျောင်းသွားစေပြီး ချွေးပေါက်တွေကျဉ်းကာ ပန်းနုရောင်သမ်းသွားစေပါတယ်။

(၁၅) ပန်းရောင်လိမ်းခြယ်ပါ

ပန်းရောင်ဟာ ပါးပြင်ကို သဘာဝကျကျ နူးညံ့သွားစေတဲ့ အရောင်ဖြစ်ပြီး အသားအရောင်တိုင်းနဲ့ လိုက်ဖက်ပါတယ်။

Most Popular

Healthy Life Ad
To Top