Healthy Life Ad
Health Tips

၀မ်းကိုက်ရောဂါ (Dysentery)

———၊ ဒေါက်တာတင့်ဆွေ ၊———

အင်္ဂလိပ်လို Bloody diarrhoea သွေးဝမ်းသွားတယ်လို့ အရေးများတယ်။ ဆေးစာနဲ့ဆို Dysentery ခေါ်တယ်။ WHO ကနေ သတ်မှတ်ထားတာက ဝမ်းအရည်သွားပြီး သွေးပါတာတဲ့။ အမေရိကန် CDC ကတော့ ဝမ်းသွားတာထဲမှာ မြင်သာတဲ့ သွေးပါနေတာကို သတ်မှတ်တယ်။

ကူးစက်ရောဂါဖြစ်တယ်။ စအိုကထွက်-ပါးစပ်ကဝင်လာတာဖြစ်တယ်။ ဗက်တီးရီးယားပိုးကနေဖြစ်ရင် Bacillary dysentery လို့ခေါ်ပြီး Entamoeba histolytica (အမီးဘား) ပိုးကနေဖြစ်ရင် Amoebic dysentery လို့ခေါ်တယ်။ တခြား E coli, Salmonella နဲ့ Campylobacter ပိုးတွေကနေလည်း ဖြစ်တယ်။ ဒါ့အပြင် သန်ကောင်တွေ၊ ဓာတုဆေးနဲ့ ဗိုင်းရပ်စ်တွေကနေလည်း ဖြစ်နိုင်သေးတယ်။ ဝမ်းကို ဓာတ်ခွဲခန်းမှာစစ်ရင် အတိအကျ သိရမယ်။

အများဆုံးဖြစ်စေတာ Shigella ဗက်တီးရီးယားကြောင့်ပါ။ Bacillary dysentery ခေါ်တယ်။ သူ့ဖာသူပျောက်နိုင်တယ်။ Amoeba Entamoeba histolytica ကြောင့်ဖြစ်တာကို Amoebic dysentery ခေါ်တယ်။ ဆိုးတယ်၊ နောက်ဆက်တွဲရောဂါတွေ ဆက်ဖြစ်တတ်တယ်။ ဥပမာ အသဲရောင်(အသားမဝါ)၊ ဦးနှောက်ရောင်။

ဝမ်းခဏခဏသွားမယ်၊ သွားရင် ဗိုက်ရစ်ပြီးနာမယ်။ သွေးကမများဘူး။ ဝမ်းမှာ အကျိအချွဲပါမယ်။ တချို ့မှာ ကိုယ်နည်းနည်းပူတတ်တယ်။ တချို ့က ကိုယ်မပူဘူး။ တချို ့မှာ နည်းနည်းသာခံရပြီး တချို ့ကြ ဆိုးလှတယ်။ ရက်တိုသူ၊ ရှည်သူရှိတယ်။ အူမကြီးမှာရောင်တာ၊ နာတာ၊ ဝမ်းခဏခဏသွားမယ်။ ဝမ်းထဲသွေးပါမယ်၊ ကိုယ်ပူမယ်၊ ဗိုက်နာမယ်၊ အားယုတ်မယ်။

ဘယ်လိုကုမလဲ။ ရေများများသောက်ပါ၊ ဓာတ်ဆားရည်သောက်ပါ။ နားပါ။ တကိုယ်ရေသန့်ရှင်းရေး ပိုလုပ်ပေးပါ။ ပါးစပ်ထဲဝင်တာမှန်သမျှ ဂရုစိုက်ပါ။ ရေသန့်မယ်၊ အစားအစာသန့်မယ်ဆိုရင် မဖြစ်နိုင်တော့ပါ။ ပူအောင်လုပ်ထားတဲ့ အစာထဲ၊ ရေထဲမှာ ပိုးမပါနိုင်ပါ။

(၁) Bacterial dysentery ဗက်တီးရီးယား ဝမ်းကိုက်ရောဂါအတွက် –

Ceftriaxone 250 mg uae 2 grams အထိ၊ တနေ့တကြိမ်ကနေ ၂ ကြိမ်ခွဲပေးတယ်။ ၇- ၁၄ ရက်။ ကလေးတွေဆိုရင် 50-100 mg/kg တနေ့တကြိမ်ကနေ ၂ ကြိမ်ခွဲပေးတယ်။ ၇-၁၄ ရက်။

Ciprofloxacin 500 mg ကို ၁၂ နာရီတခါ၊ ၅-၇ ရက်။

Trimethoprim-sulfamethoxazole (Bactrim, Septra, Septrin) တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၁၀-၁၄ ရက်။

“ဝမ်းထဲသွေးပါမယ်၊ ကိုယ်ပူမယ်၊ ဗိုက်နာမယ်၊ အားယုတ်မယ်။ ဘယ်လိုကုမလဲ။ ရေများများသောက်ပါ၊ ဓာတ်ဆားရည်သောက်ပါ။ နားပါ။ တကိုယ်ရေသန့်ရှင်းရေး ပိုလုပ်ပေးပါ။ ပါးစပ်ထဲဝင်တာမှန်သမျှ ဂရုစိုက်ပါ။ ရေသန့်မယ်၊ အစားအစာသန့်မယ်ဆိုရင် မဖြစ်နိုင်တော့ပါ။ ပူအောင်လုပ်ထားတဲ့ အစာထဲ၊ ရေထဲမှာ ပိုးမပါနိုင်ပါ” . . .

(၂) Amebic dysentery (အမီးဘား) ဝမ်းကိုက်ရောဂါအတွက် –

Amebic dysentery (အမီးဘား) ဝမ်းကိုက် = Metronidazole 750 mg တနေ့ ၃ ကြိမ်၊ ၅-၁၀ ရက်။

Metronidazole (Flagyl) ဆေးအကြောင်းလေးပါ ထည့်ရေးပါရစေ။ အသုံးလဲများ ဆေးအဆလဲ ကွာခြားလို့ပါ။ ရောဂါအတော်များများမှာ သုံးတယ်။

Amebic Giardia (ဂိုင်ယားဒီယား) ပိုးကြောင့် ဝမ်းပျက်ခြင်း = 250 mg တနေ့ ၃ ကြိမ်၊ ၅ ရက်။

Amebic gingivitis (အမီးဘား) သွားဖုံးရောင်၊ Metronidazole 400 mg TDS x 5-7 days

Amebic liver abscess (အမီးဘား) အသဲပြည်တည်ခြင်း = Metronidazole 250 မှ 750 mg တနေ့ ၃ ကြိမ်၊ ၅-၁၀ ရက်သောက်ပါ။

Amebic Urethritis (ဂိုင်ယာဒီးယား) ပိုးဝင်၍ ကျား-မ ဆီးပြွန်ရောင်ခြင်း၊ Metronidazole 500 mg BD x 7 days

Anaerobic Bacterial Infections လေမကြိုက်တဲ့ပိုးကြောင့် အူမကြီးရောင်ခြင်း၊ ထိုးဆေး 500 mg TDS (30 mg/kg/dose) IV တနေ့ ၃ ကြိမ်။ စားဆေး = 7.5 mg/kg တနေ့ ၄ ကြိမ်၊ ၇-၁၀ ရက်။ တနေ့မှာ 4 grams ထက် မပိုရ။
Bacterial Vaginosis မွေးလမ်းရောင်ခြင်း = Metronidazole 750 mg တနေ့ ၁ ကြိမ် ၇ ရက်သောက်ပါ။

Metronidazole Vaginal cream တနေ့ ၁=၂ ကြိမ် ၅ ရက် ညအချိန်မှာ မွေးလမ်းထဲထည့်ပါ။

Clostridium difficile infection (ကလောဆထွိုင်ဒီးယား) ဝမ်းပျက်ရောဂါ = 250-500 mg တနေ့ ၄ ကြိမ်၊ ဒါမှမဟုတ် ၅၀ဝ-၇၅၀ တနေ့ ၃ ကြိမ်။

Hpylori infections အစာအိမ်အနာ Metronidazole 800-1500 mg နေ့စဉ်+ကို Clarithromycin and Omeprazole နဲ့တွဲပေးသည်။

Pelvic inflammatory disease (PID) တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း = 500 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်၊ အခြားဆေးများနဲ့ တွဲပေးပါ။

Rosacea အရေပြားနီရဲနေတဲ့ရောဂါ လိမ်းဆေး= Gel ဝ.၇၅-၁% တနေ့တကြိမ်လိမ်းပါ။ Metronidazole ကလွဲရင် Diloxanide furoate, Paromomycin (Humatin), or Iodoquinol (Yodoxin) ဆေးတွေကိုလဲ သုံးပါသေးတယ်။ Traveler’s diarrhea ခရီးသွားဝမ်းလျှောခြင်း၊ Metronidazole 250 mg TDS x 5-7 days

Trichomoniasis ပိုးကြောင် STD/STI လိင်ကတဆင့် (ထရွိုင်ကိုမိုးနပ်စ်) နှင့် (ဂိုင်ယာဒီယား) ပိုးများကြောင့် မွေးလမ်းကြောင်း-သားအိမ်ရောင်ခြင်း၊ Metronidazole 2 grams တခါထဲသောက်ပါ။ ဒါမှမဟုတ် 1 gram ကို ၂ ခါခွဲ တရက်ထဲသောက်ပါ။ ဒါမှမဟုတ် တခါသောက်။ ဒါမှမဟုတ် 250 mg တနေ့ ၃ ကြိမ်၊ ဒါမှမဟုတ် 375 mg တနေ့ ၂ ကြိမ်၊ စုစုပေါင်း ၇ ရက်သောက်ပါ။

ဦးနှောက်ပြည်တည်ခြင်း၊ Metronidazole 7.5 mg/kg orally QID not to exceed 4 grams daily + Penicillin or (Cefixime, Cefdinir, Cefoperazone, Cefotaxime, Cefpodoxime, Ceftazidime, Ceftizoxime, Ceftriaxone) ဘေးထွက်ဆိုးကျိုးများ၊ အစာအိမ်ရောင်၊ ပျို့-အန်၊ အစာမကြေ၊ FDA uae Pregnancy (B) လို့ သတ်မှတ်ထားတယ်။ ဆိုလိုတာက အကျိုးဟာ ဘေးထွက်-ဆိုးကျိုးထက်ပိုရင် သောက်နိုင်တယ်။

Most Popular

Healthy Life Ad
To Top