Healthy Life Ad
Health Tips

လက်သည်းက ပြသနေသည့် ကျန်းမာရေးအခြေအနေများ

———၊ လရိပ်မေ ၊———

သင့်လက်သည်းကလည်း သင့်ကျန်းမာရေးအခြေအနေကို ပြသနေပါတယ်။

alignnone size-medium wp-image-60364
ဒေါင်လိုက်အစင်းများ ထင်ခြင်းက သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်နိုင်

ဒါက လလို့ခေါ်တဲ့ လက်သည်းအစိတ်အပိုင်းပါ။ သိုင်းရွိုက်ကျန်းမာရေး ကောင်းသူတွေမှာ လက်သည်းတိုင်း လအမှတ်အသားရှိပါတယ်။ လအမှတ်အသားနည်းလေလေ သိုင်းရွိုက်အားနည်းနိုင်ခြေ ပိုများလေလေပါ။

alignnone size-medium wp-image-60365
သိုင်းရွိုက်အားနည်းခြင်းက နုံးချည့်ညောင်းညာသော လက္ခဏာဖြစ်စေနိုင်

သိုင်းရွိုက်အားနည်းတာကြောင့် နုံးချည့်ညောင်းညာတာ၊ စိတ်ကယောက်ကယက်ဖြစ်တာ၊ စိတ်ဓာတ်ကျတာ၊ ဆံပင်ပါးတာ၊ ဆံပင်သားနဲ့ အသားအရေပြောင်းလဲတာတို့ ဖြစ်စေနိုင်ပါတယ်။ သိုင်းရွိုက်အားနည်းတာက ကိုယ်အလေးချိန်တက်တာနဲ့ ဆက်စပ်နေတတ်ပါတယ်။

alignnone size-medium wp-image-60366
လက်သည်းစွယ်ထွက်ခြင်းက ဗီတာမင်စီချို့တဲ့မှုကြောင့် ဖြစ်စေနိုင်

လက်သည်းနှစ်ဖက်စလုံးမှာ အစွယ်ထွက်တာက အစာမကြေခြင်း၊ ပရိုတင်း ဒါမှမဟုတ် ဗီတာမင်စီ ချို့တဲ့ခြင်းနဲ့ ဆက်စပ်နေပါတယ်။

alignnone size-medium wp-image-60367
အလျားလိုက်အစင်းကြောင်းများက ဗီတာမင်အေနဲ့ ဘီအုပ်စုချို့တဲ့မှုကြောင့် ဖြစ်စေနိုင်

လက်သည်းမှာ အလျားလိုက်အစင်းကြောင်းတွေရှိတာက ဗီတာမင်အေ၊ ဘီ အုပ်စုချို့တဲ့မှုကြောင့် ဖြစ်နိုင်သလို ကယ်လ်ဆီယမ်သတ္တုဓာတ် ချို့တဲ့တာလည်း ဖြစ်နိုင်ပါတယ်။

• လက်သည်းထူထဲတာက သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဆက်စပ်တတ်ပါတယ်။

• လက်သည်းကြွပ်ဆတ်တာက ဗီတာမင်အေနဲ့ ကယ်လ်ဆီယမ်ချို့တဲ့မှု၊ သွေးလှည့်ပတ်မှုမကောင်းတာ၊ သိုင်းရွိုက်/ကျောက်ကပ်ပြဿနာ ရှိတာတွေနဲ့ ဆက်စပ်တတ်ပါတယ်။

• လက်သည်းအားနည်းတာ၊ အဖပ်ကွာတာတို့က ဆီလီကွန်ဓာတ်ချို့တဲ့မှုနဲ့ ဆက်စပ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top