Healthy Life Ad
Health Tips

ကိုယ်ခံအားကုထုံးဖြင့် နောက်ဆုံးအဆင့် ပြန့်နှံ့နေသောကင်ဆာ ကျော်ဖြတ်နိုင်ခဲ့သူ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဂျူဒီက ကင်ဆာနောက်ဆုံးအဆင့် ခံစားရပြီး မျှော်လင့်ချက်ကင်းမဲ့နေခဲ့တာပါ။ ဒါပေမဲ့ တီထွင်နေတဲ့ ကုထုံးတစ်ခုကြောင့် အချိန်နှစ်လအတွင်း ကင်ဆာလုံးဝ ပျောက်ကင်းသွားခဲ့ရပါတယ်။ ဆေးပညာတွေ့ရှိမှု အသစ်တစ်ခုအနေနဲ့ ကင်ဆာဆေးသွင်းကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးတွေမပါဘဲ သက်သာပျောက်ကင်းခဲ့တဲ့ ဂျူဒီရဲ ့ကင်ဆာခရီးလမ်းက ကင်ဆာနောက်ဆုံးအဆင့် လူနာတွေအတွက် ကောက်ရိုးတမျှင်ပါပဲ။

ဂျူဒီရဲ့ ကင်ဆာခရီးလမ်း

၂၀ဝ၃ ခုနှစ်မှာ နယူးယော့ခ်အင်ဂျင်နီယာ ဂျုဒီပါကင်က မမျှော်လင့်တဲ့ သတင်းဆိုးတစ်ခုကို ကြားသိလိုက်ရပါတယ်။ သူ့မှာ ရင်သားကင်ဆာ အစောပိုင်းအဆင့် ခံစားနေရပြီဆိုတာပါပဲ။ ဒီသတင်းကြားပြီး မကြာခင်မှာ ဂျူဒီက ရင်သားဖြတ်ထုတ်တဲ့ ကုသမှုခံယူခဲ့ပြီး ပုံမှန်ဘဝအတိုင်း အသက်ရှင်နေထိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာ ကင်ဆာက ပြန့်နှံ့နေပြီလို့ သိခဲ့ရပါတယ်။

တကြော့ပြန်ကုသမှု

ကင်ဆာဆေးသွင်းကုသမှု၊ ဟော်မုန်းကုသမှုတို့လို ကုထုံးတွေကို ဆရာဝန်တွေက ပေးခဲ့ပေမယ့် ဂျူဒီက အဲဒီဆေးတွေအပေါ် ကောင်းကောင်းတုံ့ပြန်မှုမရှိခဲ့ပါဘူး။ ဒါပေမဲ့ နှစ်နှစ်အကြာမှာ ဂျူဒီကံကောင်းမှုတစ်ခု ကြုံခဲ့ပါတယ်။ ကိုယ်ခံအားကုထုံးသင်တန်းတစ်ခုမှာ ဂျူဒီက အမျိုးသားကင်ဆာဌာနအဖွဲ့ဝင် စတပ်ဖနီနဲ့ ဆုံခဲ့ပါတယ်။ စတပ်ဖနီက ကိုယ်ခံအားကုထုံးအခြေခံတဲ့ ကင်ဆာကုသမှုတွေကို လက်တွေ့စမ်းသပ်နေကြောင်း သိရတာကြောင့် ဂျူဒီက အဲဒီလေ့လာစမ်းသပ်မှုမှာ ပါဝင်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

“ဂျူဒီရဲ ့ ဝေဒနာတွေလျော့ပါးပြီး နေလို့ကောင်းလာခဲ့ပါတယ်။ ကုသမှုက အောင်မြင်စွာနဲ့ ရက်သတ္တပတ် နှစ်ပတ်မတိုင်ခင်မှာ ပြီးဆုံးသွားခဲ့တာပါ။ ဂျူဒီက ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ပြီး ၂၀၁၆ ခုနှစ်ကစတင်ကာ ကင်ဆာဆဲလ်ကင်းစင်သွားခဲ့ပါတယ်။”

ဆရာဝန်တွေရဲ ့ ကိုယ်ခံအားဆဲလ်သန်စွမ်းအောင် စွမ်းဆောင်မှု

ဆရာဝန်တွေက ဂျူဒီရဲ့ ခန္ဓာကိုယ်မှ ကိုယ်ခံအားဆဲလ်တွေကို ထုတ်ယူခဲ့ပါတယ်။ ကင်ဆာဆဲလ်တွေနဲ့ ထိတွေ့နေတဲ့အရာတွေကို ယူပြီးနောက် အဲဒီကင်ဆာဆဲလ်တွေကို သိရှိပြီး တိုက်ခိုက်နိုင်အောင် လုပ်ခဲ့ပါတယ်။ ဓာတ်ခွဲခန်းထဲမှာထားပြီး လအနည်းငယ်ကြာ ဆဲလ်တွေကို ပွားများသန်စွမ်းစေကာ ဆဲလ်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းကို အားကောင်းလာအောင်နဲ့ ကင်ဆာဆဲလ်တွေကို မြန်မြန်ဖျက်ဆီးနိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ကိုယ်ခံအားဆဲလ်တွေ အလုံအလောက် အားကောင်းလာချိန်မှာ ဆရာဝန်တွေက ဂျူဒီရဲ့ ခန္ဓာကိုယ်ထဲကို ကိုယ်ခံအားဆဲလ်တွေ ပြန်လည်ထိုးထည့်ပေးခဲ့ပါတယ်။

အမှတ်ရဖွယ်ရာ ပြန်လည်ကောင်းမွန်လာခြင်း

ကုသမှုအစပိုင်းမှာ ဂျူဒီဟာ အပြင်းအထန် နာမကျန်းဖြစ်ခဲ့ပါတယ်။ အလွန်အမင်း နာကျင်ကိုက်ခဲမှု ခံစားခဲ့ရပြီး နေ့စဉ်နေ့တိုင်း နာမကျန်းဖြစ်ခဲ့ပါတယ်။ ချမ်းတုန်တာနဲ့ အလွန်အမင်း နုံးချည့်ညောင်းညာတဲ့ ဝေဒနာတွေကိုတောင် ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ဂျူဒီ့အတွက် ဒီကိုယ်ခံအားကုထုံးက တကယ်အလုပ်ဖြစ်တယ်ဆိုတာကို သဘောပေါက်နားလည်လာခဲ့ပါတယ်။

“လက်မောင်းထဲက အာရုံကြောထဲစူးဝင်နေတဲ့ အကျိတ်တွေက နာကျင်မှုလျော့ပါးလာသလိုမျိုး စတင်ခံစားခဲ့ရပါတယ်”လို့ ဂျူဒီက ဆိုပါတယ်။

“တစ်ပတ်-နှစ်ပတ်လောက် ကြာတဲ့အခါ နာကျင်မှုက တော်တော်လေးသက်သာသွားခဲ့ပါတယ်” ဂျူဒီရဲ့ ဝေဒနာတွေလျော့ပါးပြီး နေလို့ကောင်းလာခဲ့ပါတယ်။ ကုသမှုက အောင်မြင်စွာနဲ့ ရက်သတ္တပတ် နှစ်ပတ်မတိုင်ခင်မှာ ပြီးဆုံးသွားခဲ့တာပါ။ ဂျူဒီက ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ပြီး ၂၀၁၆ ခုနှစ်က စတင်ကာ ကင်ဆာဆဲလ် ကင်းစင်သွားခဲ့ပါတယ်။

အံ့သြဖွယ်ရာ ကုထုံးနောက်ကွယ်က . . .

ဒီလို ပြောင်းလဲစေတဲ့ ကုထုံးကို လုပ်ဆောင်ခဲ့တာက အမျိုးသားကင်ဆာဌာနက ခွဲစိတ်ကုဆရာ ဝန်ဒေါက်တာစတီဗင် ဖြစ်ပါတယ်။ သူက ကိုယ်ခံအားကုထုံးနယ်ပယ်မှာ ဦးဆောင်လေ့လာခဲ့သူပါ။ “ဒီကုထုံးက ပြန့်နှံ့နေတဲ့ ကင်ဆာအများစုကို ကုသရာမှာဖြစ်တတ်တဲ့ အခက်အခဲပြဿနာတွေကို ဖြေရှင်းနိုင်မယ့်ကုထုံးလို့ ထင်ပါတယ်”လို့ ဒေါက်တာစတီဗင်က ဆိုပါတယ်။ ဒီကုထုံးက ကင်ဆာလူနာအားလုံးအတွက် ဖြေရှင်းနည်းမဟုတ်ပေမယ့်လည်း လူအများရဲ့ ကျန်းမာရေးအတွက် အားတက်ဖွယ်ရာ ကုထုံးတစ်ခုဖြစ်လာပါတယ်။

(Ref;Brightside)

Most Popular

Healthy Life Ad
To Top