Healthy Life Ad
Life Style

လည်ပင်းနှင့် ရင်ဘတ်ရှိ အရေးကြောင်းများ သက်သာလျော့ပါးစေမည့် အလွယ်နည်း ၇ သွယ်

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

လည်ပင်းနဲ့ ရင်ဘတ်အရေပြားက မျက်နှာအရေပြားလိုပဲ ထိလွယ်ခိုက်လွယ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးအများစုက မျက်နှာအရေပြားကိုပဲ ဂရုစိုက်ပြီး လည်ပင်းအရေပြားကို အလေးမထားတတ်ကြပါဘူး။ နောက်ဆက်တွဲအနေနဲ့ လည်ပင်းမှာ အရေးကြောင်းကြီးငယ်တွေ ထင်တတ်တာကြောင့် အမြန်သက်သာလျော့ပါးစေမယ့် အလွယ်နည်း ၇ သွယ်ကို မျှဝေပေးလိုက်ပါတယ်။

alignnone size-medium wp-image-60016
(၁) ပက်လက်လှန်အိပ်စက်ပါ

ဘေးတစောင်းအိပ်တာ ဒါမှမဟုတ် မှောက်အိပ်တာတွေက လည်ပင်းနဲ့ရင်ဘတ်မှာ တွန့်ခေါက်တာတွေ ဖြစ်စေပြီး အရေးကြောင်း ထင်လွယ်စေပါတယ်။ ဒါကို ရှောင်ရှားဖို့ ပက်လက်အိပ်တဲ့အကျင့် လုပ်ပေးပါ။ ဒူးအောက်မှာ ခေါင်းအုံးပါးတစ်လုံးခံပြီး ပက်လက်အိပ်တာ ဒါမှမဟုတ် ခန္ဓာကိုယ်ဘယ်ရော ညာမှာပါ ခေါင်းအုံးသေးနှစ်လုံး ခုအိပ်တာတို့ လုပ်ဆောင်ပါ။ ဒါဆိုရင် ရင်သားတွဲကျတာကိုပါ ကာကွယ်ရာရောက်ပါတယ်။

alignnone size-medium wp-image-60017
(၂) ရင်ဘတ်အရေပြားကို ရှားစောင်းလက်ပပ်သုံးပြီး ပေါင်းတင်ပါ

ရင်ဘတ်ကို ရှားစောင်းလက်ပပ်နဲ့ ပေါင်းတင်ပေးပါ။ ရှားစောင်းလက်ပပ်အနှစ်ကိုယူပြီး လည်ပင်း၊ ရင်ဘတ်တဝိုက် အရေပြားတွေမှာ သုတ်လိမ်းပါ။ မိနစ် ၂၀ ကြာထားပြီးမှ ရေချိုးသင့်ပါတယ်။ ရှားစောင်းလက်ပပ်အနှစ်က အသားအရေကို သဘာဝအစိုဓာတ်ထိန်းပေးပြီး ရေဓာတ်ခမ်းခြောက်တာနဲ့ အသားပပ်တာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အသားအရေကြည်လင်တောက်ပစေပါတယ်။

alignnone size-medium wp-image-60018
(၃) ရေချိုးစဉ် ရင်ဘတ်ပေါ် ရေပူတိုက်ရိုက်မဖျန်းသင့်ပါ

ခပ်နွေးနွေးရေနဲ့ ရေချိုးတဲ့အခါ အရေပြားပေါ် တိုက်ရိုက်ကျရင် အရေပြားရဲ့ သဘာဝအဆီဓာတ်ကို ကင်းစင်စေကာ ခြောက်သွေ့တာနဲ့ အရေးကြောင်းထင်တာတွေ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ရင်ဘတ်အရေပြားပေါ် ရေနွေးတိုက်ရိုက်မကျအောင် သတိထားသင့်ပါတယ်။

alignnone size-medium wp-image-60019
(၄) ရင်ဘတ်ကြွက်သားများ သန်စွမ်းစေရန် လက်ထောက်မှောက်လေ့ကျင့်ခန်း လုပ်ပါ

ရင်ဘတ်ကြွက်သားတွေ သန်စွမ်းနေရင် ကမ္ဘာ့မြေဆွဲအားကြောင့် ရင်သားတွဲကျတာဖြစ်နှုန်း နည်းပါတယ်။ ရိုးစင်းတဲ့ လေ့ကျင့်ခန်းလုပ်တဲ့နည်းနဲ့ ရင်ဘတ်ကြွက်သားနဲ့ အရေပြားတင်းရင်းအောင် လုပ်ဆောင်ပါ။ ရေမချိုးခင် တစ်နေ့ အကြိမ် ၂၀ ခန့် လက်ထောက်မှောက်လေ့ကျင့်ခန်းကို လုပ်ဆောင်ပါ။ ဒီလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဘရာစီယာဝတ်ထားဖို့တော့ လိုပါတယ်။

alignnone size-medium wp-image-60020
(၅) အံဝင်ခွင်ကျရှိသည့် ဘရာစီယာဝတ်ဆင်ပါ

သင့်ရင်သားတွေကို ကောင်းကောင်းပံ့ပိုးပေးနိုင်တဲ့ ဘရာစီယာမျိုး ရွေးချယ်ဝတ်ဆင်ရင် ကမ္ဘာ့မြေဆွဲအားကို ကောင်းကောင်းခံနိုင်ရည်ရှိမှာပါ။ ဒီလို ဘရာစီယာမျိုးဝတ်တာက ရင်ဘတ်အရေပြား တွန့်ခေါက်မှုကို လျော့ကျစေပြီး အရေပြားကို ချောမွေ့စေပါတယ်။

alignnone size-medium wp-image-60021
(၆) ရင်ဘတ်ကို နှိပ်နယ်ပေးပါ

ရင်ဘတ်ကို အစိုဓာတ်ထိန်းခရင်မ်လိမ်းပြီး ညင်ညင်သာသာ နှိပ်နယ်ပေးရင် သွေးလှည့်ပတ်မှု ကောင်းစေပြီး အောက်ဆီဂျင်ရောက်ရှိစေကာ အိုမင်းမှုဖြစ်စဉ်ကို လျော့ကျစေပါတယ်။ လက်ချောင်းထိပ်တွေနဲ့ အစိုဓာတ်ထိန်းခရင်မ်ကိုယူကာ ရင်ဘတ်ပေါ်မှာ စက်ဝိုင်းပုံစံ လှည့်လည်ကာ နှိပ်ပေးပါ။ နေ့စဉ် ပုံမှန်လုပ်ဆောင်ရင် ရင်ဘတ်အရေပြားကို နူးညံ့စိုပြည်စေမှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-60022
(၇) နေကာခရင်မ်လိမ်းပါ

နေပူထဲထွက်ရင် ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီက အရေပြားကို ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ ဒီနည်းနဲ့ ထိလွယ်ခိုက်လွယ်တဲ့ ရင်ဘတ်အရေပြားကို ထိခိုက်စေနိုင်ကာ အရေးကြောင်းထင်တတ်ပါတယ်။ ဒါကို ကာကွယ်နိုင်ဖို့ နေရောင်ကာနိုင်စွမ်း SPF အဆ ၃၀ ထက်ပိုပါတဲ့ နေကာခရင်မ်ကို လိမ်းပေးပါ။

Most Popular

Healthy Life Ad
To Top