Healthy Life Ad
News

ရန်ကုန်မြို ့နေ ပြည်သူလူထုများ ကိုဗစ်လက္ခဏာခံစားရပါက စမ်းသပ်စစ်ဆေးနိုင်ရန် သုဝဏ္ဏအားကစားကွင်းအတွင်း Testing center တစ်ခု စတင်ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ရန်ကုန်မြို ့နေ ပြည်သူလူထုများ ဖျားနာခြင်း၊ အနံ့ပျောက်ခြင်း စသော COVID 19 ရောဂါလက္ခဏာ တစုံတရာခံစားရပါက လာရောက်ပြသ၍ COVID-19 Rapid Diagnostic Test (RDT) ဖြင့် စမ်းသပ်စစ်ဆေးပေးနိုင်ရန်အတွက် သုဝဏ္ဏအားကစားကွင်းအတွင်း Testing center တစ်ခု စတင်ထူထောင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ testing center သို့ လာရောက်ပြသရန်အတွက် ဖုန်း(သို့မဟုတ်) online ဖြင့် မှတ်ပုံတင်ခြင်းလုပ်ဆောင်ကာ လူနာနံပါတ်တစ်ခု ကြိုတင်ရယူထားရမည်ဖြစ်ပြီး လူနာ၏အခြေအနေပေါ်မူတည်၍ လာရောက်ပြသရမည့် နေ့ရက်နှင့် အချိန်ကို တစ်ပါတည်း သတ်မှတ်ပေးထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

လူနာများအနေဖြင့် လာရောက်ပြသချိန်တွင် RDT စစ်ဆေးရန် လိုအပ်သူဟု ယူဆရပါက ချက်ချင်းစစ်ဆေးကာ ဓါတ်ခွဲအဖြေပေါ်မူတည်၍ ဆက်လက်ကုသခြင်း၊ quarantine ထားရှိခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းအတွက် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်များအသင်းနှင့် ပုဂ္ဂလိကဆေးရုံများမှ စေတနာ့ဝန်ထမ်း ကျန်းမာရေးပညာရှင်များအပါအဝင် လည်ပတ်နေဆဲဖြစ်သော အခြား quarantine center များမှ စေတနာ့ဝန်ထမ်းများ စုစုပေါင်းအင်အား (၄၀) ဦးခန့်က ဝင်ရောက်လုပ်အားပေးသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၁

Most Popular

Healthy Life Ad
To Top