Healthy Life Ad
News

ဖျားနာကုဆေးခန်းများတွင် လာပြသူတို့အနက် အနံ့ပျောက်ခြင်းအပြင် အတွေ့ရများသည့် ကိုဗစ်သံသယလက္ခဏာများ

———၊ ဟန်တိုးစံ ၊———

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ဖျားနာကုဆေးခန်း (Fever Clinic) များတွင် ကိုဗစ်သံသယလူနာများစွာ ပြသလျက်ရှိရာ အတွေ့ရများသော ကိုဗစ်လက္ခဏာများအကြောင်းကို Healthy Life မီဒီယာစာ ဖတ်ပရိသတ်များ ဗဟုသုတရှိစေရန် ရည်ရွယ်ပြီး Community Fever Clinic – Yangon Network တာဝန်ခံဆရာဝန် ဒေါက်တာကျော်မင်းထွန်းအား မေးမြန်းဖော်ပြပေးလိုက်ပါသည်။

မေး – ဖျားနာကုဆေးခန်းတွေမှာ လာပြတဲ့ ကိုဗစ်သံသယလူနာတွေရဲ ့ အဓိကလက္ခဏာတွေက ဘာတွေပါလဲဆရာ။

ဖြေ – အဓိကကတော့ ကျွန်တော်တို့ဆီလာပြတဲ့အထဲမှာ အနံ့ပျောက်တဲ့သူတွေက အများဆုံးပါပဲ။ တချို့ကတော့ ချောင်းဆိုးတယ်၊ ဖျားတယ်၊ မောတယ်၊ ဝမ်းသွားတယ် . . .အဲ့လိုတွေရှိတယ်။ တချို့ကဆို အလိုလိုနေရင်း မောနေတာ။ နှလုံးပဲအောင့်သလိုလို လာပြလို့စစ်လိုက်ရင် အောက်ဆီဂျင်မလုံလောက်ဘူး။ ပြီးရင် Positive ကထွက်လာရော။ အမျိုးမျိုးပါပဲ။

မေး – ဘယ်လိုအခြေအနေမှာ ကိုယ့်ကိုယ်ကိုယ် ကိုဗစ်ရှိနေပြီလဲဆိုတာ သိနိုင်မလဲဆရာ။ ဘာတွေလုပ်ရမလဲ။

ဖြေ – ကိုဗစ်က ပုံစံအမျိုးမျိုးနဲ့လာနိုင်တယ်။ ခုနက ကျွန်တော်ပြောသလို ဖျားမယ်၊ ချောင်းဆိုးမယ်၊ အနံ့ပျောက်မယ်၊ ဝမ်းသွားမယ်. . . ဒါတွေဖြစ်မယ်ဆိုရင် ကျွန်တော်တို့နဲ့ဆက်သွယ်ပြီး လာပြပါ။ ကိုဗစ်က တစ်ခါတလေ လက္ခဏာကလည်း မပြဘူး။ ဘာရောဂါအခံမှမရှိဘဲ မောနေတာမျိုးဖြစ်ရင် ကိုယ့်ကိုယ်ကိုယ် သံသယရှိပါ။ ဖျားလာပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် ကိုဗစ်ရှိတယ်လို့ခံယူပြီး သီးခြားနေပါလို့ပဲ ကျွန်တော်မှာချင်ပါတယ်။

မေး – လာပြတဲ့ သံသယလူနာတွေအထဲမှာ ငွေကြေးတတ်နိုင်တဲ့သူတွေရှိသလို မတတ်နိုင်တဲ့သူတွေ ရှိပါတယ်။ သူတို့လိုလူတွေကရော အိမ်မှာ ဘယ်လိုနေထိုင်နိုင်ပါမလဲဆရာ။

ဖြေ – ဟုတ်ပါတယ်။ မရှိတဲ့လူတွေလာပြလို့ ကျွန်တော်တို့စစ်ဆေးချက်တွေအရ ဒီလူက သံသယရှိပြီဆိုရင် ဒီလူအိမ်မှာ အဆင်ပြေနိုင်လားကြည့်ပါတယ်။ တချို့ကတော့ ရပ်ကွက်ကလက်မခံတာတွေ၊ အိပ်နီးချင်းတွေက လက်မခံတဲ့လူတွေလည်း ရှိတယ်လေ။ အဲဒီလိူလူတွေကို နီးစပ်ရာဆေးရုံကို ပို့ဖို့လုပ်ပါတယ်။ ဆေးရုံက ခုတင်မလွတ်ရင် အစိုးရကစီစဉ်ပေးထားတဲ့ အနံ့ပျောက်လူနာတွေထားတဲ့ဆီကို ပို့ပါတယ်။ အနံ့ပျောက်လူနာထားတ ဲ့နေရာက လူအကန့်အသတ်ရှိတယ်။ တာမွေဆို ၁၅ ယောက် အဲ့လိုမျိုး သတ်မှတ်ထားပါတယ်။ အရေးပေါ်အခြေအနေတွေဆိုရင်တော့ အိမ်ပြန်မလွှတ်ပါဘူး။ တစ်ခါတည်း ဆေးရုံကိုပို့ပြီး စစ်ဆေးစရာရှိတာ ဆက်လုပ်ပါတယ်။

မေး – ကိုဗစ်သံသယရှိတဲ့လူနာတွေ ကိုယ့်အိမ်မှာကိုယ် ဘယ်လိုသီးခြားနေရမလဲ ဆရာ။

ဖြေ – အခန်းအလွတ်ရှိရင် တစ်ယောက်ထဲနေပါ။ တချို့အိမ်တွေက Hall Type ဆိုရင်လည်း သူ့အတွက်နေရာ အကန့်လေးထားပေးပါ။ လိုက်ကာလေးနဲ့ ကာပေးထားတာမျိုး၊ သူ့အတွက် သောက်ရေခွက်၊ ထမင်းပန်ကန်စာတာတွေကို သီးသန့်ထားပေးရမယ်။ အားရှိတဲ့အစားအသောက်တွေ စားရမယ်။ နောက်တစ်ခုက အိမ်သားတွေနဲ့ အတူတူသုံးနေရတဲ့ အိမ်သာတို့၊ ရေချိုးခန်းတို့ကိုဆိုရင် သူသွားတာနဲ့ လက်အိတ်နဲ့သွား၊ တစ်ခါတည်းသုံးခဲ့တဲ့ သွားခဲ့တဲ့နေရာတွေကို အရက်ပြန်နဲ့ဖြန်းရမယ်။ သူကိုယ်တိုင်ပဲ တစ်ခါတည်း လုပ်ခဲ့ရမှာနော်။ ထမင်းစားပြီးရင်လည်း အဲဒီလိုပဲ ပန်းကန်တစ်ခါတည်းဆေး။ ပြီးရင်သုံးသွားတဲ့နေရာကို ကိုယ်တိုင်ဆေးဖြန်းခဲ့၊ အိမ်မှာနေလဲ Mask ကို လုံးဝမချွတ်ရဘူး။ ၁၄ ရက်အပြင်မထွက်ရဘူး။ ရောဂါလက္ခဏာပြပြီး အခြေအနေဆိုးရင်တော့ ကျွန်တော်တို့နဲ့ဆက်သွယ်ပါ။

ကျေးဇူးတင်ပါတယ်ဆရာ။

Most Popular

Healthy Life Ad
To Top