Healthy Life Ad
Humour

အချိန်မီလေး . . .

ဆေးခန်းသို့ သားအဖနှစ်ယောက်လာပြရာ ဆရာဝန်က လူနာကလေးငယ်ကို ကြည့်ရှုစစ်ဆေးပြီး –

“တော်သေးတာပေါ့၊ ခင်ဗျား အချိန်မီလေးရောက်လာပေလို့”

ဆရာဝန့်စကားကြောင့် ကလေးအဖေမှာ သားဖြစ်သူအတွက် စိတ်ပူသွားကာ-

“ဟုတ်လားဆရာ . . သားကဘာဖြစ်တာလဲ၊ နောက်ကျရင် ဘာဖြစ်နိုင်လဲ”

“ဘာမှမဖြစ်ပါဘူးဗျာ၊ ခဏနေရင် ကျွန်တော့်ဆေးခန်းပိတ်တော့မှာမို့ အချိန်မီရောက်လာလို့ တော်သေးတယ်လို့ ပြောတာ”

Most Popular

Healthy Life Ad
To Top