Healthy Life Ad
Health Tips

အသက် ၉၄ နှစ်အရွယ် အဘွား၏ ကျန်းမာသက်ရှည်ရခြင်း လျှို့ဝှက်ချက်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ရန်ကုန်မြို ့၊ လှိုင်မြို ့နယ်တွင် နေထိုင်သည့် အဘွားဒေါ်ခင်မေချောသည် ယခု အသက် ၉၄ နှစ်အရွယ်အထိ ကြီးကြီးမားမား ဆေးကုသစရာမလိုဘဲ ကျန်းမာသက်ရှည်လျက်ရှိကြောင်း သိရသည်။

“အဘွားက ၁၂၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ အဘွားတို့ရဲ့ မိဘတွေက ဈေးရောင်းတယ်၊ အိမ်မှာဈေးဆိုင်ဖွင့်ထားတာ၊ ဟိုတုန်းက နားတောင်း၊ ပုတီး၊ ဆွဲကြိုး၊ ကွမ်းသီး၊ ထုံး စသဖြင့် ရောင်းတယ်။ အဲဒီအရွယ်တုန်းကတော့ အဘွားတို့က ကျောင်းတက်တယ်။ အဘွား ၆ တန်းဖြေပြီးတော့ လေယာဉ်ပျံနဲ့ အင်္ဂလိပ်တွေ ဗုံးလာချတော့ ကျောင်းကပိတ်သွားတယ်။ အဲဒီမှာ ၇ တန်းဆက်တက်လို့ မရဘူး။ အဘွားတို့အိမ်မှာ မိန်းကလေးရှစ်ယောက်၊ ယောကျာ်းလေးနှစ်ယောက်ဆိုတော့ မနက်မနက်ဆို အမေက မုန့်ဟင်းခါးချက်ကျွေးတယ်၊ တစ်ခါတလေ မုန့်လက်ဆောင်းလုပ်ကျွေးတယ်။ အမေကပဲ အိမ်မှာလုပ်ကျွေးတာကို စားခဲ့တာ”ဟု အဘွားဒေါ်ခင်မေချောက ငယ်ဘဝဖြတ်သန်းမှု အတွေ့အကြုံကို ပြောပြခဲ့သည်။

အဘွားဒေါ်ခင်မေချောသည် အသက် ၁၉ နှစ်အရွယ်တွင် အိမ်ထောင်ကျခဲ့ပြီး အဘိုးဦးအုန်းခိုင်နှင့်အတူ သာယာပျော်ရွင်သည့် အိမ်ထောင်ရေးကို ပိုင်ဆိုင်ခဲ့ကာ သားသမီးနှစ်ယောက် ထွန်းကားခဲ့ကြောင်း သိရသည်။

“အဘွားတို့တုန်းက ငါးရံ ့၊ငါးခူ စတဲ့ငါးတွေပဲ အဓိကစားခဲ့တာ။ အခုခေတ်ကျတော့ အစားအသောက်တွေက ထွင်တယ်၊ အဲဒီလိုအစားအသောက်တွေကို သတိထားသင့်တယ်လို့ထင်တယ်။ နောက်တစ်ခုက အဘွားက သည်းညည်းခံတယ်။ ဒေါသသိပ်မထွက်ဘူး” . . .

“အဘွားနဲ့အဘိုးက အစိုးရဝန်ထမ်းတွေပါ။ သူဆုံးတာ ၁၁ နှစ်ရှိသွားပါပြီ။ အဘိုးနဲ့အဘွားက အသက်တူတူပဲ။ အိမ်ထောင်ရေးက သာယာခဲ့ပါတယ်။အဘွားက သွေးတိုးရှိတဲ့အတွက် မနက်တိုင်း လေ့ကျင့်ခန်းလုပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးရင် ရေချိုးတယ်။ အဘွားက ဝမ်းမချုပ်ဘဲ ဝမ်းမှန်မှန်သွားအောင် ရုပ်ပျိုဆေးသောက်ပါတယ်၊ ငါးကြီးဆီသောက်ပါတယ်။ ငှက်ပျောသီးစားပါတယ်။ မနက်ဆို အဘွားက ဆွမ်းတော်တင်ဖို့၊ ဆွမ်းလောင်းဖို့မှီအောင် မနက်ဆို လေးနာရီ အိပ်ရာထပါတယ်။ အခုမီးတွေကလည်း ခဏခဏပျက်တော့ တစ်အိမ်လုံးစားဖို့ပါ ထမင်းချက်ထားလိုက်တယ်။ ဟင်းကိုတော့ အရင်တုန်းကလောက်တော့ မချက်နိုင်တော့ဘူး။ လမ်းကြာကြာလျှောက်ရင် ခါးနည်းနည်းနာလို့ ဈေးတော့မသွားတော့ဘူး”ဟု အဘွားဒေါ်ခင်မေချောက ထမင်း၊ ဟင်းချက်နိုင်နေဆဲဖြစ်ကြောင်း ပြောပြခဲ့သည်။

alignnone size-medium wp-image-59271

“အဘွားက တစ်နေ့လုံး တရားဖွင့်ပြီး တရားနာနေတာ။ မနက်ဘက် ကွေကာအုတ်၊ မုန့်၊ ဆွမ်းဟင်း၊ ဆွမ်းထမင်းနဲ့ ဆွမ်းတော်ကပ်ပြီး ၁၁ နာရီမှာ အဘွားထမင်းစားတယ်။ ထမင်းကိုတော့ အဘွားက နည်းနည်းပဲ စားနိုင်တယ်။ ကွေကာအုတ်သောက်တယ်၊ မုန့်လေးတစ်ခုလောက် စားတယ်။ အဘွားက တစ်နေ့နှစ်ကြိမ် ဘုရားရှိခိုးတယ်၊ ကြားထဲမှာ မေတ္တာသုတ်ရွတ်တယ်။ အဘွားက အိမ်မှာ ဆေးကြောစရာရှိတာတွေ အကုန်ဆေးတယ်။ အိမ်သန့်ရှင်းရေးလုပ်တယ်။ နေ့လယ်တစ်ရေးတော့ အိပ်လိုက်တယ်” အဘွားဒေါ်ခင်မေချောသည် ကိုရီးယားဇာတ်လမ်းတွဲကို ကြိုက်နှစ်သက်သူဖြစ်ပြီး ညနေဆိုလျှင် ကိုရီးယားဇာတ်လမ်းကို အချိန်ခဏတာ ကြည့်လေ့ရှိကြောင်း သိရသည်။

“အဘွားကတော့ ထူးထူးခြားခြား ၉၀ ကျော်အထိ အသက်ရှည်တယ်။ ဘာလို့ ဒီလောက်အသက်ရှည်သလဲဆိုတော့ အဘွားက အလှူအတန်းတွေ အများကြီး ပြုလုပ်ပါတယ်။ အဘိုးပင်စင်လစာကော အဘွားပင်စင်လစာကောရတော့ ရသမျှလှူပါတယ်။”

“အဘွားက အပြင်စာတော့ မစားဘူး။ ပဲ၊ ကြက်သား၊ ငါးတွေကို အဓိက စားဖြစ်တယ်။ ချဉ်ပေါင်ဟင်း၊ သရက်သီး၊ မရမ်းသီးစသဖြင့် အချဉ်တွေကြိုက်တယ်၊ စားလည်းစားဖြစ်တယ်။ အသီးအရွက်တွေ ကြိုက်တယ်” အဘွားဒေါ်ခင်မေချောသည် စက်မှု(၁) တွင် အစိုးရဝန်ထမ်းအဖြစ် အသက် ၃၀ အရွယ်က စတင်လုပ်ကိုင်ခဲ့ပြီး သက်ပြည့်ပင်စင်ယူသည်အထိ တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

alignnone size-medium wp-image-59272

“အဘွားက ငယ်ငယ်ကတည်းက ကျန်းမာတယ်။ အသက် ၃၀ လောက်က ခြေထောက်မကောင်းလို့ လုပ်သားဆေးရုံတက်ခဲ့ရတာတော့ ရှိတယ်။ ခွဲစိတ်ရတာတော့ မရှိခဲ့ဘူး။ နောက်ပိုင်းတော့ ဘာမှမဖြစ်တော့ဘူး”ဟု အဘွားက သူ့ကျန်းမာရေးအခြေအနေကို ပြောပြခဲ့သည်။

မြေး ၅ ယောက်၊ မြစ် ၅ ယောက်တို့၏ အဘွားဖြစ်သူ အဘွားဒေါ်ခင်မေချောသည် သမီးဖြစ်သူမိသားစုနှင့်အတူ ကျန်းမာစွာ နေထိုင်လျက်ရှိပြီး ကုသိုလ်ရေးများကို တိုး၍လုပ်ဆောင်နေကြောင်း သိရသည်။

“အဘွားမိဘတွေက အသက် ၇၀ ကျော်အရွယ်တွေအထိ နေခဲ့ရတယ်။ အဘွားကတော့ ထူးထူးခြားခြား ၉၀ ကျော်အထိ အသက်ရှည်တယ်။ ဘာလို့ ဒီလောက်အသက်ရှည်သလဲဆိုတော့ အဘွားက အလှူအတန်းတွေ အများကြီး ပြုလုပ်ပါတယ်။ အဘိုးပင်စင်လစာကော အဘွားပင်စင်လစာကောရတော့ ရသမျှလှူပါတယ်။ ဘုရားအတွက် လှူတယ်၊ တရားပွဲလုပ်ရင် လှူတယ်၊ ဓမ္မာရုံအမိုးအတွက်လည်း လှူတယ်။ နိုင်ငံတော်က အသက် ၈၀ ကျော်ဆိုရင် ထောက်ပံ့ငွေပေးတော့ အဲဒါရတာနဲ့ လှူလိုက်တယ်။ အဘွားက သီလယူတယ်။ သားသမီးမြေးတွေကလည်း အဘွားမသေခင် အဘွားလက်နဲ့ လှူမှကုသိုလ်ရမှာ၊ ဒါကြောင့် အဘွားလှူပါဆိုပြီး တိုက်တွန်းတယ်၊ ဒါကြောင့် အဘွားက ပိုလှူဖြစ်သွားတယ်”

ယခုအချိန်အထိ မြေးများအပြင် မြစ်လေးများကိုပါ ထိန်းနိုင်တုန်းဖြစ်သည့် အဘွားဒေါ်ခင်မေချောက အခြားသူများ သက်ရှည်ကျန်းမာစေရန်နှင့် အနာရောဂါကင်းရှင်းစေရန် သူ့အတွေ့အကြုံမှတစ်ဆင့် မျှဝေပေးလိုက်ပါသည်။

“အဘွားတို့တုန်းက ငါးရံ့၊ ငါးခူစတဲ့ ငါးတွေပဲ အဓိကစားခဲ့တာ။ အခုခေတ်ကျတော့ အစားအသောက်တွေက ထွင်တယ်၊ အဲဒီလိုအစားအသောက်တွေကို သတိထားသင့်တယ်လို့ ထင်တယ်။ နောက်တစ်ခုက အဘွားက သည်းညည်းခံတယ်။ ဒေါသသိပ်မထွက်ဘူး။ ဒီခေတ်လူငယ်တွေကိုလည်း အဲဒီလို သည်းခံပြီး အလှူအတန်းလုပ်ဖို့ ပြောချင်ပါတယ်” ဟု အဘွားက အကြံပြုစကား ပြောကြားလိုက်ပါသည်။

Most Popular

Healthy Life Ad
To Top